23
Mar

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ မြန်မာနိုင်ငံလှုပ်ရှားမှုများ

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီရောဂါနှင့်
ပတ်သက်၍ ခွဲခြားဆက်ဆံခြင်းကို
ဆန်ကျင်ပြောဆို

၂၀၀၇ ခုနှစ် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အတွက် မြန်မာနိုင်ငံမဟာမိတ်များအဖွဲ၏ အမှာစကားမှာ ပြည်သူများ အထူးသဖြင့် အိပ်ခ်ျအိုင်ဗွီရှိနေသောသူများသည် အိပ်ခ်ျအိုင်ဗွီရောဂါနှင့် ပတ်သက်၍ ခွဲခြားဆက်ဆံခံရမှုများ အား ရပ်တန့်ပေးရေး တောင်းဆိုရန် လိုအပ်သည်ဟူသော အမှာစကားဖြစ်ခဲ့သည်။ တရားဝင်ခန့်မှန်းချက် များအရ လူဦးရေ၏ ၁ ဒဿမ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗွီဝေဒနာ စွဲကပ်နေသည်ဟု ခန့်မှန်း ထားသော်လည်း မြန်မာ့လူ့အဖွဲ့အစည်းသည် ရှေးရိုးစွဲ လူ့အဖွဲ့အစည်းတခု အဖြစ် ဆက်လက်ရှိနေ သေးသည်။ 
လူမှုရေးအမည်းစက်နှင့် ခွဲခြားဆက်ဆံမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေသော အိပ်ခ်ျအိုင်ဗွီအကြောင်းကို လူအတော်များများက ဆွေးနွေးရနှ်ုတ်လေးနေကြသည်။

မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗွီနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးသော အဖွဲ့အစည်းတခုမှာ မြန်မာနိုင်ငံ မဟာမိတ်များအဖွဲ့၏
ပါတနာအဖွဲ့များအနက်မှ
တဖွဲ့ဖြစ်သော Myanmar Positive Group (မြန်မာနိုင်ငံ ဝေဒနာရှင်များအဖွဲ့)
ဖြစ်သည်။
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် စံနမူနာပြု၍ဦးဆောင်သွားရန် မြန်မာနိုင်ငံမှ အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်
ဦးဆောင်သူများအကြောင်း
အနုပညာပြပွဲတခုဆီသို့ လူထုအားဖိတ်ကြားရန် Myanmar Positive Group (မြန်မာနိုင်ငံဝေဒနာရှင်များအဖွဲ့)က ဆုံးဖြတ်ချက်ချခဲ့သည်။ ယင်းပြပွဲသည် အိပ်ခ်ျအိုင်ဗွီ အရေးဆောင်ရွက်ရာတွင် ပါဝင်လိုသူတိုင်းသည် မလုပ်နိုင်သည်မရှိ အားလုံး လုပ်ကိုင်နိုင်ပြီး ဦးဆောင်ရန်သာ (Take the
lead) လိုအပ်သည်ဟူသော
၂၀၀၇ ခုနှစ် နိုင်ငံတကာကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့၏
ဆောင်ပုဒ်ကို ပြသရန်အတွက်
ရည်ရွယ်ထားခြင်းဖြစ်သည်။

ငါးရက်ကြာ ယင်းပြပွဲက မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗွှီုပ်ရှားမှုကို ဦးဆောင်ပါဝင်နေကြပြီး၊ ကမ္ဘာလုံးဆိုင်ရာ ဆက်စပ်နိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်ခဲ့ကြသော၊ လူမှုရေးအမည်းစက်များနှင့် ခွဲခြား ဆက်ဆံမများကို စိန်ခေါ်ရဲသော သတ္တိရှင် ဝေဒနာရှင်ပြည်သူများ၏
ရုပ်ပုံကားချပ်များကို
သရုပ်ဖေါ် ပြသခဲ့သည်။ သရုပ်ဖေါ်ထားသော တဦးချင်းစီ၏
ခံစားချက်၊
အလုပ်နှင့်တဦးချင်းဆိုင်ရာ သံဓိဌာန်များကို ပြသခဲ့သည့်အပြင် အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်များကိုယ်တိုင် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းများနှင့် လုပ်ငန်း အစီအစဉ်များ ရေးဆွဲရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှု၏ အရေးပါမကိုပါ ယင်းပြပွဲက သရုပ်ဖေါ်ထားခဲ့သည်။ ဒေသခံလူထုအခြေပြု အဖွဲ့အစည်းများ၊ အန်ဂျီအိုများနှင့် ကမ္ဘာ့ကုလသမဂ္ဂ
အေဂျင်စီများမှ
ဝန်ထမ်းများ အပါအ၀င် ပြည်သူ ၄၀၀
ကျော်အကြောင်းကို
ယင်းပြပွဲတွင် သရုပ်ဖေါ်ပြသခဲ့သည်။ အိပ်ခ်ျအိုင်ဗွီ ဝေဒနာ ရှင်များ၊ ယောက်င်္ကျားအချင်းချင်း လိင်တူဆက်ဆံသူများနှင့် လိင်လုပ်ငန်းဆောင်ရွက်သူများနှင့် မူးယစ် ဆေးဝါးသုံစွဲများကိုပါ ထည့်သွင်း သရုပ်ဖေါ်ပြသခဲ့သည်။

+++++++++++++++++++++++++++++

လှုံ့ဆော်ပွဲများနှင့် ထောက်ခံမှုများ

အိပ်ခ်ျအိုင်ဗွီရောဂါ ကာကွယ်တားဆီးရေး၊ စောင့်ရှောက်ရေးနှင့် ကုသရေးတို့အား ကမ္ဘာလုံးဆိုင်ရာ ဆက်စပ် နိုင်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များအား င်းတို့၏ ကတိက၀တ်များကို ထိန်းသိမ်းကြရန် တောင်းဆိုသော ကမ္ဘာ့အ၀ှမ်း
ကတိပြုရေးလံ
ှု့ဆော်ပွဲကို မြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ်အဖြစ် Myanmar Positive Group (မြန်မာနိုင်ငံဝေဒနာရှင်များအဖွဲ) က စီစဉ်စည်းရုံး ပါဝင်ခဲ့သည်။ အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်များ အပါအ၀င် လူပေါင်း ၂၂၆ သည် မဟာမိတ်များအဖွဲ့မှ တဆင့်ပေးပို့ခဲ့သော ကတိက၀တ်ပြု လက်မှတ်ထိုးခြင်းနှင့် ဦးဆောင်ခြင်းဟူသော ပိုစတာတွင် င်းတို့၏ ဓါတ်ပုံများကို ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။

Myanmar Positive Group (မြန်မာနိုင်ငံဝေဒနာရှင်များအဖွဲ့)သည် ဆေးရုံတွင် ဆေးကုသ စောင့်ရှောက် မှုခံယူနေသော ဝေဒနာရှင်များထံသို့လည်း သွားရောက်လည်ပတ်ခြင်းဖြင့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အား ကဗျည်းထိုး မှတ်တမ်းတင်ခဲ့သည်။
ရန်ကုန်မြို့တွင်
ဆေးရုံနှစ်ရုံသို့ အဖွဲ့ဝင်များက သွားရောက်လည်ပတ်ကာ ဆေးရုံတက်နေသော လူ ၂၀၀ နီးပါးအား င်းတို့အလှူခံထားသည့် အစားအစာများနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများပေးကမ်းခဲ့သည်။ အလည်အပတ်ခရီးစဉ်၏
ရည်ရွယ်ချက်မှာ
ဆေးရုံတက်နေသောသူများအား စိတ်ပိုင်းဆိုင်ရာအရအားပေးရန်နှင့် အချို့သူများက ၄င်းတို့၏ကိုယ်တွေ့ မည်ကဲ့သို့ ပြန်လည်နာလန်ထူလာ နိုင်သည် ဟူသော အတွေ့အကြုံများ ပြောပြခြင်းဖြင့် ဆေးရုံတက်နေသူများကို အားမလျော့ အရှုံးမပေးကြရေး အားပေးရန်ဖြစ်သည်။

+++++++++++++++++++++++++++++

 

Myanmar Positive Group (မြန်မာနိုင်ငံဝေဒနာရှင်များအဖွဲ့)
အေ
ကြာင်း

Myanmar Positive Group (မြန်မာနိုင်ငံဝေဒနာရှင်များအဖွဲ)သည် အိပ်ခ်ျအိုင်ဗွီဝေဒနာစွဲကပ်နေသူများဖြင့် ဖွဲ့စည်းထားသော ကွန်ယက်တခု ဖြစ်သည်။ ယင်းအဖွဲ့အား မဟာမိတ်များအဖွဲ့နှင့် ယူအန်ဒီပီတို့၏
နည်းပညာ ဆိုင်ရာ
အထောက်အပံ့များနှင့်အတူ
GIPA (အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်များ များစွာပါဝင်လာရေး)
ကနဦးလုပ်ငန်းစီမံချက်အဖွဲ
့၏ တစိတ်တဒေသအဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Myanmar Positive Group (မြန်မာနိုင်ငံဝေဒနာရှင်များအဖွဲ)၏ အဓိကရည်မှန်းချက်များမှာ

ဘာသာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သော စည်းရုံးလှုံ့ဆောင်ခြင်းများမှတဆင့် လူမှုရေးအမည်းစက်နှင့် ခွဲခြားဆက်ဆံခြင်းအား လျော့ပါးစေရေး၊

    အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်များအတွက် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် ကိုယ်စားပြုမှု ရရှိစေရေးနှင့်

        အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်များ၏
စွမ်းဆောင်ရည်များ
မြှင့်တင်ရေး တို့ ဖြစ်သည်။

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ လုပ်ငန်းစီမံချက်များအပြင် Myanmar Positive Group (မြန်မာနိုင်ငံဝေဒနာရှင်များ အဖွဲ့)သည် ဝေဒနာကာကွယ်ခြင်း၊ အားပေးနှစ်သိမ့်ခြင်း၊ အခြားရောဂါများကူးစက်ခံရနိုင်ခြင်း အကြောင်းများ၊ Antiretroviral ကုသမများနှင့် အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်သင်တန်းဆရာများအတွက် ဆရာဖြစ်သင်တန်းစသည့် အကြောင်းအရာများပါဝင်သော  အရည်အသွေးမြှင့်တင်ရေး သင်တန်းအစီအစဉ် ကြိမ်အား ၂၀၀၇ ခုနှစ် ကျင်းပနိုင်ခဲ့သည်။

http://www.aidsalliance.org/sw53197.asp

+++++++++++++++++++++++++++++

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top