ဗြိတိသျှဓန သဟာယ၏ တောင်ဝင် မင်းသားဖြစ်သူ ဟယ်ရီသည် ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျရောက် ခဲ့သည့် ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး နေ့က HIV ရောဂါ ပပျောက်ရေးနှင့် ပတ်သက်၍ ပြုလုပ်သည့် အစီအစဉ် တစ်ရပ်တွင် ပါဝင် အားဖြည့်ပေးခဲ့သည်ဟု ဆိုသည်။
တော်ဝင်မင်းသား တစ်ဦး အနေနှင့် သာမန် အချိန်တွင် သက်တော်စောင့် အများအပြားနှင့် နေထိုင်ရလေ့ ရှိသော်လည်း ဟယ်ရီသည် သူ၏ လျှို့ဝှက် ပရဟိ တ အစီအစဉ် ဖြစ်သည့် ”Feel No Shame” ကမ်ပိန်းနှင့် ပတ်သက်သည့် လုပ်ဆောင်ချက် များကိုမူ အားတက်သ ရော ပါဝင်ဆောင်ရွက် ခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
သူသည် အခြားသော နာမည်ကျော်များ၊ ရုပ်ရှင် မင်းသား၊ မင်းသမီးများ၊ အဆိုတော်များ၊ အိုလံပစ် ဆုရှင်များနှင့် အတူပူးပေါင်း၍ လှုပ်ရှားခဲ့မှု များကို ဗီဒီယိုရိုက်ကူး ထားခဲ့ ပြီး ဒီဇင်ဘာ ၁ ရက် နေ့ တစ်နေ့လုံး လျှို့ဝှက် ထုတ်လွှင့်သွား မည်ဟုလည်း ဆိုထားသည်။
သူ၏ ရည်ရွယ်ချက်မှာ HIV ဝေဒနာ ခံစားနေရ သူများအတွက် တတ်နိုင်သည့် ဘက်မှ ဝင်ရောက် ဆောင်ရွက်ပေး ရန်ဖြစ်ကြောင်း၊ ထို့အပြင် လူငယ် လူရွယ်များ အနေနှင့် ၄င်းတို့ ဘဝတွင် HIV ဝေဒနာ ခံစားခဲ့ ရဖူးသည် ဆိုသော စိတ် ခံစားချက် အမည်းစက်ကို ဖြေဖျောက် ပေးပြီး ပျော်ရွှင်စွာ နေထိုင် ဖြတ်သန်းနိုင်မည့် အခွင့်အရေး များကိုဆောင်ယူပေး ရန်ဖြစ်ကြောင်း ပြောကြား သွားသည်။
အဆိုပါ ပရောဂျက်ကို မင်းသား ဟယ်ရီနှင့် Sentebale အဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကာ Lesotho မင်းသားဖြစ်သူ ကိုယ်တိုင်လည်း နိုင်ငံအနှံ့အပြားသို့ လှည့်လည်ကာ HIV နှင့် ရင်ဆိုင်နေကြ ရသော ကလေးသူငယ် များ၏ ပြဿနာများကို ကိုယ်တွေ့တွေ့မြင် လာရသည့် အတွက် ပါဝင်ပူးပေါင်းဆောင် ရွက် ထားကြောင်း သိရသည်။
ဟယ်ရီနှင့် အတူ ပါဝင်ဆောင်ရွက် ကြသည့် ထိပ်တန်း စာရင်းဝင် သူများကလည်း ကမ္ဘာ့ အနှံ့အပြားရှိ HIV ဝေဒနာ ခံစားနေရ သူများအား အားပေးစကား ပြောခြင်း၊ လိုအပ်သည် များကို ရှာဖွေ ထောက်ပံ့ ပေးခြင်းဖြင့် HIV ကြောင့် ရရှိလာခဲ့သည့် အမည်းစက်နှင့် အရှက် တရားများကို ကာကွယ်ပေးရာ တွင် တိုးတက်လာရန် မျှော်လင့် ထားသည်ဟု ဆိုသည်။
ပေါ်ပြူလာ - ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့မှာ ပရဟိတ လုပ်ခဲ့တဲ့ တော်ဝင် မင်းသား ဟယ်ရီ




