ကျွန်မမှာ ကိုယ်ဝန်နှစ်လ ရှိနေပါပြီ။ အန်ပါတယ်။ ခေါင်းလဲ တအားမူးပြီး ခေါင်းကိုက်လာပါတယ်။ စာလဲဖတ်လို့ မရတော့ပါဘူး။ အဆိုးဆုံးကတော့ အစာစားလို့ မဝင်တာပါ။ အန်ချင်ပြီး ကိုယ်လက် မအီမသာနဲ့ အန်မှာကို တအားဆိုးတာနဲ့ အစာက မဝင်တော့တာပါ။ အန်ရင်လဲ လမ်းလယ်ခေါင်မှာ ထိုးအန်ပါတယ်။ အနေရတအား ခက်ပါတယ်။ လည်ချောင်းမှာ ဆို့နေသလိုခံစားရပြီး အစာစားပြီးရင်လဲ ဗိုက်က ကယ်နေပါတယ်။ နိုင်ငံရပ်ခြားမှာဆိုတော့ ဆေးခန်း သွားဖို့ ခက်ခဲပါတယ်ဆရာ။
ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness "ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ" လို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမည် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ဖြစ်တယ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပါတ်မှာ စတတ်ပြီး၊ ၁၂ ပါတ်ရောက်ရင် သက်သာသွားကြတယ်။
မိခင်လောင်းမှာ မေးတဲ့သူပြောသလို အတော်အနေရခက်တယ်။ အန်တာက အတော်အသင့် ဆိုးတာနဲ့ လက်ထိုးအန်တာ ဖြစ်နိုင်တယ်။ တခြား အန်တဲ့ရောဂါတွေလို ဆေးကုစရာ မလိုပါ။ ကလေးကိုလဲ မထိခိုက်စေပါ။ ဆိုးရင်တော့ ရေဓါတ်-ဆားဓါတ် ခန်းခြောက်တာဖြစ်နိုင်တယ်။ ကိုယ်အလေးချိန် ကျမယ်။ Alkalosis (အယ်လ်ကာလီ) ဓါတ်များတာ နဲ့ Hypokalemia (ပိုဆက်ဆီယမ်) နည်းတာတွေ ဖြစ်မယ်။
ဘာလို့ဖြစ်သလဲ-
• အနံ့အသက်တချို့ကို မကြိုက်ဖြစ်တာကြောင့်လား ထင်ရတယ်။
• Estrogen (အီစထိုဂျင်) ဟော်မုန်း များလာလို့ထင်ကြတယ်။ အရင်ကထက် အဆ ၁ဝဝ အထိများလာတယ်လို့ တချို့ကဆိုတယ်။ အသေအခြာ ဒါကြောင့်လို့ မပြောနိုင်ပါ။
• သကြားဓါတ်နည်းလို့လဲ ထင်တယ်။ ကလေးဆီ အချင်းကတဆင့်ပို့ပေးရလို့ နည်းတာ။
• Progesterone (ပရိုဂျက်စတီရုန်း) များလာလို့ သားအိမ်ကြွက်သားတွေ လျှော့လာစေသလို အစာအိမ် ကြွက်သားကိုလဲ အဲလိုလျှော့စေမလား ထင်ရတယ်။
• Human chorionic gonadotropin ဟော်မုန်း များတာလဲ စဉ်းစားတယ်။
• Bilirubin levels အသဲ (အင်ဇိုင်းမ်) များလာကြောင့်လားလဲ စဉ်းစားတယ်။
• ကာကွယ်စနစ်အနေနဲ့လဲ စဉ်းစားတယ်။ အထဲကကလေးကို မအေစားတဲ့ထဲပါတဲ့ အဆိပ်အတောက်တွေရန်ကနေ အကာကွယ်ပေတာလား စဉ်းစားလာတယ်။ ပျို့တာ-အန်တာမဖြစ်တဲ့ ကိုယ်ဝန်က ပိုပျက်ကျတတ်တယ်လို့ ထင်တယ်။ မိခင်ကိုလဲ တနည်းတလမ်းနဲ့ ကာကွယ်တာလဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ရင် ခုခံစနစ်အား နည်းလာတယ်။ မသင့်တာကို အန်ပြစ်တဲ့သဘောဖြစ်မလား ယူဆတယ်။
ဘယ်လိုကုသမလဲ-
ဖြစ်စေတာ မသေခြာလို့ ကုသနည်းဟာလဲ မရေရာလှပါ။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။
• အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။
• အစားအသောက်မှာ (ဖိုင်ဘာ) များတာ စားပေးပါ။ အဆီလဲ စားဘို့ လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလဲ အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။
• စားပြီးရင် လဲလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။
• သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။
• သံပရာ၊ ရှောက်သီး၊ လိမ်မော်သီးတွေက အကျိုးများစေတယ်။
• Ginger capsules, Ginger tea ချင်း (ဂျင်း) ဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။
• အန်ရင် ရေခဲငုံပါ။
• တခါစားရင် နဲနဲချင်းစားပါ။
• တမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။
• မနက် မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။
• အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊ အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊
• ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။
• Acupressure wristbands လက်မှာပတ်ထားပါ။ Sea Bands နဲ့ Relief Band Device တွေလဲသုံးနိုင်တယ်။
• Salty potato chips စားနိုင်တယ်။
• Preggie Pops lollipops ငုံထားပါ။
• သံဓါတ်အားဆေးကြောင့်ထင်ရင် Slower-release ဖြစ်ဖြစ် Lower-dose iron pills ဖြစ်ဖြစ် ပြောင်းသောက်ပါ။
• Vitamin B6 50 mg (ဗီတာမင် ဘီ ၆) သောက်ပါ။
• ဆားဓါတ် ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလဲ အန်ရင် Ringer Lactate drip သွင်းပါ။ Alkalosis (အယ်လ်ကာလီ) ဓါတ်များတာ၊ Hypokalemia (ပိုဆက်ဆီယမ်) နည်းတာတွေက တခြား အကြောင်းတွေကနေဖြစ်သလို ကုသမှုမျိုး မလိုတတ်ပါ။
သိပ်ဆိုးရင်တော့ Hyperemesis gravidarum ဆိုတာ ၁% မှာ ဖြစ်တယ်။ ဖြစ်ရင် Thalidomide ဆေးဟာ အနောက် ဂျာမဏီမှာ အရင်သုံးခဲ့တယ်။ အခုမသုံးတော့ပါ။ Zofran (Ondansetron) ဆေးကို အမေရိကားမှာ အများဆုံးသုံးတယ်။ မရသေးရင် Methylprednisolone IV ဆေးပေးမယ်။ ကိုယ်ဝန် ၁ဝ ပါတ် ထက်စောရင်တော့ မပေးဘူး။ အင်္ဂလန်မှာ Promethazine နဲ့ Metoclopramide, Prochlorperazine တွေသုံးတယ်။
Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-vomiting.html
ဒေါက်တာတင့်ဆွေ (၂၅-၆-၂ဝ၁၂)
ဒေါက်တာတင့်ဆွေ - ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ




