5
Dec

ကမ္ဘာ့ AIDS နေ့ကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်

ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အတွက် မြန်မာနိုင်ငံ အတွင်းမှာ  ဒီဇင်ဘာလ ၃ ရက်နေ့က ပြည်တွင်းပြည်ပ အဖွဲ့အစည်းများစွာ ပူးပေါင်း ဆောင်ရွက်မှုများ နဲ့ ဟေြာေ ပာပွဲများ ပြုလုပ်ကြပါတယ်။ ဒီလို ကျင်းပ ပြုလုပ်လျက် ရှိရာမှာ ကမာရွတ် မြို့နယ် ပြည်လမ်းရှိ ယု ဒဿန် ရိပ်သာမှာလည်း  HIV/ AIDS ရောဂါနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ပြည်တွင်း အဖွဲ့အ စည်း ၇ ခုက ကမ္ဘာ့ ခုခံအား ကျ ဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ပါ တယ်။

ဒါ့အပြင်  အလုံမြို့နယ် အတွင်းမှာလည်း ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အတွက် ဟောပြောပွဲ ပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။ ဒီလို ဟောပြောပွဲတွေ အခမ်းအနားတွေ ပြု လုပ်ရခြင်းဟာ မြန်မာနိုင်ငံ အတွင်းမှာ HIV/AIDS  ရောဂါ ကူးစက် ဖြစ်ပွားမှု လျော့ကျစေဖို့ အတွက် အဓိက ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ ရောဂါ ဖြ စ်ပွားနှုန်းဟာ ၂၀၀၀ ခုနှစ်မှာ ၀.၉၄ ရာခိုင်နှုန်း ရှိခဲ့ရာမှာ ၂၀၀၇ ခုနှစ်မှာ ၀.၆၇ ရှိပြီး ၂၀၀၉ ခုနှစ် ၀.၆၁ ရာခိုင်နှုန်း အထိ ကျဆင်း လာပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အတွင်းမှာလည်း HIV/AIDS ရောဂါေ ကြာင့် သေဆုံးသူ နှစ်စဉ် ၁ သိန်းကျော် ရှိတယ်လို့ သိရပါ တယ်။ ကမ္ဘာ တစ်ဝှမ်းလုံးမှာ လူပေါင်း ၃၄ သန်း ခန့်ဟာ HIV/AIDS  ရောဂါ ကူးစက်မှုကို ခံစား နေရပြီး ၂၀၁၀ ခုနှစ် အတွင်းမှာ လူပေါင်း ၂.၇သန်း ခန့်ဟာ HIV ပိုး ကူးစက် ခံခဲ့ရပါတယ်။ ဒါ့အပြင် ၁.၈သန်း ခန့်ဟာလည်း သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ AIDS ရောဂါကြောင့် ကမ္ဘာ တစ်ဝှမ်းမှာ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား ရှိသူတွေ အများဆုံး သေဆုံးကြတယ်လို့ သတင်း ရရှိပါတယ်။

MRTV-4 - ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ ကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top