8
May

ကလဲ့စားချေတဲ့ အနေနဲ့ အမျိုးသား ၃၂၄ ယောက်ကို HIV ကူးစက်စေခဲ့ကြောင်း Kenya ကျောင်းသူဝန်ခံ

Kenya နိုင်ငံ Nakuru ပြည်နယ် Kabarak တက္ကသိုလ်မှ ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦးက သူမဟာ အမျိုးသား ၃၀၀ ကျော်ကို HIV ရောဂါကူးစက်စေခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း IB Times သတင်းအရ သိရပါတယ်။

အနည်းဆုံး အမျိုးသား ၂,၀၀၀ ကို HIV ရောဂါကူးစက်စေဖို့ သူမ ရည်ရွယ်ချက်ဖြစ်တယ်လို့ အဲဒီ အမျိုးသမီးက ထုတ်ပြောသွားပါတယ်။ ပါတီတစ်ခုမှာ သူမတွေ့ဆုံခဲ့တဲ့ အမျိုးသားတစ်ယောက်ထံ ၄င်းကူးစက်ရောဂါ ရရှိမှုအတွက် ပြန်ကလဲ့စားချေတာ တရားမျှတတဲ့ လုပ်ရပ်ဆိုတာ သူမ ခံယူချက်ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးက ဒီတုန်လှုပ်စရာ အဖြစ်အပျက်ကို ဖေ့စ်ဘုတ်(ခ်)မှတဆင့် ဝန်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူမ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်ခြင်းမပြုဘဲ ကွယ်ဝှက်သွားမယ်ဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါတယ်။ သိုပေမယ့် Kenyan Daily Post က သူမကြောင်းကို သူ့မရဲ့ ဖေ့စ်ဘွတ်(ခ်) ပရိုဖိုင်ပုံနဲ့အတူ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Trend Myanmar - ကလဲ့စားချေတဲ့ အနေနဲ့ အမျိုးသား ၃၂၄ ယောက်ကို HIV ကူးစက်စေခဲ့ကြောင်း Kenya ကျောင်းသူဝန်ခံ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top