30
Oct

ကုန်ကျစရိတ် အသက်သာဆုံးဖြင့် HIV ရောဂါ စမ်းသပ် ရှာဖွေမှု ပြုလုပ်နိုင်တော့မည်

ကင်ဆာရောဂါ အချို့နှင့် ကူးစက် ရောဂါ ဗိုင်းရပ်စ်ပိုး ပမာဏ အနည်းငယ် ကူးစက်မှုတို့ကို ထောက်လှမ်း နိုင်သည့် ဈေးအသက်သာဆုံး စမ်းသပ်သည့် ဆေးရည်ကို ဗြိတိန် သုတေသီများက ထုတ်လုပ် နိုင်ခဲ့ပြီ ဖြစ်သည်။

ကင်ဆာရောဂါ သို့မဟုတ် ဗိုင်းရပ်စ်ရှိ/ မရှိကို စမ်းသပ် ဆေးရည် အရောင်ပြောင်းလဲမှုဖြင့် ဖော်ပြသည်။ အဆိုပါ ပစ္စည်းသည် HIV နှင့် အခြားရောဂါများ ရှာဖွေစမ်း သပ်မှုတို့ အတွက် ရှေ့တန်းသို့ ရောက်ရှိလာနိုင် သည်ဟု လန်ဒန် တော်ဝင် ကောလိပ်မှ တီထွင်သူ ပညာရှင်များက ပြောကြားသော်လည်း စမ်းသပ်မှုများ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သွားရန် လိုအပ် နေပါသည်။

စမ်းသပ်မှုအရ HIV ဗိုင်းရပ်စ် မျက်နှာပြင် ပေါ်ရှိ ပရိုတင်း ကဲ့သို့သော ပစ္စည်း သို့မဟုတ် ရောဂါ လက္ခဏာတို့ကို ခွဲခြား ဖော်ပြနိုင်စွမ်း ရှိပါသည်။ ဗိုင်းရပ်စ် သို့မဟုတ် ရောဂါ ရှိပါက ဓာတုဓာတ်ပြုမှု ဖြစ်ပေါ်ပြီး ဆေးရည် အရောင် ပြောင်းလဲပြီး အပြာရောင် ဖြစ်လာသည်။ ရောဂါ သို့မဟုတ် ဗိုင်းရပ်စ် မရှိပါက ဆေးရည် အရောင်မှာ အနီရောင် အဖြစ် ပြသနေမည် ဖြစ်သည်။

မြဝတီကုန်ကျစရိတ် အသက်သာဆုံးဖြင့် HIV ရောဂါ စမ်းသပ်ရှာဖွေမှု ပြုလုပ်နိုင်တော့မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top