25
Feb

ကာရာအိုကေအမည်ခံ ပြည်တန်ဆာရုံတွင် မြန်မာအမျိုးသမီးများအားဖမ်းဆီး



ထိုင်းနိုင်ငံ
လဘူရီခရိုင်။ ဘန့်ဘုန်မြိုနယ် နခိုခြုံရွာ ၁၃၁ မူ ၁၁ တွင်ဖွင့်လှစ်ထားသော ပန်ပီ ကာရာအိုကေနှင့်
စားသောက်ဆိုင်တွင် ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း ကျေးရွာမှ တိုင်တန်းသဖြင့်
မြို့နယ်ရဲမှူး ၀ီရက  ၀င်ရောက်ဖမ်းဆီးခဲ့ရာ
လော၊မြန်မာ၊ထိုင်းယိုင် (တောင်ကြီးရှမ်း) အမျိုးသမီး (၂၁) ယောက် ဖမ်းဆီးရမိခဲ့သည်။

ဆိုင်ပိုင်ရှင်မှာ
အသက်၂၉နှစ်အရွယ် နိုင်ပထစ်ပုန်ပန်ပီ ဆိုသူဖြစ်သည်။ ဒီသတင်းနဲ့ ပတ်သက်ပြီး နယ်မြေမှူး
နိုင်ပထစ်နိုင်မူမုန်းက “လူကြီးတွေမှာ လာဘ်စားမှုတွေနဲ့ ပတ်သက်ပြီးတော့ မစောင့်ထိန်း
နိုင်ဘူးဆိုရင်၊ ဒုစရိုက်အလုပ်ကို အားပေးသလိုမျိုး ဖြစ်နေမယ်၊ အဲဒါမျိုး ကျနော်တို့
အဖြစ်မခံနိုင်ဘူးလေ။ ဒါ့ကြောင့်မို့လို့ ပြည်နယ်မှူးကစလို့ ပတ်သက်နေသူ ဟူမသမျှကို အရေးယူသွားမှာ
ဖြစ်ပါတယ၊် ရာထူးကြီးချင်သလောက် ကြီးပါစေ၊ ဥပဒေအထက်မှာ တစ်ယောက်မှ မရှိစေရဘူး။ လဘူရီခရိုင်အတွင်း
နောက်နောင် ဒီလိုကိစ္စရပ်မျိုး မပေါ်ပေါက်အောင် ထိန်းသိမ်း သွားမယ်၊ သတင်းလာ လုပ်ကြတဲ့
သတင်းထောက်များကိုလည်း ကျေးဇူးတင်ပါတယ်
ဟုသတင်းစာတွင် ရေးသားဖေါ်ပြထားသည်။

နိုင်ငံခြားသား
အလုပ်သမားများ ကိုင်ဆောင်ထားကြသည့် နေထိုင် အလုပ်လုပ်ကိုင်ခွင့်ဘတ် လက်ဝယ်ရှိသူ ၁၉
ဦး ပါဝင်သော်လည်း အခြားနယ်မြေများမှ ဖြစ်သဖြင့် ရဲမှူးကြီးက ထောက်လှမ်းရေးများ အပါအ၀င်
သတင်းထောက်များနှင့်အတူ သွားရောက် ဖမ်းဆီးခဲ့သည်။ လိင်ပျော်ပါးရန် ပုံစံမျိုးဖြင့်
ပြည့်တန်ဆာမနှစ်ဦးအား တစ်ဦးစီလျှင် ၅၇၀ ဘတ် ပေးချေခေါ်ယူလိုက်ပြီး ဆိုင်နောက်ဖက် လမ်းကြားထဲတွင်ရှိသောအခန်း
ပေါင်း ၂၄  ခန်းမှ ပြည့်တန်ဆာများအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဖမ်းမိသောနိုင်ငံခြားသား
ပြည့်တန်ဆာများအား နယ်မြေဖြတ်ကျော်မှု၊ ပြည်တန်ဆာမှုတို့ဖြင့် အရေးယူသွား မည်ဖြစ်ကြောင်းသိရသည်။

 

Grassroots
Human Rights Education & Development - ကာရာအိုကေအမည်ခံ ပြည်တန်ဆာရုံတွင် မြန်မာအမျိုးသမီးများအားဖမ်းဆီး 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top