13
Feb

ကာမထကြွဆေး အတုများ သတိထားပါ

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ (ချစ်သူများနေ့) နီးလာပြီဖြစ်သည်နှင့် အညီ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ကာမအားပေးသည့် ဆေးဝါးများ အရောင်း တွယ်ကျယ်လျက်ရှိကြောင်း သိရသည်။ သို့သော် ဝယ်ယူသူ များမှာ အသက် မပြည့်သေးသူများ လူငယ် အများစုဖြစ်နေကြောင်း၊ အဆိုပါဆေးများကို လိုအပ်သည် မလိုအပ်သည်ကို မသိရှိပဲ သုံးစွဲပြီး မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ခံစားနိုင်သည်ကို မသိရှိ ကြကြောင်း သတင်းရရှိသည်။

အဆိုပါဆေးများအနက် တိုင်းရင်းဆေး၊ အဟာရဖြည့်ပျားရည် အသွင်ဖြင့် ရောင်းချနေခြင်းများလည်း ရှိကြောင်း၊ အဆိုပါ ဆေးများမှာ ထိရောက်သော ဆေးညွှန်းများ၊ သုံးစွဲရန် လမ်းညွှန်မှုများ၊ သတိပေးမှုများ မပါ ရှိကြောင်း သုံးစွဲပြီး ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက် ဆိုးကျိုးများကိုလည်း မဖော်ပြထားပဲ ကာမကို အားပေးသည့် ကြော်ငြာများကိုသာ အဓိက ထည့်သွင်းနေကြောင်း သိရသည်။ ထို့အပြင် အမျိုးသမီများ အသုံးပြုရန် အင်္ဂါ ကျဉ်းမြောင်းစေသည့် ဆေးဝါးများလည်း ပေါ်ထွက်နေပြီး အဆိုပါဆေးဝါးများကို မည်သည့် ကျန်းမာရေး အဖွဲ့အစည်းများ၏ ဆေးဝါး ထောက်ခံချက် မပါရှိပဲ ထုပ်လုပ်ဖြန့်ဖြူးနေသည်မှာ အသုံးပြု သူများ၏ အန္တရာယ်ကို ဂရုမစိုက်ပဲ မိမိအကျိုးအမြတ် တစ်ခုတည်းကိုသာ ရှေးရှု လုပ်ဆောင်ခြင်းဖြစ်ပြီး အရွယ်မရောက်သေး သူများနှင့် ကာမ ဘီလူးများအား အားပေးသလို ဖြစ်နေကြောင်း သိရှိရသည်။

အဆိုပါဆေးဝါးများကို လူမျိုးခြား၊ ဘာသာခြား တစ်ဦးက Skylark အမည်ဖြင့် ဖြန့်ချိနေခြင်းဖြစ်ပြီး အဆိုပါ တံဆိပ်ဖြင့် ကြော်ငြာများမှာ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော အသုံးအနှုန်း စာသား ရုပ်ပုံများ ပါဝင်နေခြင်းကြောင့် သင်္ကြန် ပွဲတော်များတွင် လူပြောများခဲ့သော ကြော်ငြာ တစ်ခုဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

Aphrodisiacs ခေါ်တဲ့ လိင်စိတ်ကြွဆေးတွေ ရှိတာတော့ ရှိပါတယ်။ ရောင်းချ တဲ့ဆေးတွေထဲမှာ ဘာတွေ ဘယ်လောက် ပါသလဲ။ တရားဝင်ရောင်းချခွင့် ရှိတာဟုတ်သလား၊ ဆေးညွှန်း စတာတွေကို အသေအချာ ဖတ်ပြီး ဆရာဝန်ညွှန်မှသာ သုံးသင့်ပါတယ်။
• Alkyl nitrites ဓါတ်ပါတဲ့ဆေးကို Poppers, Boppers and, Snappers စသဖြင့် အရပ်ခေါ်နာမည်တွေနဲ့ရှိတယ်။
• ဘေးထွက်-ဆိုးကျိုးလဲ သိရပါမယ်။ Bremelanotide ဆိုရင် သွေးတိုးစေမယ်။ ဒီဆေးကို ယောက်ျား၊ မိန်းမ သုံးနိုင်တယ်။ နှာခေါင်းထဲ ထည့်တဲ့နည်းသုံးတာမို့ နှာဆေး ဆိုပြီး အရပ်စကားနဲ့ ကိုက်နေတယ်ပြောရ မလားဘဲ။ အရေပြားအောက်လဲ ထိုးတာရှိသေးတယ်။
• Melanotan II, Crocin နဲ့ Phenylethylamine ဆေးတွေလဲ သုံးတယ်။
• Testosterone (တက်စတိုစတီရုန်း) ကျားဟော်မုန်းကိုသုံးတာလဲ လုပ်ကြတယ်။ ဒါပေမဲ့ ဘေးထွက်-ဆိုးကျိုး သတိမထားရင် မှားမယ်။ မိန်းမ၊ ယောက်ျား အသက် ၆ဝ တွေအတွက် သုံးတာများတယ်။
• Yohimbine (ယိဟင်ဘီး) ဆိုတာက အပင်တွေကနေ ထုတ်တာဖြစ်တယ်။ နှလုံးခုန်မြန်မယ်၊ ချွေးထွက်မယ်၊ စိတ်တိုမယ်၊
• Cocaine (ကိုကိန်း) နဲ့ Amphetamines (Methamphetamine) ရာဘ မူးယစ်ဆေးတွေမှာလဲ တစိတ်တဒေသ ဒီအစွမ်းရှိတယ်။ ဘေးထွက်-ဆိုးကျိုးက ပိုဆိုးတာမို့ မသုံးရပါ။
• Pramipexole ဆေးကို စိတ်ကျရောဂါအတွက် SSRI antidepressant drugs စိတ်မကျဆေးတွေကို ရေရှည် သုံးနေရသူတွေမှာ လိင်စိတ်နည်းနေရင်သာ ပေးရတယ်။ အပျော့စားဖြစ်ပြီး ပျို့ချင်တယ်။

Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/04/aphrodisiac.html

(စာဖတ်သူ ပရိတ်သတ်များအတွက် သတင်းထူး၊ သတင်းဦးများကို ကြိုးစားပမ်းစား ဖော်ထုတ်ရေးသားနေပါသည်။ မိမိတို့ Page ၏ သတင်းများကို ခေါင်းပုံဖြတ် ဖော်ပြနေသော အချို့သော Page များ၏ သတင်း Copy ကူးမှုများကို ရှုံ့ချပါကြောင်းနှင့် ဖော်ပြချင်ပါက မူရင်း Page Link ကို တိုက်ရိုက် Share လုပ်ပေးကြပါရန်)
News by: People Development for Knowledge
http://www.facebook.com/pages/People-Development-For-Knowledge/307904635932447

ဒေါက်တာတင့်ဆွေ - ကာမထကြွဆေး အတုများ သတိထားပါ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top