ကျတော်က တစ်ယောက်တည်းသမားပါ။ ကျတော် အမေ့ဝမ်းထဲမှာ
ရှိစဉ်ကတည်းက အဖေဆုံးသွားခဲ့ပါတယ်။ ကျတော့ကိုမွေးပြီး အမေကလဲ ဆုံးသွားပါတယ်။
ကျတော့ကို အဘွားကဘဲ လူလားမြောက်တဲ့အထိ ထိန်းကျောင်းကျွေးမွေးခဲ့ပါတယ်။ လူ့ လောကထဲ
ရောက်လာကတည်းက ကျတော့ဘ၀ဟာ ရင်နာစရာ ကောင်းလှပါတယ်။ တစ်ခါတလေ တွေးမိပါတယ်။ ကျတော့ဘဝ
ဘာ့ကြောင့်ကံဆိုးရတာလဲလို့ ပါ။ ကျတော်ကလဲ ဆိုးခဲ့မိုက်ခဲ့တယ် ရည်းစားတွေ
ထည်လဲတွဲပြီး လိင်မှု ကိစ္စတွေလဲ လိုက်စားခဲ့တယ်။ မိဘတွေ ချန်ခဲ့တဲ့ အမွေတွေ
ပိုင်ဆိုင်မှု အားလုံးကို ကျတော် တစ်ယောက်တည်း ထိုင်ဖြုန်းခဲ့တယ်။ မိဘ အရင်းလို
ကောင်းခဲ့တဲ့ ကျတော့ အဘွားအပေါ်မှာလည်း ဆိုးခဲ့တယ်။
ပြီးခဲ့တဲ့နှစ်က အဘွားအတော် နေမကောင်းဖြစ်တော့မှ
ကျတော်အသိတွေ ၀င်လာခဲ့တယ်။ အဘွားကို စိတ်ချမ်းသာအောင်ထားမယ် လိမ္မာတော့ မယ်လို
့အဘွားကို ကတိပေးခဲ့တယ်။ ဒီလို ပြောတော့ အဘွားခမျှာ ၀မ်းသာလွန်းလို
့မျက်ရည်တောင်ကျရှာတယ်။ ဒါပေမဲ့ အဘွားရဲ့ ၀မ်းသာကြည်နူးမူက ခဏပါဘဲဗျာ။
သိပ်မကြာခင်မှာဘဲ ကျတော့မှာ ဒီရောဂါ ရှိနေပြီဆိုတာ သိလာခဲ့ရပါတယ်။အဘွားကိုတော့
ကျတော် အသိမပေးရက်ဘူး။ အဘွားရဲ့ ၀မ်းနည်းကြေကွဲမယ့် ပုံကိုကျတော် မကြည့်ရက်လို့ ပါဗျာ။
ကျတော်မိုက်ခဲ့တဲ့ အပြစ်တွေကလဲ လက်ရှိဘ၀မှာဘဲ စိတ်သောကနဲ့ အတူ ဝေဒနာလည်းရ အဘွားကို
ကျေးဇူးဆပ်မယ်ဆိုတဲ့ ရည်မှန်းချက်လည်း ပျောက်ရတော့မယ်။ ကျတော်သာ မရှိရင် အဘွားတော့
ဒုက္ခရောက်တော့မယ်။ သူ့ ရဲ့ အသကက ၈၀ နားနီးနေပြီ ဘာဘဲဖြစ်ဖြစ် ကျတော့ဘ၀ နေ၀င်ချိန်
မရောက်ခင်တော့ အဘွားကို စိတ်ချမ်းသာအောင် ထားမယ်။
ကျတော့မှာ ဒီဝေဒနာ ရှိတယ်လို့ သိရတာ တစ်လလောက်ပဲ
ရှိသေးတယ်။ ခုလက်ရှိ ကျတော် ဆရာဝန်ညွှန်ကြားတဲ့ ဆေးတစ်မျိုးကို သောက်နေတယ်။ ဒီဆေးက
အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးကို အမြစ်ပြတ်အောင် မကုသနိုင်ပေမဲ့ ကိုယ့်ကိုယ် ကို
ဆင်ခြင်နေနိုင်ရင်တော့ သာမာန်လူ တွေလို နေထိုင်သွားနိုင်တယ်လို့ ဆိုတယ်။
ဘာဘဲဖြစ်ဖြစ် ဒီဝေဒနာ ခံစားနေရပြီ ဆိုကတည်းက များသောအားဖြင့် အားငယ်ကြတာဘဲ။
ကျတော်ဆိုရင် မစားနိုင် မအိပ်နိုင်တဲ့အထိ ဖြစ်ခဲ့တယ်။ ဒီဝေဒနာက တခြားရောဂါတွေထက်
ပိုကြောက်စရာကောင်းတယ်ဆိုတာ ခုမှ ကျတော်
နားလည်ခဲ့ရတယ်။ ကျတော်အရင်က ကာလသားရောဂါဖြစ်ဖူးတယ်။ ကာလသားရောဂါဟာ အိတ်ခ်ျအိုင်ဗွီ
ရောဂါနဲ့ ဘာမှ မဆိုင်ဘူးလို့ ကြားဖူး ဆိုတာကြားဖူးတယ်။ ဒါပေမဲ့ ကာလသားရောဂါဟာ ဖြစ်ဖူးရင်
အိတ်ခ်ျအိုင်ဗွီ ပိုးလည်း ကူးစက်နေနိုင်တယ် ဆိုတာ ကျတော်နားလည်ခဲ့ပါပြီ။
ဒါ့ကြောင့် ကိုယ်ကိုယ် ကို မသင်္ကာလို့ သွေးစစ် ကြည့်တော့မှသိရတယ်။ ဒါကြောင့်မို
့ကာလသားရောဂါ ခံစားဖူး သူတွေ အနေနဲ့ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရမှု ရှိမရှိဆိုတာကို
စစ်ဆေးကြည့်ဖို့ လိုမယ်လို့ ထင်တယ်။ စောစောစီးစီး ကြိုတင်သိမှသာ တခြားသူတွေကိုလဲ
မကူးစက်အောင် ကာကွယ်နိုင်တဲ့အပြင် ဆေးကုသမှု ခံယူရင် တတ်နိုင်သမျှ
ကုသိုလ်ကောင်းမှုလေးတွေ ပြုလုပ်နိုင်မယ်လို့ ကျတော်ပြောချင်ပါတယ်။
Good Health N0 120 Journal 07/03/2007




