27
Jun

ကမႝာ့ စီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံ AIDS တိုက်ဖျက်ရေး ပိုမိုနှောင့်နှေး



ကမာမှာ စီးပွားရေးကပ်ဆိုက်နေချိန် နိုင်ငံတကာ အကူအညီများ
ကျဆင်းလာတာကြောင့် မြန်မာနိုင်ငံမှာ
HIV / AIDS ဝေဒနာရှင်များ ပိုပြီးများလာတယ်လို့ ဒီရောဂါနဲ့ပတ်သက်ပြီး
အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင်နေသူတွေက
RFAကို ပြောပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လက ကုလသမဂ္ဂက သတိပေးချက်တရပ်
ထုတ်ပြန်ခဲ့ပါတယ်။ ကမ
ာ့စီးပွားရေး မတည်မငြိမ် ဖြစ်နေချိန်မှာ ချမ်းသာတဲ့
နိုင်ငံများက အကူအညီများ ဆင်းရဲတဲ့ နိုင်ငံတွေထံကို ပေးပို့တာ နည်းသွားနိုင်တာကြောင့်
HIV / AIDS ရောဂါ
မပြန့်အောင် ထိန်းချုပ်ရေးလုပ်ငန်းကို ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။

 

မြန်မာနိုင်ငံမှာ လတ်တလောအနေနဲ့ ဒီရောဂါရှင်တွေ
သောက်ရမဲ့ဆေးကို
NGO အဖွဲ့တချို့က
တာဝန်ယူ ဖြန့်ဝေပေးနေတာ ဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ ဝေဒနာရှင်အဟောင်းတွေကိုသာ
ပေးဝေနိုင်ပြီး ဝေဒနာရှင် အသစ်များကို ဆေးပေးနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ဆေးကို ကိုယ်တိုင် ဝယ်သောက်ရတာ ဖြစ်ပါတယ်။
HIV/
AIDS
ဝေဒနာရှင်တွေကို အကူအညီပေးနေတဲ့
မဖြူဖြူသင်းက ခုလို ပြောပြပါတယ်။

 

မဖြူဖြူသင်း။   ဒီဆေး တလစာကို သာမန်ပေါ့နော်၊ သုံးမျိုးပေါင်း သောက်မယ်ဆိုလို့ရှိရင်
နှစ်သောင်းခွဲကနေ သုံးသောင်း ကြားမှာ ရှိတယ်။ နောက် အဲဒီဆေးနဲ့ မတည့်ဘူး
ဆိုလို့ရှိရင်တော့ ဆေးတွေ ပြောင်းရတာ ရှိတာပေါ့နော်။ အဲဒီ
ဆေးပြောင်းရမယ်ဆိုရင်တော့ ဆေးစရိတ် တက်လာနိုင်တယ်။ ဒါပေမဲ့ တော်တော်များများကတော့
နှစ်သောင်းခွဲနဲ့ သုံးသောင်းကြား ဆေးနဲ့ကို တည့်တယ်။ အဲဒီထဲမှာမှ တရာမှာ ငါးယောက်၊
ခြောက်ယောက် နှုန်းလောက်ကတော့ ဒီ ဆေးပြောင်းရတာမျိုးတွေ ရှိတာပေါ့နော်။ ဆိုတော့ ဒီ
မြန်မာပြည် အခြေအနေအရကတော့ ဒီဈေးနှုန်းတွေက နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင် အများကြီး
သက်သာပါတယ်။ သက်သာတယ် ဆိုပေမဲ့ စီးပွားရေးရော အားလုံးက ပျက်စီးနေတဲ့အခါကျတော့
လူတွေက ဆေးဝါးတော့ ကုသချင်တယ်။ ဆေးဝါးကို ပြန် ကိုယ်တိုင် ဝယ်သောက်နိုင်တဲ့ အင်အား
လုံးဝမရှိကြဘူး။

 

မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံက ဆေးကုမ္ပဏီ
လာဖွင့်ထားတာကြောင့် နိုင်ငံတကာထက်စာရင် ဈေးသက်သာတယ်လို့ ဆိုပေမဲ့
ဝေဒနာရှင်အားလုံးလိုလို ဝယ်သောက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံတွင်း ရောဂါပြန့်ပွားနှုန်း
မြင့်လာခြင်းဟာ ရေကြည်ရာမြက်နုရာ စီးပွားရေးလုပ်ငန်းတွေ နယ်လှည့်လုပ်ကိုင်နေသူတွေ
များတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာပြည်တွင်း ရွှေထွက်ရာ
ဒေသများနဲ့ ကျောက်တူးလုပ်ငန်းတွေမှာ လူအများအပြား သွားရောက် လုပ်ကိုင်သူ ရှိသလို
တချို့ကတော့ စီးပွားရေးလုပ်ကွက်ရှိတဲ့ နယ်စပ်ဒေသတွေကို
ပြောင်းရွှေ့အလုပ်လုပ်ကိုင်သူတွေ ရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဝေဒနာရှင်တွေကို အကူအညီပေးရေးလုပ်ငန်း တွေ
ဆောင်ရွက်ပေးနေတဲ့ မဖြူဖြူသင်းကို
RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားတာကို တင်ပြပေးထားပါတယ်။

 

မေး။            
မဖြူဖြူသင်းတို့ AIDS ရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ အခုအကူအညီပေးရေး
လုပ်ငန်းတွေ လုပ်ကိုင်နေတာ လက်ရှိ အေအိုင်ဒီအက်စ်နဲ့ နေထိုင်သူတွေရဲ့ အခြေအနေက
ဘယ်လို ရှိလဲခင်ဗျ။

ဖြေ။             
အခု မြန်မာပြည်မှာ အသစ်တွေက အရမ်းများလာတယ် တော်တော်များများကလည်း ဘယ်လို
ဖြစ်လာသလဲဆိုတော့ ဆေးကုသရမယ် ဆိုတာလဲ သိလာတယ်။ ဆေးကုသလို့ ရမယ့်နေရာတွေကိုလည်း
သူတို့က ရှာလာကြတော့ အသစ်တွေက အရမ်းများလာတယ်။ တိုင်းနယ်၊ ပြည်နယ် အသီးသီးက
လူနာတွေကလည်း ဆင်းလာကြတာတွေ ရှိတယ်။ ဆေးပေးဖို့ ကျတော့လည်း ဒီလူနာတွေ အရေအတွက်ကို
ကာမိအောင် ARV ဆေးတွေက လုံလုံလောက်လောက် မပေးနိုင်တဲ့ အခါကျတော့ ဒီရောဂါ
ဝေဒနာသည်တွေက သူ့နေရာမှာတင် သေဆုံးနေတာတွေ ရှိနေတယ်။ အဲဒီလို ဖြစ်နေတာတွေအပြင်
တစ်ချို့ တိုင်းနယ်၊ ပြည်နယ် တွေ ဆိုလို့ရှိရင် ရောဂါ ခံစားနေရတဲ့သူတွေက လာချင်နေတယ်။
အများကြီးပဲ ပြောနေကြတယ် လာချင်နေတယ်။ ခရီးစရိတ် မရှိလို့ မလာနိုင်တဲ့ သူတွေကလည်း
အများကြီးပဲ ဆိုတော့ ခုလက်ရှိ အခြေအနေကတော့ မြန်မာပြည် အခြေအနေ ပြောရမယ်ဆိုရင်
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး ထိန်းချုပ်လို့ကလည်း မရသေးဘူး။
နောက် သေဆုံးနှုန်းကော ရောဂါ ဖြစ်ပွားမှုနှုန်းကော ဆက်ဖြစ်နေတုန်းလို့
ပြောလို့ရသေးတယ်။

 

မေး။            
အခုအတိုင်းဆိုရင် ဝေဒနာရှင်တွေ တိုးလာတယ် ဆိုတဲ့ ကိစ္စက အရင်တုန်းက
ရောဂါဖြစ်နေမှန်း မသိဘူး၊ ဆေးကုရမှန်း မသိတဲ့အတွက်ကြောင့် လာပြတာတွေ
မတွေ့ရဘူးပေါ့လေ။ အခုမှ သိလို့ လာပြတာလား ဒါမှမဟုတ် ပြန့်ပွားမှုနှုန်း တိုးနေတာလား
မဖြူဖြူသင်း အနေနဲ့ ဘယ်လိုမြင်လဲခင်ဗျ။

 

ဖြေ။             
အခု ဒီ အိတ်ခ်ျအိုင်ဗွီ နဲ့ ပတ်သက်လို့ရှိရင် ဆေးဝါးသမှုအပိုင်းရော ပညာပေးမှု
အပိုင်းကော အားနည်းနေတဲ့ အခါကျတော့ ဆေးဝါးကုသဖို့ အတွက် ကိုခုမှာ ရှာဖွေကြ။
ကုသဖို့အတွက် ပြင်ဆင်နေကြ တချို့ဆိုရင် မသိသေးတဲ့ နေရာတွေ အများကြီးပဲ။ အဲဒါက
ဘာကို သိနိုင်သလဲဆိုရင် ဒီကူးစက်မှုနှုန်းကလည်း ထိန်းလို့ မရနိုင်ဘူးဆိုတာ
သိသာနိုင်တယ်။

 

မေး။            
လက်ရှိပေါ့ အစိုးရရဲ့ နယ်စပ် ဒေသတချို့မှာ စာရင်းကောက်ယူမှုအရ ၅၃ ရာခိုင်နှုန်းလောက်
ဖြစ်နေတယ် ဆိုတာမျိုးတွေ ပြောကြတာ ရှိပါတယ်။ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး
မဖြူဖြူသင်း ဘာများ ဝေဖန်ချင်ပါသလဲခင်ဗျ။

 

ဖြေ။             
သူတို့ စနစ်တကျ ကောက်ယူလိုက်တော့ အဲဒီလောက် ရတယ်ပေါ့နော်၊ ဒါပေမဲ့ မြန်မာပြည်
နေရာတော်တော်များများ မှာလည်း ရာခိုင်နှုန်းကတော့ အဲဒီလောက် မနည်းလောက်ဘူးလို့
ကျမတော့ ထင်တယ်လေ။ ခုကျမတို့ လက်ရှိအခြေအနေ ကိုပြောရမယ်ဆိုရင် နယ်စပ်ဖက်ကိုလည်း
သိပ်ပြီးတော့ ဖိဖိစည်းစည်း ဆောင်ရွက်နေတာမျိုး မရှိဘူးရှင့်။ ခုလိုမျိုး
အချက်အလက်တွေ ကောက်တာမျိုးတော့ သူတို့ လုပ်ချင်လုပ်ပါလိမ့်မယ်။ တကယ့် တကယ်ဆိုရင်
ဒီအိတ်ခ်ျအိုင်ဗွီ ၊ အေအိုင်ဒီအက်စ်က အဲဒီလိုမျိုး ဒေသလေးတွေ ခွဲခွဲပြီး
လုပ်လို့မရဘူးရှင့် မြန်မာပြည် အခြေအနေက တနိုင်ငံလုံး အတိုင်းအတာမှာ ပြန့်နှံ့နေတဲ့
အခါကျတော့ ဒီဒေသကို လုပ်ပေမဲ့ ဟိုဘက်ဒေသက ပြန်နှံ့လိမ့်မယ်။ ဟိုဘက်ကလူက
ဒီဘက်ကိုသွား ဒီဘက်ကလူက ဟိုဘက်ကိုသွားနဲ့ အကုန်လုံးက ပြန့်နှံ့နေတာ ဖြစ်တဲ့အခါ
ကျတော့ နေရာဒေသ တစ်ခုတည်းကို ရွေးပြီးလုပ်လို့မရဘူး။ တနိုင်ငံလုံးအတိုင်းအတာနဲ့
တစ်ပြိုင်နက်တည်း လုပ်မှပဲ အာလုံးက ဒီပြည်သူလူထု အားလုံးက အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီးတော့ အသိပညာတွေလည်းရှိသွားမယ်၊ နောက် ARV
ဆေးပြားတွေပေါ့ အဲဒါတွေကို တစ်နိုင်ငံလုံး သိသွားမှသာ ဒီရောဂါက ထိန်းချုပ်လို့
ရမှာ။ အခုက အဲဒီလို မဟုတ်ပဲနဲ့ သတ်မှတ်တဲ့ ဒေသလေးတွေပဲ ကွက်ကြားကွက်ကြား
လုပ်နေတာကြောင့် မြန်မာပြည်မှာ မထိရောက်တာ အဲဒါကြောင့်ပါ။ တချို့တလေက
တစ်နိုင်ငံလုံး အတိုင်းအတာ မလုပ်နိုင်တဲ့ အခါကျတော့ လုပ်နိုင်တဲ့နေရာလေး
လုပ်နိုင်တဲ့ နေရာလေး လုပ်တဲ့ အခါကျတော့ ဘာဖြစ်လဲဆိုတော့ ဒီရောဂါကလည်း
လုပ်နေလျက်သားနဲ့ ထိန်းချုပ်လို့ မရဘူးပေါ့။

 

မေး။            
ဒီရောဂါနဲ့ ပတ်သက်ပြီး အစိုးရကနေ ဘယ်လိုတာဝန် ယူပေးသလဲ နောက်တစ်ခုက NGO တွေရဲ့
အနေအထားက ဘယ်လိုရှိလဲခင်ဗျ။

 

ဖြေ။             
ဒီမှာ ဆေးဝါးရရှိမှု အပိုင်းအနေနဲ့ကတော့ NGO တွေကပဲ လုပ်ဆောင်သွားတာ တွေ့ရတယ်။ ဒီ
အာဏာပိုင်တွေ အနေနဲ့ လုပ်ဆောင်သွားတာကို ကြည့်မယ်ဆိုရင် ရန်ကုန်မှာ ဆေးရုံ (၂)
ရုံဖွင့်ထားပေးတယ်။ ဒါပေမဲ့ ဒီဆေးရုံတွေ ဖွင့်ပေးထားတဲ့ အပေါ်မှာလည်း
ဝေဒနာသည်တွေကို ကြည့်ပေး နိုင်လောက်တဲ့ အနေအထားပဲရှိတယ်။ ဒီဆေးဝါး ကုသဖို့အတွက်ကို
စရိတ်စက တို့ ဆေးဝါးကအစ အကုန်လူနာရှင်တွေကပဲ ၀ယ်နေရတဲ့ အခြေအနေပဲ ရှိသေးတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ပြောရမယ်ဆိုရင်တော့ လုပ်ဆောင်မှု မရှိသလောက်ကို
ဖြစ်နေပါတယ်။ အဓိက လုပ်ဆောင်နေတာကတော့ NGO တွေပါ။ NGO တော်တော်
များများကလည်း ဆေးဝါးမပေးနိုင်ဘူး NGO အနည်းအကျဉ်းလောက်ပဲ ဆေးပေးနိုင်ပါတယ်။
ဆေးပေးနိုင်တဲ့ NGO ကလည်း တစ်ခု နှစ်ခုလောက်ပဲ ရှိပါတယ်။

 

မေး။            
အခုလောလောဆယ် ကုလသမဂ္ဂကလည်း သတိပေးထားတာ ရှိတယ်။ ကမ္ဘာ့ စီးပွားရေး
ကပ်ဖြစ်လာတဲ့အတွက်ကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေကို အကူအညီပေးမှုတွေ အားနည်းလာတယ်။
အဲဒါကြောင့် AIDS ရောဂါ အတွက်ကို ပိုပိုပြီးတော့ စိုးရိမ်စရာတွေ
ထိတ်လန့်စရာတွေ ဖြစ်လာတယ် ဆိုပြီးတော့ သူတို့က သတိပေးလိုက်တယ်။ အဲဒီ သတိပေးချက်နဲ့
ပတ်သက်ပြီးတော့ မြန်မာပြည် အနေအထားနဲ့ နှိုင်းယှဉ်ပြီးတော့ ဘယ်လိုများ
တုံ့ပြန်ချင်လဲခင်ဗျ။

 

ဖြေ။             
ဒီ စီးပွားရေးကျဆင်းမှု မကြုံခင်တုန်းကလည်း ကျမတို့ နိုင်ငံမှာ ရှိနေတဲ့
အာဏာပိုင်တွေ အနေနဲ့က အရေးတယူ ဆောင်ရွက်ခဲ့တာ မရှိဘူး။ မရှိတဲ့ အခါကျတော့
လွန်ခဲ့တဲ့ နှစ်တော်တော်များများ ကတည်းက မြန်မာပြည် လူထု တော်တော်များများက
အသိပညာမရဘူး။ ပြည်သူလူထုဆိုတာ အဓိက လူငယ်တွေပေါ့ လူငယ်တော်တော်များမျာက ဒီရောဂါနဲ့
သေဆုံးကုန်တာရှိတယ်။ အခုနောက်ပိုင်း အခြေအနေမှာ ဆေးကုရမယ်ဆိုတာ သိလာတယ်။
ကုသဖို့အတွက်ကို အာဏာပိုင်တွေ အနေနဲ့ အကူအညီ မပေးတဲ့ အခါကျတော့ နိုင်ငံတကာကိုပဲ
မျှော်ရတာပေါ့ နိုင်ငံတကာက အကူအညီ ပေးမယ်ဟာကိုပဲ စောင့်ပြီးတော့ ဆေးကုဖို့အတွက်ကို
ပြင်ဆင်ရတာ ဖြစ်တဲ့အတွက် အခုလို ကမ္ဘာ့ စီးပွားပြဿနာ ကြုံတဲ့အခါကျတော့လည်း မြန်မာ
ပြည်သူလူထုက ပြောရမယ်ဆိုရင်တော့ တော်တော်ကံဆိုးတယ်လို့ပဲ ပြောရမှာပါ။




ကမာ့ စီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံ AIDS တိုက်ဖျက်ရေး ပိုမိုနှောင့်နှေး

အသံဖိုင် အောက်တွင်ယူပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top