7
Mar

ကိုယ်သန်ရာ ကိုယ်လုပ်ဖို့ ရတနာ့မေတ္တာ အဖွဲ့ မှကူညီမည်



ရတနာ့ မေတ္တာမှ PLHA ( People loving with
HIV/AIDS) တွေကို အရင်းအနှီးမတည် ပေးမှုအပြင် ၀င်ငွေတိုးစေမယ့် လုပ်ငန်းတွေပါ
တိုးချဲ့ ကူညီဖို့ ရှိတယ်လို့ သိရပါတယ်။

 

အရင်းအနှီးမတည်ပေးမှု ဆိုရာမှာ ၂၀၀၆ ခုနှစ်
မေလထဲမှာ PLHA မိသားစု ၆၀ ကို စတင်မတည်မှု ပေးခဲ့တာပါ မိမိသန်ရာအလုပ် တကယ်
လုပ်မယ့်သူကို အရင်းအနှီး ပံ့ပိုးပေးကြတာပါ။ အခုဝင်ငွေတိုးလုပ်ငန်း ၂၀၀၇
ခုနှစ်မှာပြုလုပ်ပေးမှာက မိမိကိုယ်တိုင် တတ်ကျွမ်းတဲ့အလုပ်အပြင် PLHA အဖွဲ
့ထဲက ကိုယ်တတ်ကျွမ်းတဲ့ အလုပ်ကို အချင်းချင်း နည်းပညာ ဖြန့် ဖြူးလုပ်ကိုင်စေမယ်လို
့သိရပါတယ်။

 

ရတနာ့မေတ္တာမှ ဦးမြင့်ဆွေက “ ကျတော်တို
့ဝင်ငွေတိုးလုပ်ငန်း ( income generation ) လုပ်ပေးတာက မိမိရောဂါအပေါ်မှာ အာရုံမရောက်
စေဘဲ အလုပ်အပေါ် အာရုံရောက်စေချင်လို့ ပါ။ စက်ချုပ်တတ်သူကို စက်အလကားပေးရင်
ရောင်းစားမယ် ဒါ့ကြောင့် အရစ်ကျပြန်ဆပ်စေတာပါ တချို့ လဲငွေထပ်ချေးပြီး
လုပ်ငန်းတိုးချဲ့ ကြတာရှိပါတယ်” လို့ ပြောပါတယ်။

 

အမှန်တကယ် အလုပ်လုပ်သူ ယုံကြည်ရတဲ့ PLHA ကို ပထမ
အနေနဲ့ ငွေ ၂၀၀၀၀ စချေးပါတယ်။သူ့ တို့ တွေ ရဲ့ လုပ်ကိုင်မှု ပေါ်မူတည်ပြီး အဆင့်ဆင့်
ငွေမတည်သွားမယ်လို့ သိရပါတယ်။

 

တောင်ဥက္ကလာပ ၅ရပ်ကွက် မှ PLHA အမျိုးသမီးတစ်ဦးက “
ကျမမှာ ရောဂါရှိတာသိသိချင်း စိတ်ဓါတ်ကျပြီး မထနိုင်ဘူး၊ဒီလိုအဖွဲ့ အစည်းတွေရှိ
တာကျမတို့ အတွက် စိတ်ဓါတ်ပြောင်းလဲမှုတွေ ဖြစ်ရတယ်။ ကျမအပ်ချုပ်စက် ၀ယ်ပြီး
အရစ်ကျငွေချေတာ ကျေသွားပါပြီ ခုဓားစက်ဝယ်ဖို့  ငွေထပ်ချေးဖို့ ရှိတယ်”လို
့ပြော ပါတယ်။

 

ဗိုလ်တထောင် မြို့ နယ်နေသူ PLHA အမျိုးသားတစ်ဦးက
ရောဂါရှိတာသိသိချင်း ကျတော်နယ်ပြန်သွားတယ် ရန်ကုန်ကို ပြန်လာမှ ဒီအဖွဲ့  အစည်းနဲ
့တွေ့ တာ။ လူမှုရေး၊ ကျန်းမာရေး၊ အကျိုးကျေးဇူးတွေ ရရှိတယ် ကျတော်
အသက်မွေးဝမ်းကျောင်း တတ်တဲ့ သံပန်း၊ သံတံခါးပညာကို အဖွဲ့ အစည်းက PLHA တွေကို
ပြန်သင်ကြားပေးမယ်လို့ ” ပြောပါတယ်။

 

ရတနာ့ မေတ္တာမှလူကြီး၊ ကလေး PLHA မိသားစုဝင်တွေကို
အာဟာရထောက်ပံ့ မှုတွေလည်း ပြုလုပ်ပေးနေတယ်လို့ သိရှိရပါသည်။

 

The Yangon Times 8 march 2007

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top