တီဘီရောဂါသည်
ဆင်းရဲသားများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး အိန္ဒိယကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွင်
အများ အပြားတွေ့ရှိရကာ ကမ္ဘာပေါ်ရှိ တီဘီရောဂါဖြစ်ပွားသူဦးရေ ၂၀ရာခိုင်နှုန်းမှာ ယင်းနိုင်ငံမှဖြစ်ပြီး
သေဆုံးမှုမြင့် တက်လျက်ရှိကြောင်း WHO က ထုတ်ပြန်ခဲ့သည်။
အရှေ့တောင်အာရှဒေသတွင်
၂၀၀၉ခုနှစ်မတိုင်မီ တီဘီရောဂါဖြစ်ပွားမှု ထက်ဝက်ခန့်နှင့် ယင်းရောဂါ ကြောင့်သေဆုံးမှုနှုန်း
သုံးပုံတစ်ပုံအထိ လျော့ချနိုင်ခဲ့သော်လည်း ယင်းရောဂါကို ထိန်းချုပ်နိုင်ရန် အတွက် လူမှုရေး၊
စီးပွားရေးအစီအစဉ်တစ်ခု လုပ်ဆောင်ရန်လိုအပ်နေသေးကြောင်း WHO ၏ အရှေ့တောင်အာရှဆိုင်ရာ
ဒါရိုက်တာ ဆမ်လီပလန်ဘန်ချန်က ပြောကြားခဲ့သည်။
WHO
၏ ဒေသဆိုင်ရာအစီရင်ခံစာအရ တီဘီရောဂါဖြစ်ပွား နေသူများ၏ လေးရာခိုင်နှုန်းတွင် အိတ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ခံထားရကြောင်း၊ ၂၀၀၉
ခုနှစ်တွင် အရှေ့တောင်အာရှဒေသအတွင်း မှတ်ပုံတင်ထားသည့် တီဘီရောဂါသည် ၂ဒသမ၂သန်းခန့်
ရှိကြောင်းသိရပြီး ၁၀နှစ်အတွင်း တီဘီရောဂါသည် ၁၅ သန်းနီးပါးခန့်ကို ကုသပေးနိုင်ခဲ့ကြောင်း
သိရသည်။
FIRST
11 - ကမ္ဘာပေါ်ရှိ တီဘီရောဂါဖြစ်ပွားသူဦးရေ ၂၀ ရာခိုင်နှုန်းမှာ အိန္ဒိယမှဖြစ်ကြောင်း
WHO ပြောကြား




