ရန်ကုန်တိုင်း၊
ကျန်းမာရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းများ၊
မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းခွဲ (ဒလ)တို့မှ ပူးပေါင်း၍ ဒလမြို့နယ် ရှိ
နာတာရှည်ရောဂါ ဝေဒနာရှင်များအား ပြည်သူလူထု အခြေပြု အိမ်တိုင်ယာရောက် ကျန်းမာရေး စောင့်ရှောက်မှု
လုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီခွဲက ဒလမြို့နယ် ပြည်သူ့ဆေးရုံ
သံဃာဆောင်၌ ကျင်းပပြုလုပ်ပါတယ်။ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက အဖွင့်အမှာစကား ပြောကြားကာ ဒေါက်တာ ခင်ဥမ္မာစံ (ဒု-ညွှန်မှူး) က
ခုခံအားကျ ဆင်းမှု ကူးစက်ရောဂါ၊ ၊ ကာလသားရောဂါ အကြောင်းကို လည်းကောင်း၊ ဒေါက်တာ တင်မိမိခိုင်
(အထူးကုဆရာဝန်ကြီး) က တီဘီရောဂါ အကြောင်းကို လည်းကောင်း၊ ဒေါက်တာသန်းဝင်းက အနာ ကြီးရောဂါ
အကြောင်းကို လည်းကောင်း အသီးသီး ဟောပြောကြပါတယ်။ အဆိုပါ အခမ်း အနားသို့ ဒုတိယတိုင်း
ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ခရိုင်/မြို့နယ် မိခင်ကလေး စောင့်ရှောက်ရေး အသင်းသူ
များ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ကြပါတယ်။ ယင်းနောက် နာတာရှည်
ရောဂါသည်များထံ ဆေးဝါးနှင့် အာဟာရ အသုံးအဆောင် ပစ္စည်းများ၊ ပညာပေးစာအုပ်များ၊ လက် ကမ်းစာစောင်များကို
အိမ်တိုင်ယာရောက် သွားရောက်ပေးအပ်ပါတယ်။ အေအိုင်ဒီအက်စ်ရောဂါရှင် များဟာ တစ်ကမ္ဘာလုံးတွင်
(၃၃)သန်းကျော် ရှိကြောင်း သိရပါတယ်။
စိန်မျက်ခုံး
လျှပ်တစ်ပြက်ဂျာနယ် - ကမ္ဘာတွင် အေအိုင်ဒီအက်စ် ရောဂါရှင် (၃၃)သန်းကျော် ရှိပြီ




