1
Dec

ကမ္ဘာ့AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား NLD အဖွဲ့ ချုပ်ကျင်းပ



RFA ၁၊၁၂၊၂၀၀၈

 

ဒီကနေ့ ဒီဇင်ဘာလ ၁ရက်နေ့ မှာကျရောက်တဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ
့ အခမ်းအနားတရပ်ကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးမှာ ဒီဇင်ဘာ ၁ရက်နေ
့ဒီကနေ့ ကျင်းပါတယ်။ အခမ်းအနားမှာ NLDပါတီ ဥက္ကဌ ဦးအောင်ရွှေက
အမှာစကားပြောကြားရာမှာ ရောဂါဝေဒနာနဲ့ ပတ်သက်လို့ အခက်အခဲတွေရှိရင် NLDပါတီကို
ဆက်သွယ်ဖို့ နဲ့ ဆေးဝါးကိစ္စတွေကို အတတ်နိုင်ဆုံး ကြိုးစားသွားပေးမယ်ဆိုတဲ့အကြောင်း
ဒီရောဂါနဲ့ ပတ်သက်ပြီး မရှက်ကြောက်ကြဖို့  ရောဂါကူးစက်ခံထားရပေမဲ့လည်း
အသက်ရှည်ရှည် နေနိုင်မှလူ့  လောကကို ကောင်းကျိုးပြုနိုင်မှာဖြစ်တဲ့အကြောင်း
စသည်ဖြင့် ပြောကြားခဲ့ပါတယ်။

 

NLD ပါတီကဖွဲ့ စည်းထားတဲ့ HIV/AIDS ရောဂါကာကွယ်ရေးနဲ
့စောင့်ရှောက်ရေး ပညာပေးအစီအစဉ်က တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုရာဇာကလည်း
ဝေဒနာရှင်တွေကို ကူညီလို့ အဖမ်းခံရတဲ့ကိစ္စ အပါအ၀င်သူကြုံရတဲ့ အခက်အခဲတွေနဲ
့ပတ်သက်ပြီး တက်ရောက်လာတဲ ဝေဒနာသည်တွေနဲ့ အဖွဲ့ ချုပ်အဖွဲ့ ဝင်တွေကို
အခုလိုရှင်းပြခဲ့ ပါတယ်။

 

ကိုရာဇာ၊             ။လက်ကမ်းစာစောင်
(Pamphlet)ဝေလို့ အဖမ်းခံရတဲ့ ကိစ္စပေါ့နော် နောက်အေ့ဒ်စ် ဒီအိမ်ငှားတာကို
ရပ်ကွက်နဲ့ လှည့်တိုက်ပေးပြီး ခဲတွေနဲ့ ဝိုင်းထု ကျတော်တို့ ဆီက လူနာတယောက်သေတယ်
ဆိုတဲ့ ကိစ္စပြောပြတယ် နောက်ပြီးတော့ အစကနေပြီးတော့ ခုချိန်ထိ အခက်ခဲဆုံးအရာကတော့ ARV
ဆေးဝါးပေါ့နော် အဲဒီကိစ္စတွေကို ကျတော်ရှင်းပြပြီးတော့ လူကောင်းဘ၀မှာ လူကောင်းဆိုတာ
HIV ရောဂါတော့ စွဲကပ်နေတယ် လူကောင်းဘ၀မှာ ကိုယ့်ကိုယ်ကိုကောင်းအောင်
ကြိုးစားပေါ့နော် ကိုယ့်ကိုယ်ကိုကောင်းအောင်ကြိုးစား
ကိုယ်ပတ်ဝန်းကျင်ကောင်းအောင်ကြိုးစားဖို့  ကိုယ်တိုင်းပြည်ကိုယ်လူမျိုး ကောင်းအောင်ကြိုးစားဖို
့ကျတော်ဒီလောက်ပဲ ပြောတာပါ။“

 

ဒီကနေ့ အစီအစဉ်မှာ ပညာပေးအစီအစဉ်ကတာဝန်ခံတွေဖြစ်တဲ့
ဦးလှမင်းနဲ့ မဖြူဖြူသင်းတို့ ကလည်း အမှာစကား
အသီးသီးပြောကြားခဲ့ပါတယ်။အခမ်းအနားကို HIV/AIDS ဝေဒနာသည် ၅၀၀ ၀န်းကျင်တက်ရောက်
ခဲ့ရာမှာ တောင်တွင်းကြီး ကျောက်ပန်းတောင်း အောင်လံ မွန်ပြည်နယ်
ရန်ကုန်တိုင်းတွင်းက သာကေတ မြောက်ဥက္ကလာ ခရမ်း တောင်ဒဂုံ စတဲ့အရပ်ဒေသက
ဝေဒနာသည်တွေလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

 

အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေ ရှိပေမဲ့ အနှောက်အယှက် ပေးတာတွေတော့
မရှိဘူးလို့ သိရပါတယ်။ အခမ်းအနား တက်ရောက်လာတဲ့ နယ်ကဝေဒနာသည်နှစ်ဦး ဝေဒနာသည်တွေကို
စေတနာ့ဝန်ထမ်း ကူညီနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က မဖြူဖြူသင်းကို
ဆက်သွယ်မေးမြန်းပြီး RFA မှဒေါ်မေပြုံးအောင်က တင်ပြထား ပါတယ်။

RFA ၁၊၁၂၊၂၀၀၈

ကမ္ဘာ့AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား NLD အဖွဲ
့ချုပ်ကျင်းပ



ဆက်သွယ်မေးမြန်းခန်း အပြည့်အစုံကို
အောက်ပါဖိုင်မှရယူနားဆင်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top