ထိုင်းနိုင်ငံ ရနောင်းမြို့နယ် ဖန်းငါးဒေသအခြေစိုက်
စေတနာရှင် လူမှုကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ ကယ်တင်ထားသော အမျိုးသမီးပြည့်တန်ဆာ(၁၂)ဦးတွင်
HIV ရောဂါပိုး တွေ့ရှိခဲ့ပြီး ၄င်း ထဲမှ အမျိုးသမီးနှစ်ဦးသည် AIDS ရောဂါနှင့် နိုဝင်ဘာ(၂၇)
ဟပ်ယိုင်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း ၄င်းနှင့် နီးစပ်သူတစ်ဦးမှ ပြောပါသည်။
ကျန်ရှိသောဝေဒနာရှင် (၁ဝ)ဦးမှာ ဟပ်ယိုင်ဆေးရုံတွင်
ဆေးဝါးကုသမှုခံယူနေသော်လည်း မျှော်လင့်ချက်မဲ့နေပြီးဟု ဆက်လက်ပြောပြခဲ့သည်။
ထိုဖြစ်စဉ်ကို ဖန်းငါးဒေသအခြေစိုက် စေတနာရှင်
လူမှုကာကွယ်စောက်ရှောက်ရေး အဖွဲ့ဝင် ကိုဝင်းပိုင်ကို ဆက်သွယ် မေးမြန်းရာ၌ ကွယ်လွန်သွားသော
အမျိုးသမီးမှာ ရေးမြို့နယ် မော့ကနင် ဇာတိဖြစ်ပြီး နံက်(၈) နာရီကျော်ကျော်အချိန် ဦးဇင်းတစ်ပါးနှင့်
စကားပြောဆိုယင်း ကွယ်လွန်သွားကြောင်း ကျန်ရှိသောလူနာများမှာ စကားမပြောနိုင်၊ အစားအစာလည်း
မစားနိုင်ကြောင်း၊ စိတ်ဓါတ်အကြီးအကျယ် ကျနေကြကြောင်း ပြောပြခဲ့သည်။
ရောဂါဝေဒနာကို ခံစားနေရသော ရေးမြို့နယ်(xxx)ကျေးရွာမှ
မိန်းကလေးတစ်ဦးကို ဆက်သွယ်မေးမြန်းရာ၌ အောက်ပါအတိုင်းပြောပြခဲ့သည်။
“ကျွန်မတို့စုစုပေါင်း(၁၂)ယောက် ဒီရောဂါဖြစ်နေပါတယ်။
မနက်တုန်းက ကျွန်မတို့သူငယ်ချင်း (၂)ယောက် ဆုံးသွားတယ်။ အခုကျွန်မတို့(၅)ယောက်ဘဲ ဒီမှာကျန်နေတယ်။
ကျန်တဲ့လူ(၅) ယောက်ကတော့ ရနောင်းကို ပို့လိုက်တယ်။ တကယ်လို့သူတို့ နေထိုင်ကောင်းယင်
ကုသလို့ရမယ် ဆိုပြီးခုနကဘဲသွားကြတယ်။ ကျွန်မတို့က ရောဂါသည်းနေပြီးလေ။ ကျွန်မတို့လည်း သိပ်ကြာကြာ မနေရတော့ဘူးလေ။ လူကလည်း
နေမထိစားမဝင် နာကျင် နေတယ်။ သေတာထက်တောင် ဆိုးသေးတယ် ဦးတို့ရယ်။ ”
အဆိုပါ ရောဂါဝေဒနာ ခံစားနေရသော မိန်းခလေးများသည်
နေရပ်ကိုပြန်ချင်သော်လည်း မိသားစု၏ ဂုဏ်သိက္ခာ မိမိတို့၏အရှက်ကိုငဲ့ပြီး သင့်တော်သော
ဆေးရုံတခုခုမှာပင် ဆေးကုသချင်သည်ဟု ဆိုပါသည်။
သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေကလည်း ထိုင်းမြန်မာနယ်စပ်ဖြစ်သော
စံခလပူရီအနီး ကုသိုလ်ဖြစ်ဆေးရုံတွင် ပို့ဆောင်ရန်အတွက် အဆက်အသွယ်ရှာနေသည်ဟု လူနာနှင့်နီးစပ်သူ
တစ်ဦးကပြောပါသည်။
ကယ်တင်ခြင်းခံရသည့် AIDS ရောဂါဝေဒနာရှင် (၁၂)ဦးအနက် အမျိုးသမီး(၂)ဦးကွယ်လွန်




