လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ အေအိုင်စီအက်စ် ရောဂါ တိုက်ဖျက် နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အဲ့ဒီနေ့မှာ အမေရိကန် ပြည်ထောင်စု နေရာ တော်တော် များများမှာ အခမဲ့ HIV စစ်ဆေးမှုတွေ ပြုလုပ်ပေး သွားမယ်လို့ သိရပါတယ်။ အဲ့ဒီ HIV အခမဲ့ စစ်ဆေးမှုတွေကို စား သောက်ကုန် အရောင်း ဆိုင်တွေ၊ ဆေးဘက် ဆိုင်ရာ ရုံးဌာန တွေနဲ့ အစိုးရ ဌာနတွေမှာ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီဇင်ဘာလ ၁ရက်နေ့မှာ လူတွေ အနေနဲ့ HIV ပိုးရှိ၊ မရှိ စစ်ဆေး စမ်းသပ်မှု အဖြေကို မိနစ် ၂၀ အတွင်း သိရှိနိုင်မှာ ဖြစ်သလို အသက် ၂၆အောက် အမျိုးသမီး တွေနဲ့ အမျိုးသားတွေ အားလုံးမှာ ကာလသား ရောဂါရှိ၊ မရှိကိုပါ စစ်ဆေး ပေးနိုင်မှာ ဖြစ်ပါတယ်။ HIV စစ်ဆေး လိုသူတွေ အနေနဲ့ ဖုန်းမှ တစ်ဆင့် ကြိုတင် ချိန်းဆိုပြီး လာရောက် စစ်ဆေး နိုင်သလို တိုက်ရိုက် လာရောက် ပြီးတော့လည်း အခမဲ့ စစ်ဆေးမှု ခံယူနိုင် ပါတယ်။ ဒါ့အပြင် စောစော ရောက်ရှိတဲ့ HIV စစ်ဆေး ခံသူတွေ အနေနဲ့ အစားအစာတွေ၊ လက်ဆောင် ပစ္စည်းတွေနဲ့ လက်ဆောင် ကဒ်တွေ ရရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အခမဲ့ ဆေးစစ် ပေးမယ့် အစီအစဉ်ကို ဒီဇင်ဘာလ ၁ရက်နေ့ နံနက် ၈နာရီ ကနေ ညနေ ၄နာရီ အထိ လုပ်ဆောင် ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
MRTV-4 - ကမ္ဘာ့ အေအိုင်ဒီအက် ရောဂါ တိုက်ဖျက်ရေး နေ့တွင် အမေရိကန်၌ HIV ပိုးအခမဲ့ စစ်ပေးမည်




