လူ့ကိုယ်ခန္ဓာကိုယ်မှာ တွေ့ရှိတဲ့
ဗိုင်းရပ်ပိုးကြောင့် တွေ့ရှိတဲ့ ဖျားနာမှုတွေ ကာကွယ်ရေး ခံစစ်တံတိုင်းတွေကို
အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုးတွေက ဘယ်လို ကျူးကျော်ဝင်ရောက် သွားတယ်ဆိုတာ
ရှာဖွေတွေ့ရှိထားပြီလို့ အမေရိကန် သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
ဗိုင်းရပ်ပိုးကို တိုက်ဖျက်ဖို့ ခန္ဓာကိုယ်က
စေလွှတ်လိုက်တဲ့ တီကလပ်စည်းတွေကို အိတ်ခ်ျအိုင်ဗွီပိုးက စွမ်းအားမရှိတော့အောင်
လုပ်ပစ်လိုက်တယ်။ တီကလပ်စည်းတွေ အပေါ်မှာရှိတဲ့ မောလီကျူလာ စကုပ်တွေကို
ဖွင့်ပစ်လိုက်ပြီးတော့ စွမ်းအားမရှိတော့အောင် လုပ်ပစ် လိုက်တယ်။ စမ်းသပ်ခန်းထဲမှာ
သုတေသီတွေက မော်လီကျူလာ စကုပ်တွေကို ပြန်ပိတ်ပြီး တီကလပ်စည်းတွေကို
ပြန်အလုပ်လုပ်အောင် ပြန်လုပ်ပေးအောင် လုပ်ပေးနိုင်ပြီ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
သည်လို ထပ်တူလုပ်ပေးနိုင်စွမ်းရှိတဲ့ ဆေးဝါးတွေလဲ
တွေ့ရှိထားပြီလို့ ဆိုပါတယ်။ သို့သော် ပိုမိုစိတ်ချဖို့ရန်အတွက် ဆက်လက်ပြီး
လေ့လာဖို့ လိုအပ်နေသေးတယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုပါတယ်။
တွေ့ရှိထားတဲ့ ဆေးဝါးတွေကလဲ အလွန်အမင်း
ထူးထူးခြားခြား ဆေးဝါးမျိုးတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ အလွန်ရှုပ်ထွေးတဲ့
ဘေးထွက်ဆိုးကျိုးတွေ ကိုတော့ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံ မက်ဆာချူးဆက် အထွေထွေ ရောဂါကု
ဆေးရုံကြီးရဲ့ ဟောင်းဝပ်ဟူးခ်ျ ဆေးသိပ္ပံမှ သုတေသန ပညာရှင် ဘရုစ်ဝေါလ်ကာက ယခုသုတေသန
အဖွဲ့ကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဘရုစ်ဝေါလ်ကာ က ပြောရာတွင် ကျတော်တို့ဟာ
ဒီဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာတော့ လေ့လာရဦးမှာပါ။
ဘာကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအားစနစ်ကို ပုံမှန်ဖြစ်အောင် ပြန်လုပ်ပေးလိုက်တဲ့အခါ
ခန္ဓာကိုယ်က အဲဒီလို ဆုံးဖြတ်လိုက်တော့မယ်။ သည်အခါမှာ ကိုယ်ခံအား
ပွင့်လင်းလာခြင်းဆိုင်ရာ အရေးကြီးတဲ့ ပြဿနာတွေ ထပ်ဖြစ်လာနိုင်တယ်လို့ သတိပေး
ပြောဆိုပါတယ်။
Ref: BBC,Aug 20,2006
The Kumudra Weekly (1-9-2006)




