HIV/AIDS ဆိုတဲ့ စကားကို လူတိုင်းလူတိုင်းက
ရင်းနှီးမှု ရှိပြီးသားပါ။ ဒါပေမဲ့ ခုချိန်ထိ ဒီဝေဒနာ ဒီရောဂါကို
ကြောက်ရကောင်းမှန်း မသိသေးတဲ့သူတွေ အများကြီးရှိပါသေးတယ်။ ကျတော်ကတော့ ဒီဝေဒနာ
ဆိုးကြီးကြောင့် နေ့ စဉ်နဲ့ အမျှ ဘ၀နောင်ရေး ရတက်မအေး ဖြစ်နေရပြီ။ ကျတော်
ငယ်စဉ်တုန်းကတော့ လိမ္မာတဲ့ ကလေးတစ်ယောက်ပါဘဲ။ အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့ခါ
ဘ၀ပေးတာဝန် ကျေပွန် အောင် ကိုယ့်ရဲ့ မိသားစု ဘ၀သာယာချမ်းမြေ့အောင်
အလုပ်တွေကြိုးစား လုပ်ကိုင်ရင်းနဲ့  မမျှော်လင့်ဘဲ ကျောက်တူးသမား ဘ၀နဲ့ ဖားကန့် 
ဘက်ကိုရောက်သွားတယ်။ ကျတော် ကျောက်တူးရင်းနဲ့  ငွေနည်းနည်းရလာပြီး အလုပ်ကလည်း
အဆင်ပြေလာတယ်။ ၀င်ငွေ ကောင်းလာတယ် ပေါ့ဗျာ။
ယောက်ျားလေး အများစုက ချမ်းသာတဲ့
ဒဏ်ကိုမခံနိုင်ဘူးလို့ ကြားဖူးပါတယ်။ ကျတော်လည်း အပါအ၀င်ပါဘဲ။ အရက်သောက်တယ်
အိမ်ကို တောင်မှ ငွေပို့ ဖို့ မေ့နေတယ်။ ဘာသာရေးဆိုတာ ဝေးစွ။ နောက်တော့
ကျန်းမာရေးက ချူချာလာတယ်၊ စီးပွားရေး အခြေအနေက ကျလာတယ်။ ဒီတော့မှ ကျတော်
မိုက်ခဲ့တဲ့ အရာတွေကို တွေးမိတယ်။ မူးယစ်ဆေးဝါး သုံးစွဲ အပျော်မင်ခဲ့တဲ့ ကျတော်
ဒီဒဏ်တွေရဲ့ ဆိုးကျိုးတွေ ဆက်တိုက်ခံစား လာရတော့တာပါဘဲ။ ခုဆိုရင် ဒီဒဏ်တွေကြောင့်
HIV ရောဂါပိုး ကူးစက်ခံရတဲ့ အထိဖြစ်ခဲ့တယ်။ ဒီအချိန်မှာ ကျတော် နောင်တ
မရဘဲနေပါ့မလား။ ဖြစ်နိုင်ရင် ကျတော့ ဘ၀ အစကပြန်လိုချင်တယ်။ ကျတော့ရဲ့
သားသမီးတွေကလည်း လူမမယ် အရွယ်လေးတွေ ဆိုတော့ ပိုဆိုးတာပေါ့ဗျာ။
ကျတော့ဘ၀ ခုတော့ ရည်ရွယ်ထားတဲ့ စိတ်ကူးထားတဲ့
အရာတွေလည်း ပျက်ခဲ့ပါပြီ။ ကျတော့လို မဖြစ်ရလေအောင် မူးယစ်ဆေးဝါးရယ် လိင်အပျော်အပါး
လိုက်စားသူတွေကို ကျတော် စေတနာ ရှေ့ ထားပြီး ရင်ထဲမှာရှိတာတွေ ကိုယ်ကြုံတွေ
့ခံစားရတာတွေကို သူတို့ တွေ သိအောင် အသိပညာတွေ ပေးချေင်တယ်။ ရောဂါဆိုတာ ဘယ်ရောဂါမှ
ကောင်းကျိုးပေးတာ မရှိဘူး။ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ် ခြင်းဟာ ပိုမိုထိရောက်တယ်
ဆိုတာကို ကျတော်ပြောချင်ပါတယ်။
Good Health Journal No,123 – 28/3/07




