Weekly Eleven (No-7,Vol-3 ,28/11/2007)
ကမ္ဘာတစ်ဝန်း အိတ်ချအိုင်ဗွီ၊ အိတ်ခ်ျရှိသူ ၃၃
သန်းခန့် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ယမန်နှစ်က သန်း ၄၀ ခန့် ရှိမည်ဟုခန်
့မှန်း ထားခဲ့သော်လည်း ယင်းခန့် မှန်းမှုမှာပိုနေခဲ့ခြင်းဖြစ်ကြောင်း လည်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယ၊ အန်ကိုလာ၊ ကင်ညာ၊ မိုဇမ်ဘစ်၊
နိုင်ဂျီးရီးယား၊ ဇင်ဘာဘွေ နိုင်ငံများနှင့် ပတ်သက်၍ ဝေဒနာရှင်ဦးရေကို ခန်
့မှန်းရာတွင် ပိုသွားခဲ့ခြင်း ဖြစ်သည်။ နေ့ စဉ်အိတ်ခ်ျအိုင်ဗွီ ပိုးကူစက်ခံရသူ
၆၈၀၀ ခန့် တိုးပွားနေပြီး နေ့ စဉ် ၅၇၀၀ ခန့် သေဆုံးနေဆဲ ဖြစ်သော်လည်း
ယခင်နှစ်များထက်စာလျှင် ရောဂါပိုးကူး စက်မှုနှင့် သေဆုံးမှုနှုန်းမှာမူ
လျော့ကျလာခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ လက်အောက်ရှိ UNAIDS အဖွဲ့ မှ အမှုဆောင် ညွှန်ကြားရေးမှူး
ဒေါက်တာ ပီရာပီရော့က “ပြန်လည်ပြင်ဆင်ထားတဲ့ အချက်အလက် တွေက အေ့ခ်ျ ရောဂါပျံ့ နှံ
့မှု အခြေအနေကိုရှင်းလင်းသွား စေခဲ့ပါတယ်၊ မေးခွန်းထုတ်စရာ မလိုတာကတော့ အေ့ခ်ျ ရောဂါပျံ့ ပွားမှု သိသိသာသာ လျော့ကျစေဖို့  ကျွန်တော်တို့ ပိုအားထုတ်ရမယ် ဆိုတာ ပါဘဲ”
ဟုပြောကြားခဲ့သည်။
အာဖရိကသည် ရောဂါဖြစ်ပွားမှုနှုန်း
အမြင့်ဆုံးဒေသအဖြစ် တည်ရှိနေဆဲဖြစ်ပြီး အာရှဒေသအချို့ တွင် ကူးစက်မှုနှုန်း အမြန်ဆုံးဖြစ်လာခဲ့သည်။
အာဖရိကကုန်းတွင်းပိုင်းမှာ တစ်နှစ်လျှင် ၁ ဒသမ၇ သန်းခန့် တိုးပွား လျှက်ရှိသည်။
အာရှတိုက်တွင် ရောဂါပိုးရှိသူ ၄ ဒသမ ၉ သန်းခန်
့ရှိပြီး ဗီယက်နမ်မှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ရောဂါပိုးရှိသူ
နှစ်ဆတိုးပွားလာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် လူ ၂ ဒသမ ၅ သန်းတွင် ရောဂါပိုးတွေ
့ရှိခဲ့သည်။ ၁၉၀၀ ပြည့်နှစ်များက တစ်နှစ်လျှင် လူသုံးသန်းခန့် ရောဂါပိုးကူးစက်
ခဲ့သည်နှင့် နှိုင်းစာပါက လျော့နည်းသွားခဲ့သည်။ အေ့ခ်ျ ရောဂါဖြင့် သေဆုံးရသူမှာလည်း
တစ်နှစ်လျှင် ၂ ဒသမ ၁ သန်းသို့ လျှော့ကျ သွားခဲ့သည်။
Ref: BBC,AFP




