26
Feb

ကလေးငယ်များကို အစားအစာဝါး ကျွေးသဖြင့် HIV ပိုးကူးစက်နိုင်

Good Health 20/Feb/2008

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" /> 

ကလေးငယ်များသို့ HIV ပိုးကူးစက်နိုင်သည့် အခြားနည်းတစ်ရပ်ကို သုတေသီများက ထပ်မံတွေ့ရှိခဲ့ကြသည်။ အဆိုပါနည်းလမ်းမှာ HIV ပိုး ကူးစက် ခံထားရသောမိဘ (သို့မဟုတ်) ကလေးကိုကြည့်ရှုစောင့်ရှောက် သူကတစ်ဆင့် အစားအစာဝါးကျွေးရာမှ ကလေးသို့ HIV ပိုးကူးခြင်းဖြစ်သည်။ ယူနိုက်တက်စတိတ်တွင် လွန်ခဲ့သော၁၅နှစ်မှစ၍ ကလေးသူငယ်ဦးရေ ထောင်ပေါင်းများစွာသို့ ဤရောဂါကူးစက်မှု ရှိနေရာကျွမ်းကျင်သူ ပညာရှင်များက အစားအစာဝါးကျွေးရာမှ ကူးစက်မှု သုံးခုကိုမှတ်တမ်းတင် တွေ့ရှိခဲ့ကြသည်။

 

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ Dr.Kenneth L.Dominguez နှင့်အဖွဲ့က ယင်းတို့နိုင်ငံနှင့်အခြားနေရာ အများအပြားတွင် အစားအစာဝါးကျွေးခြင်းကို ပြုလုပ်တတ်ကြကြောင်း၊ ဖွံ့ဖြိုဆဲနိုင်ငံများတွင် သွားနှင့်ခံတွင်း ထိန်းသိမ်းစောင့်ရှောက်မှုနည်းပါးကြောင်း၊ ကလေးအစားအစာများ အစာကြိတ်စက်များမှာ ဈေးနှုန်းမြင့်မားခြင်း၊ အလွယ်တကူ ၀ယ်မထားနိုင်ခြင်း တို့ဖြင့်ကလေးကိုကျွေးမည့် အစားအစာများ ပျော့ပြောင်းစေရန် လူကြီးများက၀ါးကျွေးခြင်းကြောင့် AIDS ရောဂါဖြစ်စေသည့် HIV ပိုးများ ကလေးသို့ ကူးစက်နိုင်ခြင်း ဖြစ်ရသည်ဟု ပြောကြားသည်။

 

ကူးစက်မှုသုံးခုတွင် ၁၉၉၀ပြည့်နှစ်များ၏ အလယ်တွင် ဖြစ်ပွားသောကူးစက်မှုနှစ်ခုမှာ ပထမဖြစ်ပြီး သားယောက်ျားလေး နှစ်ယောက်သို့ကူးစက် ခြင်းဖြစ်သည်။ ပထမသားယောက်ျားလေးမှာ သူမသေခင်အသက်၃၉လအရွယ်တွင် ရောဂါပိုးကူးစက် ခံရကြောင်း၊ စမ်းသပ်တွေ့ရှိခဲ့ပြီး၊ ရောဂါပိုးရှိသောမိခင်က ယင်းကလေးကို အစာဝါးကျွေးကြောင်းပြောကြားခဲ့သည်။ HIV ပိုးသည် တံတွေးတွင်ရှင်သန်နိုင်သော်လည်း အများအားဖြင့် ကူးစက်နိုင်လောက်သည့် အရေအတွက်မရှိပါ။ ဗိုင်းရပ်စ်ပိုးအများအပြား ရှိသောသွေးမှသာ အဓိကအားဖြင့် ကူးစက်ခြင်း ဖြစ်သည်။ ကလေးကိုအစာဝါးကျွေးသူသည်HIV ပိုးရှိပြီးပါးစပ်တွင် အနာများရှိနေပါက ဗိုင်းရပ်စ်ပိုးများသည် အနာတွင်ရှိနေပြီးယင်း အနာဒဏ်ရာများမှတစ်ဆင့် ကလေးသို့ကူးစက်ခြင်းဖြစ်နိုင်ကြောင်း Dr.Do-minguez ကပြောကြားသည်။ သုတေသီများသည် အသဲရောင်အသားဝါ ဗိုင်းရပ်စ်ပိုးနှင့် ဟယ်လီကိုဘတ်တာပိုင်လိုရီတို့၏ အစားအစာဝါးကျွေးမှု မှတစ်ဆင့် ကူးစက်နိုင်မှုအခြေအနေကို ဆက်လက်သုတေသနပြု လုပ်မည်ဖြစ်သည်ဟု ၂၀၀၈ခုနှစ်ဖေဖေါ်ဝါရီ ၂၀ရက်နေ့ထုတ် Good Health ဂျာနယ်တွင် ဖေါ်ပြထားပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top