• ၉-၁၁-၂ဝ၁၁ နေ့က သတင်းတခုမှာလဲ Drospirenone ဟော်မုန်းပါတဲ့ တားဆေးတွေ သုံးခဲ့ကြတဲ့ အစ္စရေးလ် အမျိုးသမီးပေါင်း ၃၃ဝဝဝဝ ကိုလေ့လာပြီး Venous thromboembolisms အတွင်းပိုင်း သွေးပြန်ကြောပိတ်ရောဂါဖြစ်စေတဲ့ အန္ကရာယ် ပိုများကြတယ်လို့ ပါရှိပါတယ်။
• အမျိုးသမီးပေါင်း ၁ဝဝဝဝ မှာ ၆ ယောက်တွေ့တာမို့ အရေအတွက်နဲ့ပြောရရင် သိပ်တော့ မများလှပါ။
• ဒုတိယမျိုးဆက် နဲ့ တတိယမျိုးဆက်တွေကိုသုံးရင် ၁ဝဝဝဝ မှာ ၁ဝ ယောက်ဖြစ်တတ်လို့ များပါသေးတယ်။
• ဒါပေမဲ့ Drospirenone ဟော်မုန်းပါတဲ့ တားဆေးတွေသုံးရင် ၄၃% ရှိတယ်။ တားဆေးအားလုံးဟာ အနည်းနဲ့ အများ သွေးခဲတာ ဖြစ်စေနိုင်တယ်။ ဒါပေမဲ့ သိပ်ပူပင်စိုးရိမ်စရာတော့ မလိုပါ။ ဆရာဝန်နဲ့ တိုင်ပင်သုံးရင် စိတ်ချနိုင်ပါတယ်။ အသက်ကြီးတာ၊ လူဝတာတွေက အန္ကရာယ်ရှိတယ်။
• ကိုယ်ဝန်ဆောင်ရတာကိုကလဲ အဲဒီ အန္ကရာယ် ရှိနိုင်ပါဘဲ။ ကိုယ်ဝန်ဆောင် ၁ဝဝဝဝ ထဲက ၂ဝ မှာ သွေးခဲတာ ဖြစ်ကြတယ်။ ဆိုလိုတဲ့သဘောက တားဆေး သောက်ပြီး ကိုယ်ဝန်မဆောင်သူတွေက ပိုတောင်နည်းသေးတယ်။ သေဆုံးမှုကို ယှဉ်ရင်လဲ ကိုယ်ဝန်နဲ့သေဆုံးရတာက သွေးခဲလို့သေဆုံးရတာထက် အဆ ၁ဝဝ ပိုတယ်။
• Progestin ပါတဲ့နှုန်းက တားဆေး မျိုးဆက်နဲ့ အတူပြောင်းလဲတယ်။ Second-generation pills ဒုတိယမျိုးဆက်တွေမှာ Progestins Levonorgestrel ဒါမှမဟုတ် Norgestrel ပါတယ်။ ဒါတွေက ဘေးထွက်ဆိုးကျိုး Acne ဝက်ခြံ နဲ့ Body-hair ကိုယ်မွှေးပေါက်တာတွေ ဖြစ်စေနိုင်တယ်။
• ဒါကြောင့် တတိယမျိုးဆက် တားဆေးတွေ ၁၉၈ဝ မှာ ပေါ်လာတယ်။ ဒါပေမဲ့ Blood clot risk သွေးခဲစေတတ်တာ သိလာရတယ်။
• တတိယမျိုးဆက် Yaz ကို ၂ဝဝ၆ ခုနှစ်မှာ စသုံးလာခဲ့တယ်။ ပေါ်ပြူလာဖြစ်လာတယ်။ ကမ္ဘာမှာ Yaz နဲ့ Beyaz ဆေး ရောင်းရငွေ ၂ဝ၁၁ ပဌမ ၉ လ အတွင်း ၁့ဝ၇ ဘီလျန် ရှိတယ်။ ကြော်ညာတုံးက ကိုယ်အလေးချိန် သိပ်မတိုးစေဘူး။ ကိုယ်မရောင်စေဘူးလို့ ဖြစ်တယ်။ ဒီဆေး ၂ မျိုးကို ဝက်ခြံကုဘို့လဲ သုံးသေးတယ်။ PMS ရာသီလာချိန် နာတာအတွက်လဲ သုံးနိုင်တယ်။
• တကမ္ဘာလုံးမှာ တားဆေး သုံးနေသူပေါင်း သန်း ၁ဝဝ ရှိမယ်။ ဗြိတိန်မှာဆိုရင် မျိုးပွါးနိုင်သူတွေထဲက ၃ ယောက်မှာ ၁ ယောက်သုံးတေယ်။ ၁၉၅၆ နှစ်က (ပွါတိုရီကို) မှာ စသုံးနေခဲ့တာကနေတွက်ရင် ၅၅ နှစ်ရှိနေပါပြီ။
• Royal College of General Practitioners ကနေ ၂ဝ၁ဝ အစီရင်ခံစာအရ တားဆေးသုံးသူတွေဟာ ကင်ဆာဖြစ်ဘို့ ၁၂% နည်းတယ်။
• အနှစ် ၄ဝ ကြာ အမျိုးသမီးပေါင်း ၄၆ဝဝဝ ကိုလေ့လာတော့ တားဆေးသုံးသူတွေဟာ ကင်ဆာ နဲ့ နှလုံးရောဂါကြောင့် သေဆုံးရတာ ပိုနည်းတာ တွေ့ရတယ်။ ရင်သားကင်ဆာဖြစ်နှုန်း မထူးခြားဘူး။
• ၂ဝ၁၁ မေလထဲမှာ ပညာရှင် Anne Szarewski ကနေ GPs အစည်းအဝေးမှာပြောတာက Thrombosis သွေးခဲစေတာရဲ့ တခုတည်းသော အန္ကရာယ်ဟာ Overweight လူအဝလွတ်တာ ဖြစ်ပါတယ်တဲ့။
• ဟော်မုန်း ၂ မျိုးပါတဲ့ Pill နဲ့ ၁ မျိုးထဲပါတဲ့ Mini-Pill မတူပါ။ ၂ မျိုးပါတာက ဘေးထွက်ဆိုးကျိုး ပိုပေမဲ့ ၁ မျိုးထဲပါတာ ထိရောက်မှု နဲနဲနည်းတယ်။
• Qlaira နာမည်နဲ့ တားဆေးသစ်မှာ ထုံးစံ ၂၈ လုံးမှာ မဟုတ်ဘဲ ၂၆ လုံးမှာသာ ဟော်မုန်းထည့်ပေးထားတယ်။
• ချုပ်လိုက်ရင် ငြင်ခုန်မှုတွေ အားကောင်းတယ်။ သုတေသနတွေလဲ အားကောင်းတယ်။ ပိုကောင်းတာတွေ ဖြစ်လာစရာ ရှိပါတယ်။
• ဒိထက်ကောင်းတာ မရှိသေးခင်၊ လက်ရှိထဲက အကောင်းဆုံးကိုသာ သုံးကြရမှာပါ။
ဒေါက်တာတင့်ဆွေ (၉-၁၁-၂ဝ၁၁)
ဒေါက်တာတင့်ဆွေ - ကိုယ်ဝန်တား စားဆေး (အဆက်)




