ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၁၁ ခုနှစ် စစ်တမ်းအရ ခုခံအားကျဆင်းမှု ရာဂါဝေဒနာကြောင့် သေဆုံးသော လူနာပေါင်း ၂၆၀၈ ဦး ရှိခဲ့ကြောင်း သိရသည်။
ယင်းမှာ ၂၀၁၀ ခုနှစ်စစ်တမ်း ဖြင့်နှိုင်းစာလျှင် ၁၁ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၀ တွင် သေဆုံးသူ ၂၉၄၃ ဦးရှိခဲ့ရာမှ၊ ၂၀၁၁ ခုနှစ်တွင် ရောဂါဝေဒနာ သည် အရေအတွက် ကျဆင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။ သေဆုံး သူများတွင် ၂၄၈၄ ဦးမှာ ၁၅ နှစ်အထက်ဖြစ်ပြီး၊ ၁၂၄ ဦးမှာ ၁၅ နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် အရှေ့တောင်အာရှတွင် အေအိုင်ဒီအက်စ်ရောဂါ ကူးစက်မှုများပြားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ မိသားစုပေါင်း ၆၀၀၀၀ တွင် HIV ရောဂါဝေဒနာခံစား နေရသူ ၇၅၀၀၀ ခန့်ရှိကြောင်းသိရသည်။
စစ်တမ်းများကို ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ရှိ ကမ္ဘာ့အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေး အဖွဲ့အစည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် HIV/AIDS ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၈ သန်း လိုအပ်လျက်ရှိ ကြောင်း သိရသည်။
Shwelone - ကမ္ဘောဒီးယားတွင် ၂၀၁၁ ခုနှစ်အတွင်း ခုခံအားကျဆင်းမှုရောဂါကြောင့် ၂၆၀၈ ဦးသေဆုံး




