1
Dec

ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့အခမ်းအနား NLD ကျင်းပ

ကမ္ဘာ့ ခုခံအားကျဆင်းသည့် ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို NLD ရုံးချုပ်တွင် ယနေ့နံနက် ၁၀ နာရီမှ စတင်ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်က HIV/ AIDS ဝေဒနာရှင်များကို အားပေးစကား ပြောကြားပြီး ဝေဒနာရှင် များနှင့် မဖြူဖြူသင်း ဦးစီးနေသည့် စောင့်ရှောက်ရေး ဂေဟာကို အားလုံး ၀ိုင်းဝန်းကူညီရန် ပြောဆိုခဲ့သည်။

အခမ်း အနားသို့ ဝေဒနာရှင်များအပါအ၀င် နယ်ပယ်စုံမှ စုစုပေါင်း ၇၀၀ ခန့် တက်ရောက်သည်။ နာမည်ကျော် ဂီတအနုပညာ သမားများက ဖျော်ဖြေတင် ဆက်ခဲ့ပြီး အဆို တော်များ၏သီချင်း ၁၇ ပုဒ်ပါ သီချင်းခွေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပါ ပြက္ခဒိန်နှင့် ဝေဒနာရှင်များ လုပ်ထားသည့် လက်မှုပစ္စည်းများကို ရန်ပုံငွေအဖြစ် ရောင်းချ ကြောင်းလည်း သိရသည်။

ဧရာဝတီ - ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့အခမ်းအနား NLD ကျင်းပ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top