အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ
့မှာ တစ်ကမ္ဘာလုံးက ရောဂါတိုက်ဖျက်ရေးနဲ့ ပတ် သက်ပြီး လှုပ်ရှားမှုတွေလုပ်
အခမ်းအနားတွေလုပ်နဲ့  အလုပ်ရှုပ်နေချိန်မှာ ရန်ကုန်မြို့ မှ အေအိုင်ဒီအက်စ်
ရှိသူများကတော့ စိတ်ဓါတ်ကျပြီး စိတ်အားငယ်နေတယ်လို့  သိရပါတယ်။
အေအိုင်ဒီအက်စ်ရှိသူ အမျိုးသမီး တစ်ဦးက “ကျမတို့ 
အေအိုင်ဒီအက်ရှိသူတွေ (ကျမတို့ အုပ်ထဲက) သူတွေသိရ သလောက် ကတော့ လှုပ်ရှားမှု ဘာမှ
မရှိဘူးရှင့်၊ ကျမတို့ မှာရှိတာကတော့ အခက်အခဲတွေပါဘဲ။ အခက်အခဲ ဆိုတာတွေကို ရှင်းပြရရင်တော့
ကျမတို့ ခုတည်းခို နေရတဲ့ မဂ္ဂင် ကျောင်းတိုက်ကြီး အပိတ်ခံရပါတယ်။ ပြီးတော့ ကျမတို
့ကို အကူအညီ ပေးနေတဲ့ မဖြူဖြူသင်း တိမ်းရှောင်နေရပါတယ်။ ဒါဟာ ကျမတို့ အတွက်တော့
ကြီးမားတဲ့ အခက်အခဲ တစ်ခုပါ” လို့ ပြောပြ သွားပါတယ်။ ယင်းဟာ နယ်ကနေ ရန်ကုန်မှာ
လာရောက်ပြီး ဆေးကုသမှု ခံယူနေသူ တစ်ဦးဖြစ်ပါတယ်။
ကမ္ဘာတစ်လွှားမှာ အေအိုင်ဒီအက် ရှိသူတွေအတွက် ကူညီမှုတွေ
ပေးနေကြောင်း၊ နွေးထွေးမှုတွေ ပေးနေသော်လည်း မိမိတို့ နိုင်ငံတွင် မည်သည့်
စီမံမှုမျှ မရှိသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း အေအိုင်ဒီအက်စ်နှင့်
နေထိုင်သူတစ်ဦးက ခုလိုပြောကြားပါတယ် “တစ်ကမ္ဘာလုံးက ဒီဝေဒနာတွေ အတွက်
ဘယ်လိုကူညီမလဲ ဘယ်လို နွေးထွေးမှုတွေ ပေးနိုင်မလဲ စီစဉ်နေကြတဲ့ အချိန်မှာ ကျတော်တို့ ဆီမှာ တော့ဘာမှ
စီမံမှုတွေ မရှိတဲ့အတွက် စိတ်မကောင်းဘူးပေါ့။ နောက်ပြီးတော့ ကူညီတဲ့လူတွေလဲ
နှောက်ယှက်တဲ့အတွက် သူတို့ မှာ ရှောင်တိမ်း နေရတဲ့အတွက် ကျတော်တို့ မှာ
အခက်အခဲဖြစ်ပါတယ်ခင်ဗျ”
ဆက်လက်ပြီး မဂ္ဂင် ကျောင်းတိုက်
အပိတ်ခံလိုက်ရခြင်းဟာ နယ်ကနေ လာရောက်ပြီး ဆေးကုသမှုခံယူ နေသူများအတွက် အခက်အခဲ
ဖြစ်စေကြောင်းနဲ့  မိမိအနေနဲ့  ကြီးမားတဲ့ ဆုံးရှူံးမှု တစ်ခုလို့ ရှူ မြင်ကြောင်း ယင်းက
ပြောကြားသွားပါတယ်။
စက်တင်ဘာ အရေးအခင်းအတွင်း မဂ္ဂင် ကျောင်းတိုက်ကို
စစ်တပ်မှ ၀င်ရောက် စီနင်းခဲ့ချိန်မှစပြီး အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်နဲ့ 
နေသူတွေဟာ စိတ်ဓါတ် ချောက်ချားမှုတွေ ရှိနေပြီး သေဆုံးသူ တစ်ချို့ တောင် ရှိတယ်လို့  ထွက်ပြေးတိမ်းရှောင် နေရတဲ့
မဖြူဖြူသင်းက ခုလိုရှင်းပြပါတယ် “ သူတို့ တော်တော် လေးကို ခံစားကြရပါတယ်၊ ဒီဆရာတော်ကို
ဖမ်းဆီးခေါ်ဆောင်သွား တဲ့အချိန်မှာပေါ့နော် သူတို့ ညဘက် အချိန် ဘုန်းကြီးကျောင်းကို
အဓမ္မ ၀င်စီးတာတွေ နောက်ဘုန်းကြီးတွေကို ရိုက်နက်သွားတာတွေ မြင်ရတဲ့အခါကျတော့ သူတို
့တော်တော်ကြီး ထိတ်လန့် သွားတယ်။ အဲ တစ်ချိန်တည်းမှာဘဲ သူတို့ ကိုလဲ ဖမ်းဆီး
ခေါ်ဆောင်ပြီးတော့ ဆေးရုံတွေဘာတွေ ပို့ လိုက်တယ်။ အဲဒီမှာ လူနာတစ်ချို
့သေဆုံးတာတောင် ရှိပါတယ်။ တချို့ တွေ ဆိုလို့ ရှိရင် ဘယ်ပြန်လို့ ပြန်ရမှန်း
ဘယ်သွားလို့ သွားရမှန်း မသိဘူး နောက်မှ သူတို့  သွားစရာရှိတာကို ရှာဖွေပြီးတော့
သွားရလာရတာရှိတယ်။ လူနာတွေ အရမ်းအခက်အခဲ ဖြစ်သွားတယ်။ ဒီ…… မဂ္ဂင်ကျောင်း ဖြစ်တဲ့
ကိစ္စနဲ့  ပတ်သက်ပြီး သူတို့ စိတ်ကော အဲ စိတ်မကောင်းလဲ တော်တော်ဖြစ်ကြတယ်။
တော်တော်လေးလဲ ခံစားကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ကဆိုရင် သူတို့  မဂ္ဂင်ကျောင်းကို
ပိတ်တဲ့အခါကျတော့ လူနာတွေသွားတယ် မိုးလင်းကနေ မိုးချုပ်ထိပေါ့နော်။
ညနေမိုးချုပ်တဲ့အထိ ဒီဘဘုန်းကြီးနဲ့  အတူတူ
သူတို့ လမ်း လယ်ကောင် မှာမတ်တတ်ရပ်နေကြရတဲ့ အတွက် တချို့ လူနာတွေဆိုရင်
ခုထိဖျားနေကြတုန်းဘဲ။ သူတို့ တွေ ကျန်းမာရေး ထိခိုက်တာပေါ့နော် ”
မဂ္ဂင် ကျောင်းတိုက်ကို စစ်အစိုးရက
ပိတ်ပစ်လိုက်ပြီးတဲ့နောက်ပိုင်း အိတ်ခ်ျအိုင်ဗွီ ၊ အေအိုင်ဒီအက်စ် ရှိနေသူတွေအနေနဲ
့ တည်းခိုစရာ အခက်အခဲ ရှိနေကြောင်းကိုတော့ ခုလိုရှင်းပြပါတယ်။ “ မဂ္ဂင်ကျောင်းမှာ ပုံမှန်တည်းခို
သူတွေအနေနဲ့ က အနည်းဆုံး ၁၀ ယောက်ကနေ ၁၅ယောက် အတွင်းရှိပါတယ် သွားတော့
အသွားအလာမပြတ်ဘူး။ ပုံမှန်ကတော့ ဒီတည်းဖို့ ခိုဖို့  နယ်ကလာတဲ့ လူနာတွေရော ဒီမှာ
ဆေးဝါးကုသမှု ခံနေတဲ့ အိတ်ခ်ျအိုင်ဗွီနဲ့ နေသူတွေရော ပုံမှန်ကတော့ ၁၀ယောက် ကနေ ၁၅
ယောက်အထိရှိနေပါတယ်။ ခုတော့ သူတို့  ခက်ခက်ခဲခဲ ပေါ့နော် အားလုံးစုပေါင်းပြီးတော့ ကျပ်ကျပ်တည်းတည်းနဲ
့နေ နေရတာပေါ့နော် တနေရာမှာ စုပြီးတော့။”
ဆက်လက်ပြီး မဂ္ဂင် ကျောင်းတိုက်ကို စစ်အစိုးရက ၀င်စီးပြီး
လူနာတွေကိစ္စ ဖြေရှင်းပေးပုံ အသေးစိတ်ကိုခုလို ရှင်းပြပါတယ်၊“ သူတို့ က အရင် ကတည်းက
ဒီမဂ္ဂင် ကျောင်းက ဘုန်းကြီးတွေကို ပြဿနာရှာတော့မယ် ဆိုရင် ဒီလူနာတွေကို
ခေါ်ပြီးတော့ ဆေးရုံပေါ် ကောက်တင်လိုက်တယ်။ ခုလည်း သူတို့ က ပြောင်းပေးမယ်ပြောပြီး လူနာတွေကို
ခေါ်ပြီးတော့ ဆေးရုံပေါ် ကောက်တင်လိုက်တာပါဘဲ။ ပြီးတော့ ဒီဆေးရုံပေါ် ရောက်သွားပြီဆိုရင်
သူတို့ ဘာတာဝန်မှ မယူတော့ဘူး။ ဒီအတိုင်းဘဲ ပစ်ထားလိုက်တာဘဲ ဆေးဝါးကုမှုလည်း မပေးဘူး
နောက်တစ်ခုက ကျတော့ တချို့ လူနာတွေဆိုရင် ဆေးဝါးကုသဖို့  လိုအပ်နေလျှက်နဲ့ 
အဝေးပြေးလက်မှတ်တွေ အတင်းဖြတ်ပြီး ကားပေါ်တင်ပေးလိုက်တဲ့ လူနာတွေ တောင်ရှိတယ်။”
ယခင်က အိတ်ခ်ျအိုင်ဗွီ ရှိနေသူများအတွက် ဆေးခန်းသွားပြခြင်း၊
လိုအပ်သည့် ဆေးဝါးများ ရရှိအောင် ဆောင်ရွက်ပေးခြင်များကို မဖြူဖြူသင်းမှ ဦးဆောင်၍
ဆောင်ရွက်ပေးနေပြီး ယခု ယင်းသည် စစ်အစိုးရ၏ ဖမ်းဆီးခြင်းမှ
ရှောက်တိမ်းနေရချိန်တွင် လက်ရှိလုပ်ဆောင်မှုများနဲ့ ပတ်သက်ပြီး ခုလို ရှင်းပြပါတယ်
“ ခုကျမ ရှောင်တိမ်းနေရတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ လူငယ်တွေက စုပေါင်းပြီးတော့ ကျန်တဲ့
ဝေဒနာသည် အသစ်တွေရော နောက် လက်ရှိ ဆက်သွယ် ဆောင်ရွက်နေတဲ့ ဝေဒနာသည် အားလုံးကိုရော စုပေါင်းပြီးတော့
လူငယ်တွေက ဆက်ပြီး ဆောင်ရွက်နေပါတယ်” လို့ မဖြူဖြူသင်းက ပြောကြားသွားပါတယ်။
အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ
့မှာ တွေ့ မြင်ကြားသိနေရတဲ့ ရန်ကုန်မြို့ မှ အခြေအနေတွေပဲဖြစ်ပါတယ်။
Ref: RFA (01/12/07)
အသံဖိုင်ကို အောက်တွင်ရယူနားဆင်နိုင်ပါသည်။




