27
Mar

ကိုယ်ဝန် တားပေးနိုင်ပြီး HIV ပိုးကူးစက်ခြင်းကိုပါ ကာကွယ်ပေးနိုင်မယ့် မိန်းမကိုယ်မှာ တပ်ဆင်ရတဲ့ ကွင်းငယ်

ကိုယ်ဝန်၊ HIV၊ ရေယုန်ပိုးတွေကို လနဲ့ချီပြီး ကာကွယ်မှုပေးနိုင်မယ့် မိန်းမကိုယ်မှာ တပ်ဆင်ရတဲ့ ကွင်းတစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း အမေရိကန် သုတေသီတွေက ပြောကြားလိုက်ပါတယ်။ ဒီကိရိယာဟာ လက်ရှိဈေးကွက်မှာ ရှိနေပြီးဖြစ်တဲ့ ကိုယ်ဝန်ကို ထိန်းချုပ်တဲ့ ကွင်းတွေနဲ့ အလားသဏ္ဌာန်တူပြီး ထူးခြားချက်ကတော့ HIV ပိုးကို နှိမ်နင်းထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။ ဒီကွင်းငယ်ကို Northwestetern University မှ သိပ္ပံပညာရှင် တစ်စုက တီထွင်နိုင်ခဲ့ပါတယ်။

Foundation for AIDS Research မှ ဒုတိယဥက္ကဋ္ဌ Rowera Johnston က ဒီကိရိယာငယ်ဟာ အရေးကြီးတဲ့ စွမ်းဆောင်ချက်နှစ်ခုကို သုံးလကြာအောင် အာနိသင် အပြည့်အ၀ ပေးနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲထားခြင်း ကိုလည်း မိမိအမျိုးသားက မသိရှိနိုင်တဲ့ အတွက် ဇနီးမောင်နှံများ အကြားမှာ အိမ်ထောင်ရေး သုခကို မထိခိုက်စေပါဘူး” လို့ ပြောကြားထားပါတယ်။ မိန်းမကိုယ်ကွင်းငယ်က ထုတ်လွှတ်ပေးမယ့် ကိုယ်ဝန်တားဆေး ကတော့ levonor gestrel ဖြစ်ပြီး HIV ကူးစက်မှုကို ကာကွယ်ပေးမှာကတော့ terofovir ပဲ  ဖြစ်ပါတယ်။

ဒီကွင်းငယ်ရဲ့ အားနည်းချက်ကတော့ terofovir က အလွယ်တကူ ပျော်ဝင်နိုင်ပေမယ့် levororgestrel က ပျော်ဝင်ဖို့ ခဲယဉ်းနေတာကို ထိန်းညှိပေးနေရခြင်းပဲ ဖြစ်ပါတယ်။ ဇီဝဆေးပညာဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Patric Kiser က “ဒီကွင်းငယ်ကို ကိုယ်ခန္ဓာကထွက်တဲ့ အရည်တွေထဲမှာ အလွယ်တကူ မပျက်စီးနိုင်တဲ့ ပေါ်လီမာတွေနဲ့ ဖန်တီးထားပါတယ်။ လက်ရှိဆေးဝါးများထက် အဆ (၁၀၀) ပိုပြီး မြန်မြန် ဆေးအာနိသင်ကို ရရှိစေပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။ ဒီလေ့လာမှုကို Journal PLOS ONE မှာ ဖော်ပြထားပါတယ်။

သန့်စင်
ref: AFP
Health Updates Journal

Myanmar CNN - ကိုယ်ဝန် တားပေးနိုင်ပြီး HIV ပိုးကူးစက်ခြင်းကိုပါ ကာကွယ်ပေးနိုင်မယ့် မိန်းမကိုယ်မှာ တပ်ဆင်ရတဲ့ ကွင်းငယ် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top