ကာကွယ်ဆေးအတွက်
မျှော်လင့်ချက်သစ်တစ်ရပ်နှင့် အမေရိကန်ပြည်ထောင်စု၏ AIDS တိုက်ဖျက်ရေး အစီအစဉ်သစ်တစ်ရပ်
သုတေသနပညာရှင်များ၊
မူဝဒါရေးရာ ရေးဆွဲသူများနှင့် လှုပ်ရှားတက်ကြွသူများဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့
Austria နိုင်ငံ Vienna မြို့တွင် ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံအတွက်
အလုပ်ရှုတ်ခဲ့ကြရပါတယ်။
ပြီးခဲ့တဲ့
အင်္ဂါနေ့မှာလည်း သမ္မတအိုဘားမားဟာ အမျိုးသား HIV/AIDS တိုက်ဖျက်ရေး ဗျူဟာကို ကြေငြာခဲ့ပါတယ်။
ဗျူဟာအရ ၅ နှစ်အတွင်း HIV ကူးစက်မှုကို ၂၅% အထိ လျှော့ချသွားဖို့ ရည်ရွယ်ထားကြောင်း
သိရပါတယ်။ ဒါ့အပြင် HIV ကူးစက်ခံရသည့် လူနာများကို ကုသမှုအလျှင်အမြန် ရရှိစေရန်လည်း
ရည်ရွယ်ထားပါသေးတယ်။
၅ နှစ်အတွင်း ကူးစက်မှုကို ၂၅% အထိုလျှော့ချသွားမည့်
မိတ္တူဗျူဟာ တစ်စောင်
HIV
ဗိုင်းရပ်(စ်) ပိုးကြောင့် AIDS ရောဂါကို ဖြစ်စေရတာပါ။ ကူးဆက်ခံသူ အမေရိကန် နိုင်ငံသားများအနက်
၆၅% လောက်ဟာ ကူးစက်ခံရပြီး ၃ လလောက်မှသာ ရောဂါ ကုသမှု ခံခဲ့ရတယ်လို့ အမေရိကန်အစိုးရက
ဆိုပါတယ်။ အခုအစီစဉ်သစ် ထဲမှာတော့ ၈၅% အထိ မြင့်တင် သွားမယ်လို့ ဆိုထားပါတယ်။
ကျန်းမာရေး
စောင့်ရှောက်မှု ဥပဒေသစ်ထဲတွင် ဒေါ်လာသန်း ၃၀ ဟာ ကူးစက်မှု တိုက်ဖျက်ရေး လုပ်ငန်းများ
အပါအ၀င် HIV ပိုး စစ်ဆေးရေးလုပ်ငန်း ချဲ့ထွင်ဖို့လည်း
ပါဝင်ပါတယ်။ အမေရိကန် နိုင်ငံသား ၁ သန်းကျော်လောက်ဟာ ဗိုင်းရပ်(စ်)ပိုး ကူးစက် ခံနေရတာပါ။
ကမ္ဘာတစ်ဝှမ်း မှာတော ၃၃ သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
အိမ်ဖြူတော်တွင် သမ္မတအိုဘားမားက ဗျူဟာသစ်တစ်ရပ်ကို
ကြေငြာစဉ်တွင်
ပြီးခဲ့တဲ့
ရက်သတ္တပတ်မှာလည်း အမေရိကန်ရှိ အစိုးရ သိပ္ပံပညာရှင်တွေဟာ AIDS ကာကွယ်ဆေး ထုတ်လုပ် သွားနိုင်မယ်လို့
မျှော်လင့်ရတဲ့ ရောဂါကာကွယ်သည့် ပဠိပစ္စည်း နှစ်ခုကို တွေ့ရှိခဲ့ကြောင်း ကြေငြာ သွားခဲ့ပါတယ်။
အခုတွေ့ရှိခဲ့တဲ့ ပဋ္ဋိပစ္စည်းများဟာ HIV ပိုး ၀င်ရောက်မှုကို ၉၀% အထိ ရပ်ဆိုင်း ပိတ်ပင်သွားနိုင်တယ်လို့
ဆိုကြပါတယ်။ ပဋ္ဋိပစ္စည် ဆိုတာကတော့ ကိုယ်ခန္ဓာက ရောဂါကူးစက်မှုကို ကာကွယ်ပေးရန်အတွက် ထုတ်လုပ်ပေးတဲ့
Protein များပဲ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိမှုကို
ဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါများ လေ့လာရေး ဌာနတွင် တွေ့ရှိခဲ့တာပါ။ ပဋ္ဋိဇီဝပစ္စည်းတွေဟာ
ဗိုင်းရပ်(စ်)ပိုးက ကိုယ်ခန္ဓာအတွင်းရှိ သွေးကလာပ်စည်းသို့ တွယ်ကပ်မှုကို ပိတ်ပင်လိုက်တယ်လို့
ကာကွယ်ဆေး ထုတ်လုပ်ရေး သုတေသနမှ ဒါရိုက်တာ Gary Nabel က ဆိုပါတယ်။
Gary
Nabel: “ပဋ္ဋိပစ္စည်းတွေဟာ သွေးကလာပ်စည်းတွေမှာ ဓာတ်ပြု လိုက်ပါတယ်။ ပြီနောက် ဗိုင်းရပ်(စ်)ပိုး
တွေကို မစွမ်းဆောင် နိုင်တော့အောင် ပိတ်ပင်လိုက်ပြီး ကူဆက်မယ့်အဆင့်သို့ မရောက်တော့အောင်
ဗိုင်းရပ်(စ်) ပိုးများ ၀င်ရောက်မယ့် အခွင့်အလမ်းတွေကို လျှော့ချ လိုက်ပါတယ်” ယခုပဋ္ဋိပစ္စည်းကို အမျိုးသားတစ်ဦးတွင် တွေ့ရှိခဲ့တာဖြစ်ပြီး ထိုအမျိုးသား၏
ကိုယ်ခန္ဓာက သဘာဝအလျှောက် ပဠိပစ္စည်းတွေကို ထုတ်လုပ်ပါတယ်။
HIV
ဗိုင်းရပ်(စ်) ကူးဆက်ခံရသူတွေဟာ AIDS အဆင့်သို့ မရောက်ရလေအောင် ဘ၀တစ်လျှောက်လုံး ဆေးဝါး
မှီဝဲရပါတယ်။ ဆေးဝါးပေါင်းစုံ ပါဝင်တဲ့ ဆေးတွေဟာ ဗိုင်းရပ်(စ်)ပိုး မပြန့်ပွားရလေအောင်
ထိန်းသိမ်းထားနိုင်တဲ့ အဆင့်လောက်သာ ထိန်းချုပ်ထားနိုင်တာပါ။ အကယ်၍ မကုသပါက အလွယ်တကူ
နောက်အဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်။
အခြား
တိုးတက်မှုကတော့ အာဖရိကတိုက်တွင် လူငယ်များ၏ ရောဂါပိုး ကူးစက်ခံရမှု အရေအတွက်ဟာ ကျဆင်းသွားတယ်လို့
ကုလသမဂ္ဂက အစီရင်ခံခဲ့ပါတယ်။ ကာကွယ်တိုက်ဖျက်ရေး လုပ်ဆောင်ချက်များကို ထိထိရောက်ရောက်
ဆောင်ရွက်နိုင်ခဲ့မှုအပေါ် U.N AIDS အဖွဲ့က အမှတ်ပေး ပြောဆိုသွားခဲ့တာပါ။ အာဖရိကရှိ လူငယ်တွေဟာ
လိင်ဆက်ဆံမှုကို စနစ်တကျ ကျင့်သုံးနေကြပြီး လိင်ဆက်ဆံဖော် အရေအတွက်လည်း ကျဆင်းသွားတယ်လို့
ဆိုပါတယ်။ ထို့အပြင် ကွန်ဒုံသုံးစွဲမှုလည်း မြင့်မားလာပြီး အာဖရိကရှိ ကူးစက်မှုအမြင့်ဆုံး
နိုင်ငံ ၂၅ နိုင်ငံအတွင်း ၁၆ နိုင်ငံတွင် HIV ကူးစက်မှုဟာ ကျဆင်းနေတယ်လို့သိရပါတယ်။
23rd Jul 2010
ဌေးအောင်ပြည့်
- ကာကွယ်ဆေးအတွက် မျှော်လင့်ချက်သစ်တစ်ရပ်နှင့် အမေရိကန်ပြည်ထောင်စု၏ AIDS တိုက်ဖျက်ရေး
အစီအစဉ်သစ်တစ်ရပ်




