25
Mar

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ ပြန်ဝင်လာ သော်လည်း ရောဂါသုံးမျိုး ရန်ပုံငွေအဖွဲ့ ဆက်ရှိနေမည်



ကမ္ဘာ့ရန်ပုံငွေအဖွဲ့
(Global Fund) မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသော်လည်း ရောဂါသုံးမျိုးရန်ပုံငွေ
အဖွဲ့ (3DFund) အနေဖြင့် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌ မစ္စတာဖိလစ်အယ်လန်က
မတ်လပထမပတ်က ပြောကြားသည်။

ရောဂါသုံးမျိုးရန်ပုံငွေအဖွဲ့သည်
မြန်မာနိုင်ငံတွင် ရောဂါကြီးသုံးမျိုးဖြစ်သည့် အိတ်ခ်ျအိုင်ဗီ၊ ငှက်ဖျား၊ တီဘီ ရောဂါများ
တိုက်ဖျက်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၁ သန်း ခွင့်ပြုထားသည့် အဖွဲ့အစည်းဖြစ်သည်။

"ရန်ပုံငွေ
အဖွဲ့အစည်းနှစ်ခုစလုံးက အတူတကွ အလုပ်လုပ်နိုင်မယ့် နည်းလမ်းကို ကျွန်တော်တို့ ရှာလို့ရပါတယ်။
ကျွန်တော်တို့ Global Fund က ဘယ်နေရာတွေမှာ ရန်ပုံငွေပေးမယ်ဆိုတာ စဉ်းစားဖို့အချိန်
လိုပါတယ်။ ရန်ပုံငွေ အဖွဲ့အစည်း နှစ်ခုစလုံးက တစ်ခုတည်းကိုပဲ ရန်ပုံငွေပေးတာကို ကျွန်တော်တို့
မလိုလားပါဘူး"ဟု ၎င်းက ပြောသည်။

ရောဂါသုံးမျိုးတိုက်ဖျက်ရေး
ရန်ပုံငွေသည် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံတွင် လုပ်ငန်းများအဖွဲ့ ရပ်ဆိုင်းလိုက်ပြီးနောက်
တစ်နှစ် အကြာ ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့သည်။

မစ္စတာ
ဖိလစ်အယ်လန်က ရန်ပုံငွေ ရရှိနိုင်မှု၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပထ၀ီအနေအထား တို့သည်
အဖွဲ့အတွက် အဓိကစိန်ခေါ်မူ များဖြစ်ကြောင်း ပြောကြားသည်။

ကျန်းမာရေးစီမံကိန်းများ
လုပ်ကိုင်နိုင်ရန် သူနာပြုများ၊ ဆရာဝန်များ၊ ဆေးဝါးများနှင့် ပို့ဆောင်ဆက်သွယ်ရေး ကောင်းမွန်မှုသည်လည်း
အရေးကြီးကြောင်း ၎င်းက ပြောသည်။

UN
AIDS ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါ ခံစားရသူပေါင်း ၂၄၀,၀၀၀
ခန့်ရှိပြီး အသက် ၁၅ နှစ်မှ ၄၉ အတွင်း အများဆုံးတွေ့ရသည်။

မစ္စတာ
ဖိလစ်အယ်လန်က အေအိုင်ဒီအက်စ်ရောဂါသည် နယ်စပ်ဒေသတွင် အဖြစ်များကြောင်းနှင့် အဖွဲ့၏ ရန်ပုံငွေ
၆၀ ရာခိုင်နှုန်းကို အေအိုင်ဒီအက်စ် ရောဂါအတွက် အသုံးပြုပြီး တီဘီနှင့် ငှက်ဖျားရောဂါတို့တွင်
၂၀ ရာခိုင်နှုန်းစီ အညီအမျှ ခွဲဝေသုံးစွဲကြောင်း ပြောကြားသည်။

 

မြန်မာတိုင်းမ်
- အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၈)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top