4
Nov

ကိုယ်ဝန် နဲ့ သုက်လွှတ်ခြင်း

မေး။    ။ - အမျိုးသမီးတွေက ကိုယ်ဝန်ရှိတာကို ဘယ်လိုသိနိုင်ပါသလဲ။ ဆက်ဆံပြီး အချိန်ဘယ်လောက်ကြာမှ သိနိုင်ပါသလဲ။
             - ရှိပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်ပါသလဲရှင်။
             - နောက်ပြီး အမျိုးသားတွေက သုက်လွတ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် သိနိုင်ပါလား။
             - အမျိုးသားနဲ့ အမျိုးသမီး ဆက်ဆံတုန်းမှာ အမျိုးသားတွေက သုတ်မလွတ်ရင် ကိုယ်ဝန် မရနိုင်ဘူးလားဆရာ။
             - နောက်ပြီး မေးချင်တာရှိရင် နောက်ထပ်ဆရာဆီကို မေးပို့ပြီးမေးလို့ ရပါသလားရှင်။

ဖြေ။    ။ “အမျိုးသမီးတွေက ကိုယ်ဝန်ရှိတာကို ဘယ်လိုသိနိုင်ပါသလဲ။ ဆက်ဆံပြီး အချိန်ဘယ်လောက်ကြာမှ သိနိုင်ပါသလဲ။ ရှိပြီဆိုရင် ဘယ်လို လက္ခဏာတွေ ပြနိုင်ပါသလဲရှင်။” မေးတာတွေအတွက် -
၁။ Become pregnant ကိုယ်ဝန်ရနိုင်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇)
၂။ ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း တွေကို ပို့လိုက်ပါတယ်။

“မေးချင်တာရှိရင် နောက်ထပ်ဆရာဆီကို မေးပို့ပြီးမေးလို့ ရပါသလားရှင်။” အတွက် ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်း မေးနိုင်ပါတယ်။

“နောက်ပြီး အမျိုးသားတွေက သုက်လွတ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် သိနိုင်ပါလား။ အမျိုးသားနဲ့ အမျိုးသမီး ဆက်ဆံတုန်းမှာ အမျိုးသားတွေက သုတ်မလွတ်ရင် ကိုယ်ဝန် မရနိုင်ဘူးလားဆရာ” မေးခွန်းကို ဖြေပါမယ်။

အမျိုးသားတွေက သုက်လွတ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် သိနိုင်ပါတယ်။ သုက်လွှတ်ချိန်ဟာ အထွတ်အထိပ် ဖြစ်နေချိန်ဖြစ်တယ်။ ဆေးစာ (အင်္ဂလိပ်စာ) နဲ့ Orgasm လို့ရော Climax လို့ပါ ခေါ်တယ်။ သုက်လွှတ်ခြင်းကိုတော့ Ejaculation လို့ ခေါ်တယ်။ အဲဒီ ဖြစ်စဉ်ပြီးတာနဲ့ အမျိုးသားဟာ ယာယီသဘောပြောပြော ဒီတခါဘဲပြောပြော လိင်ကိစ္စ ပြီးဆုံးသွားတဲ့သဘော ဖြစ်တယ်။ စိတ်ရော ရုပ်ပါ၊ တခန်းရပ်သွားတယ်။ နောက်တကြိမ် ပြန်ဖြစ်ဘို့ အချိန် ယူရသေးတယ်။ မိနစ်ပိုင်းသာ ကြာတာလဲ ဖြစ်ပါတယ်။ တခါတလေ တနေ့တွက်တာ တခါနဲ့ ပြီးသွားတယ်။ တခါတလေ ဘယ်တော့ ပြန်ဖြစ်မယ် မပြောနိုင်ဘူး။

အဲဒီအဆင့် မဖြစ်ဘဲနဲ့ လိင်ကိစ္စကို ဒီတကြိမ်အတွက် အဆုံးမသတ်ဘူး။ အဆုံးမသတ်ချင်ဘူး။ ယောက်ျားမှာ အဲလို ကျေနပ်မှု ရသွားတာမျိုးဟာ မိန်းမတွေက ဆက်ဆံမှု အကြိမ်တိုင်းမှာ အဲလိုဖြစ်ချင်မှ ဖြစ်တယ်။ ယောက်ျားတွေက ဖြစ်တယ်။ ယောက်ျားမှာ မဖြစ်ဘူးဆိုတာ မရှိသလောက်ပါ။ အကြောင်းတခုခုကြောင့်သာ အဲဒီအဆင့်အထိမရောက်ဘဲ ရပ်နားလိုက်ရတာတော့ ရှိနိုင်တာပေါ့။

အဲလို Ejaculation သုက်လွှတ်ချိန်မှာ ယောက်ျားမှာ ထူးခြားမှုတွေ အများကြီးရှိသေးတယ်။ စိတ်ကျနပ်မှုရမှုရမယ်။ အထွတ်အထိပ်ကို ခံစားရမှုရမယ်။ ကျားအင်္ဂါထိပ်ဝ (ဆီးထွက်ပေါက်) က Sperm သုက် ခေါ်တဲ့ အရည်ထွက်မယ်။ သုက်ထွက်တာက ပန်းထွက်တာမျိုး။ Rhythmic contractions စည်းချက်ကျကျ ပန်းထွက်တာမျိုးဖြစ်တယ်။ Spinal reflex ခါးရိုးထဲက အာရုံကြော တုံ့ပြန်မှုကနေ အဲလို ဖြစ်စေတယ်။ တိတိကျကျပြောရရင် နံပါတ် S2-4 တင်ပါးဆုံအကြောနံပါတ် ၂ နဲ့ ၄၊ Pudendal nerve (ပြူဒင်တယ်) အာရုံကြောကနေ ဖြစ်စေတယ်။ စုစုပေါင်း စက္ကန့်တွေ အများကြီး အချိန်ကြာတယ်။ ပန်းထုတ်တဲ့ အကြိမ်ရေ မတူတတ်ဘူး။ ၁ဝ-၁၅ ကြိမ် ဖြစ်တာ များတယ်။ ပဌမဦးဆုံးတကြိမ် ညှစ်ထုတ်မှု First contraction ဖြစ်တာနဲ့ နောက်ဆက်မဖြစ်အောင် ထိန်းလို့ လုံးဝ မရတော့ပါ။ ပန်းထုတ်တဲ့အား သန်ရာကနေ တဖြေးဖြေး ပျော့လာလိမ့်မယ်။  အစမှာ Contraction ဟာ ဝ့၆ စက္ကန့်ကနေ နောက်ပိုင်း ဝ့၁ စက္ကန့်သာ ကြာတယ်။

Ejaculation သုက်လွှတ်တာဟာ Stimulation ဆိုတဲ့ နှိုးဆွမှုတွေ ပြည့်စုံ-ကျေနပ်ရင်ရတယ်။ အဖေါ်မိန်းကလေး မပါဘဲ သူတယောက်ထဲလဲ (မာစတာဘေးရှင်း) လုပ်ပြီး ဖြစ်နိုင်တယ်။ Sympathetic nervous system (ဆင်ပသပ်တစ်) အာရုံကြော စနစ်ကနေ လုပ်ပေးတာ ဖြစ်တယ်။ ဖြစ်စဉ်အစပိုင်းမှာ သူ့ရဲ့ Urethra (ယူရစ်သရာ) ဆီးပြွန်မှာ Pulses ခုန်လာတာမျိုး သိလာမယ်။ ခုန်တယ်ဆိုတာ ဆရာဝန်တွေက လူနာရဲ့ လက်ကောက်ဝတ်မှာ စမ်းတာမျိုး ဖြစ်တယ်။

Ejaculation သုက်ထွက်လာမှာက ပဌမ ၁-၂ ကြိမ် ညှစ်တာမှာ ဖြစ်တယ်။ ဒုတိယညှစ်တဲ့အချိန်ထွက်တာ အများဆုံး။ သုက်စုစုပေါင်းရဲ့ ၄ဝ% ထွက်တယ်။ ထွက်တာရပ်ပြီးလဲ ညှစ်အားဆက်ရှိနေသေးတယ်။ ပန်းထုတ်တာက ၅-၁ဝ ကြိမ်ဖြစ်တယ်။ နောက်သုတေသန တခုက ၅-၂၃ ကြိမ်အထိရှိတာ သိရတယ်။ အကြိမ်များတိုင်း အရည်များတာတော့ မဟုတ်ဘူး။

ဒီဖြစ်စဉ်တွေကို ယောက်ျားဟာ မသိမရှိ သိပါတယ်။ အဖေါ် မိန်ကလေးကိုယ်တိုင်ပါ ယောက်ျား အဲလိုဖြစ်နေတာကို ခံစားပြီး သိစေနိုင်တယ်။ ဒါလိုဖြစ်တာကို မိန်းကလေးက ပိုပြီး သာယာတယ်။ ကိုယ်ဝန်တားနည်းတခုဖြစ်တဲ့ Withdrawl method သုက်ရည် အပြင်ထုတ်ပြစ်ခြင်း လုပ်တာကို တချို့ မိန်းကလေးတွေအတွက် သာယာမှု နည်းစေတတ်တယ်။

"အမျိုးသားနဲ့ အမျိုးသမီး ဆက်ဆံတုန်းမှာ အမျိုးသားတွေက သုတ်မလွတ်ရင် ကိုယ်ဝန် မရနိုင်ဘူးလားဆရာ။"

တည့်တည့် ဖြေရရင် ယောက်ျားက မိန်းမရဲ့ (ဗဂျိုင်းနား) ထဲမှာ သုက်မလွှတ်ရင် ကိုယ်ဝန်မရစေပါ။ သုက်ထဲမှာသာ သုက်ပိုးပါတယ်။ ယောက်ျားမှာ ကနဦး စိုစွမ်မှုဖြစ်တဲ့ Semen အရည်ထဲမှာ သုက်ပိုး မပါပါ။ ကျန်းမာ သန်စွမ်းတဲ့ သုက်ပိုးတွေက မ-မျိုးဥနဲ့တွေ့ဆုံ-ပေါင်းစပ်မှသာ သန္ဓေဖြစ်စေတယ်။ သုက်ရည် ဆိုတာထဲမှာ Sperm (စပမ်း) သုက်ပိုး နဲ့ Seminal fluid (ဆီမီနယ်) အရည် ရောနေတယ်။ သုက်ရည် ၁ စီစီထဲမှာ သုက်ပိုး ကောင်ရေ သန်း ၂ဝ ပါတယ်။

Ejaculation သုက်လွှတ်တယ်လို့ဘဲခေါ်တဲ့ ဖြစ်စဉ်မှာ တချို့ယောက်ျားတွေက သုက်ပိုးမပါဘူး။ Anejaculation သုက်မထွက်နိုင်ခြင်း ထဲမှာလဲ ၂ မျိုးရှိတယ်။ (၁) Total anejaculation လုံးဝ သုက်မလွှတ်နိုင်ခြင်း၊ ဘယ်အခါမျိုးမှာမ သုက်ကထွက်မလာသူမျိုး။ ဒီလို ဖြစ်တာမှာ အိပ်မပျော်တဲ့ အချိန်မျိုးမှာ ဘယ်လိုလုပ်လုပ် သုက်မထုတ်နိုင်ပေမဲ့ အိပ်ပျော်နေတုံး ဖြစ်နိုင်တယ်။ ဒီလိုဖြစ်တာ စိတ်ကြောင့်ပါ။ (၂) Orgasmic anejaculation စိတ်ဆန္ဒပြည့်ဝမှု ရနိုင်ပေမဲ့ သုက်က မပါဘူး။ ထွက်မှန်းမသိ၊ ဒါမှမဟုတ် အနည်းအပါး လောက်သာ ထွက်မယ်။ သုက်ထွက်ပြွန်မှာ ပိတ်နေတာ၊ အာရုံကြော မကောင်းတာ နဲ့ Retrograde ejaculation သုက်ပြောင်းပြန် ထွက်တာတွေကြောင့် ဖြစ်နိုင်တယ်။ ကလေးမရစေတဲ့ အကြောင်းတွေထဲက တခုဖြစ်တယ်။

- Anejaculation သုက်မထွက်ခြင်း
- Sperm and Semen သုက် နဲ့ သုက်ရည်
- Methods of semen colleaction သုက်ရည် ထုတ်ယူနည်း
- Semen Analysis သုက်ရည်ရဲ့ အရည်အသွေး
- Sperm count သုက်ပိုးများစေနည်း
- Male orgasm ယောက်ျား ပြီးခြင်း တွေကိုလဲ ဖတ်နိင်ြပါတယ်။

ဒေါက်တာတင့်ဆွေ (၃-၁၁-၂ဝ၁၁)

ဒေါက်တာတင့်ဆွေ - ကိုယ်ဝန် နဲ့ သုက်လွှတ်ခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top