25
Jun

ကာလသား ရောဂါများလား၊ ကုရင် အမြစ်ပြတ် ပျောက်ကင်းနိုင်ပါသလား (အမေးအဖြေ)

မေး။    ။ ကျွန်တော် အသက် ၂၉ ရှိပါပြီ။ ကျွန်တော် လွန်ခဲ့တဲ့ ၁ နှစ် ၄ လလောက် တုန်းက လိင်ပျော်မိပါတယ်။ oral sex အနည်းငယ် လုပ်မိပါတယ်။ လိင်ပျော်ခဲ့ပြီး ၉ လ အကြာမှာ မူမမှန်တာ ခံစားမိပါတယ်။ အဲ့ဒါက အရေပြားတွေ ပူတာပါ။ ပထမဆုံး အနီပြင်လေးတွေ ပေါက်ပါတယ်။ အနီဖုလေး သေးသေးလေးတွေပါ။ နဖူးနားမှာ ရင်ဘတ်၊ ပုခုံးနောက်လက်ပြင်မှာ သေးသေးလေးတွေ ပေါက်ပါတယ်။ ပြန်ပျောက်ပျောက်သွားပါ
တယ်။ နောက် ပေါင်မှာလည်း သွေးစူးနာလိုလေး ၂ ဖု ၃ ဖုပေါက်ပါတယ်။ ၂ ပတ်လောက်ကြာပြီး ပြန်ပျောက် သွားပါတယ်။

အဖုလေးတွေ စပေါ်ပြီး ၁ လ ၂ လ လောက် အရေပြားတွေ ပူပါတယ်။ အဖုလေးတွေ စပေါ်တာ ဒီဇင်ဘာလောက်မှာပါ။ ၁ လပိုင်းမှာ အေ၇ပြားတွေ ပူပါတယ်။ ရင်ဘတ် အရေပြားတွေ ပူပါတယ်။ အဖု အနီပြင်လေးတွေ ထွက်ပြီး ကျော၊ ခြေသလုံး၊ လက်ဖျံ၊ အရေပြားတွေလည်း ပူပါတယ်။ ချိုင့်ကြားလည်း တစ်ခါ တစ်လေ ပူပါတယ်။ HIV ဖြစ်မှာ တအားကြောက်ပြီး အင်တာနက်မှာ လိုက်ဖတ်ပါတယ်။ နောက်တော့ သွေးသွားစစ်ပါတယ်။ အခုဆိုရင် သွေး ၅ ခါ စစ်ပြီးပါပြီ။ HIV၊ ဆစ်ဖလစ် မရှိပါ။ ဒါပေမယ့် လျာက နည်းနည်းဖြူ ပါတယ်။

လျာမှာ အနက်ရောင် အစက်ကလေး စပေါ်တာ ၂ လပိုင်းလောက်ကပါ။ အခုဆိုရင် ၄ လလောက် ရှိနေပါပြီ။ လျာနည်းနည်းဖြူပြီး အစက်ကလေးပေါ်တာ အခု အေ၇ပြားမှာ ၀က်ခြံလိုလည်း မဟုတ်ဘဲနဲ့ အညိုရောင် အဖုလေးတွေ နည်းနည်းပေါ် ပါတယ်။ ကျောပြင်မှာ တစ်ခါတစ်ရံ ပူသလိုလို ဖြစ်ပါတယ်။ ကြားဖူးတာက oral sex လုပ်မိရင် ပါးစပ် ကင်ဆာဖြစ်တယ်လို့ ဖတ်ဖူးပါတယ်။ ဘာကြောင့် ကျွန်တော့်မှာ အဲ့လိုတွေ ခံစားနေရပါသလဲ။

ဖြေ။    ။ မိတ်ဆွေ ပြောပြပုံအရ Oral Sex လုပ်တာပဲ ပြောထားပါတယ်။ လိင် အပျော်အပါး လုပ်တုန်းက ကွန်ဒုံး သုံးပါသလား သိချင်ပါတယ်။ ပြောပြထားတဲ့ လက္ခဏာတွေက အရေပြား ရောဂါနဲ့ တူပြီး HIV ပိုး ကူးစက်တဲ့ ပုံစံမျိုးနဲ့ မတူပါဘူး။ စိတ်သောကတွေ ရောက်နေမယ်ဆိုတာ ကိုယ်ချင်းစာ မိပါတယ်။ အကြံပေးချင်တာ ကတော့ အရေပြား အထူးကု ဆရာဝန်နဲ့ ပြစေချင်ပါတယ်။ Oral sex လုပ်ရင် ကင်ဆာဖြစ်တယ်ဆိုတာ မဟုတ် ပါဘူး။ ကင်ဆာဖြစ်ဖို့ အလွန်ပင် ရှားပါတယ်။ အခုဖြစ်နေတဲ့ ၀က်ခြံတွေ၊ လျှာက အဖုတွေ အတွက် အရေပြား ဆရာဝန်နဲ့သာ ပြသပါ။ ဆရာဝန်ကိုလည်း Oral sex ကိစ္စအကြောင်း ပွင့်လင်းစွာ ဆွေးနွေး တိုင်ပင်စေချင် ပါတယ်။

မေး။    ။ ကာလသားရောဂါကို ဆေး (ပနက်ဆလင်) နဲ့ကုရင် ရောဂါက အမြစ်ပြတ်ပြီး ပျောက်နိုင်သလား၊ ကုသနေတဲ့ အချိန်တွင်းမှာ လိင်အဂါင်္ကို ပါးစပ်နဲ့ ဆက်ဆံခဲ့မိတယ် ဆိုရင်ရော ကုသတာ ပျောက်ကင်းနိုင်ပါ့မလား။ ဘာတွေ ကုသဖို့ လိုအပ်ပါသလဲ။

ဖြေ။    ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတော့ ပင်နစလင်ဆေးက နတ်ဆေးတမျှ စွမ်းပါတယ်။ ကာလသား ရောဂါ အတော်များများကို ကုနိုင်ခဲ့ပါတယ်။

အခုအခါမှာ ကာသလားရောဂါတွေကို ပင်နစလင်က မကုနိုင်တော့ပါဘူး။ အကြောင်းရင်းတွေကတော့ -
၁) (ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ကာလသားရောဂါကို ပင်နင်စလင်ဆေး မတိုးတော့ခြင်း (သို့) ဆေးယဉ်ပါးခြင်း
၂) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ကာလသားရောဂါကို ပင်နစလင်ဆေးက လုံးဝ မကုပေးနိုင်ပါဘူး။

လူအတော်များများက ပင်နစလင်ဆေးကို မိမိသဘောနဲ့ သောက်ကြတဲ့ အတွက် ဆေးယဉ်ပါးမှုတွေ နေရာတိုင်းမှာ ကြုံနေရပါတယ်။ ကာလသားရောဂါဟာ အမျိုးပေါင်း ၄၀ ကျော်ရှိပြီး ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုး
စတာတွေကြောင့် ဖြစ်နေတဲ့ အတွက် ပင်နစလင်က ဘက်တီးရီးယား တစ်မျိုးကိုသာ သတ်နိုင်ပါတယ်။

လိင်အင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံရင် ကာသလားရောဂါ ကူးပါတယ်။ ပါးစပ်မှာ နှုတ်ခမ်းမှာ လျှာမှာ သွားဖုံးမှာ ကူးနိုင်ပါတယ်။ ပိုးအပေါ်မူတည်ပြီး ကုသရတာ ကွဲပြားပါတယ်။ မကုသမီ သွေးစစ်ရပါတယ်။ သွေးအဖြေရမှ သက်ဆိုင်ရာရောဂါကို ကုသလို့ရပါတယ်။

ဒါ့အပြင် အိမ်ထောင်သည်တွေ ဆိုရင် ဇနီးမောင်နှံ နှစ်ဦးစလုံး အတူတူရောဂါ ကုသရပါတယ်။ လင်ယောက်ျားပဲ ကုနေရင် အမျိုးသမီးမှာ ကူးစက်တာ နောက်ကျမှ သိရတဲ့ အတွက် အပြန်အလှန် ပြန်ကူးနိုင်ပါသေးတယ်။ကာလသားရောဂါ ရှိနေသူမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံရင် HIV ကူးနိုင်ခြေ သာမန်လူထက် အဆ ၄၀ ပိုပါတယ်။ ကာသလားရောဂါဟာ ဘက်တီးရီးယားပိုး၊ မှိုပိုးဆို၇င် ကုသရတာ လွယ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကာသလားရောဂါကို အမြစ်ပြတ်အောင် ကုသလို့မရပါ။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top