14
Sep

ကလေးမရနိုင်သေးခြင်း (၃)

မေးတဲ့သူဆီက မေးခွန်း ၃ ခါလာတယ်။ (ဖေ့စ်ဘွတ်) မှာ တခါမေးတယ်။ ဒါကြောင့်အဖြေတွေကိုရော အဖြေသစ်ပါ ပေါင်းရေးလိုက်ရပါတယ်။ မေးခွန်းမစုံရင် အဖြေက မတိကျဘူး။ ဒါတောင်စုံလှတယ် မဟုတ်သေးပါ။

Thu, Sep 6, 2012 at 10:27 AM
သမီးအသက် ၂၅ နှစ်ပါ။ အရင်က အရေပြားအောက် တားဆေးထည့်ထားပါတယ်။ ထုတ်တာ လေးလလောက် ရှိပါပြီ။ ဆေးခန်းသွားပြတော့ ဆရာမက သားအိမ်နောက်ရောက်နေလို့ ကလေးရဖို့ ခက်ခဲတယ်လို့ပြော ပါတယ်။

သူက ဖောလစ်-အက်စစ်နဲ့ ဘီကိုဇင့်သောက်ခိုင်းပါတယ်။ အရင်လက ရာသီ ၈-၈-၂ဝ၁၂ မှပြီးပါတယ်။ ဒီလ ၂-၉-၂ဝ၁၂ မှာလာပြီး ၅-၉-၂ဝ၁၂ မှာပြီးပါတယ်။ ဘယ်လိုလုပ်ရမလည်း မသိဘူး။ ကလေးလိုချင် လွန်းလာလည်း မသိပါဘူး။ Spem တွေက ပြန်ပြန်ထွက်ပါတယ်။ ဆရာမက လေးဖက်ထောက်ပြီး အမျိုးသားနဲ့နေလို့ ပြောပါတယ်။ တစ်နာရီလောက် ရေမဆေးပဲ မှောက်နေလို့လည်း ပြောပါတယ်။ သမီးလည်း ရချင်လို့မျိုးစုံ ကြိုးစားပါတယ်။ အိမ်ထောင်ကျတာကတော့ နှစ်နှစ်ပါ။ ဖောလစ်-အက်စစ် သောက်နေတာလည်း လေးလလောက်ရှိပါပြီ။ ခုဆရာကို မေးတာက နောက်ဆုံးလက်နက်ပါ။ တစ်ကယ်လို့မှ ဘယ်လို ကြိုးစားစား မရဘူးဆိုရင်တော့ ကလေးယူဖို့ မစဉ်းစားပဲ လှအောင်ပဲ နေလိုက်ပါတော့မယ်။

သားအိမ်နောက်ရောက် ဆိုတာ RV အမျိုးအစားဖြစ်မယ်။ ပိုများတာက AV ဖြစ်တယ်။ အမှန်က နှစ်မျိုးလုံးကနေ ကိုယ်ဝန် ရစေပါတယ်။ သုက်ရည်အပြင်ထွက်တဲ့စာ မဖတ်ရသေးရင်ဖတ်ပါ။ လိုက်နာပါ။ ကလေး မရသေးတာအတွက် ဇနီးရော ခင်ပွန်းပါ စစ်ဘို့လိုတယ်။ စိတ်ရှည်ရမယ်။ ယုံကြည်ချက်ထားရမယ်။ အစိုးရိမ်မလွန်ပါနဲ့။ အမျိုးသမီး မျိုးဥထွက်-မထွက် စစ်တာ။ မထွက်ရင် ထွက်အောင်လုပ်တယ်ဆိုတာကို လုပ်ရ မယ်။ စာတွေထဲမှာ ပါပါတယ်။

Wed, Aug 22, 2012 at 2:58 PM
ကျွန်မ တားဆေး လက်မောင်းထည်းထည့်ပြီးလို့ လေးလလောက်ကြာမှာ ရေအိတ် ၃ စင်တီမီတာ ဖြစ်ပါတယ်ရှင့်။ ဆေးသောက်တော့ သက်သာသွားပါတယ်။ အသက် နှစ်ဆယ့်လေးနှစ် ကျော်ပါပြီ။ ကျွန်မကလေး ယူချင်လို့ လက်မောင်းထဲကဆေး ထုတ်ပြီးတော့ ရာသီလာတုန်း အရမ်းအောင့်တာ ခုနှစ်လရှိပါပြီ။ ဆေးခန်းသွားတော့ သောက်ဆေးပေးပါတယ်။ သာအိမ် အနောက်ရောက်နေတယ်လို့ ပြောပါတယ်။ ကလေးရဖို့ လည်း ခက်တယ်လို့ ပြောပါတယ်။ ခုတော့ ဆရာမပေးတဲ့ ဆေးတစ်ချို့က တစ်ပတ်သောက်ရမှာဖြစ်ပြီး၊ ဘီကိုဇင့်နဲ့ ဖောလစ်အက်ဆစ်ကတော့ တစ်လသောက်ရမယ်လို့ ပြောပါတယ်။ ကျွန်မ အောင့်တဲ့နေရာက ချက်နဲ့ ချက်အောက်ပိုင်း ဘယ်ညာဘက်ပါ။

သောက်သောက်ရတဲ့ တားဆေးအမျိုးအစား မသိပါ။ သားအိမ်အနောက်ရောက်ဆိုတာ သားအိမ်အနေအထားကို ပြောတာ ဖြစ်မယ်ထင်တယ်။ သားအိမ်က ရှေ့ဖက်ကိုကိုင်းတာ နဲ့ နောက်ဖက်ကိုကိုင်းတာ နှစ်မျိုး ရှိတယ်။ ဒီအနေအထား နှစ်မျိုးလုံးကြောင့်တော့ ကလေးမရတာ မဖြစ်စေပါ။ တခြားဟာဆို မပြောတတ်သေးပါ။

ကလေးရဘို့ခက်တဲ့ တခြားအကြောင်းကို ဆရာဝန်ကစစ်တွေ့ထားသလား မပြောတတ်ပါ။ ဆရာ့ (ဆိုက်) ထဲမှာ သိချင်တာ အားလုံးလောက်နီးပါး ရှာနိုင်ပါတယ်။ ဆရာ့စာတွေကော ဖတ်ဖြစ်ပါသလား။
1. Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
2. Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
3. Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
4. Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
5. Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
6. Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
7. Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html
8. Semen Leakage (1) သုက်ရည်ထွက်ကျခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/semen-leakage.html
9. Semen Leakage (2) သုက်ရည်ထွက်ကျခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/why-semen-comes-out-of-vagina.html
10. Ovulation Test မျိုးဥထွက်တာ သေခြာချင်တယ် http://dts-medicaleducation-adult.blogspot.in/2012/05/ovulation-test.html
11. Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး http://dts-medicaleducation-adult.blogspot.in/2012/05/clomiphene-citrate.html

မေးတဲ့သူရဲ့ ဆရာဝန်မကနေပေးတဲ့အကြံနဲ့ ဆရာပြောတာ မတူကြတာ သတိထားမိပါလိမ့်မယ်။ သားအိမ်အနေအထား RV ဖြစ်နေတဲ့ အမျိုးသမီးကနေ ကိုယ်ဝန်မရမှာကို စိုးရိမ်တာ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒီလို RV ဖြစ်တာ ပုံမှန်ပါ။ ကလေးမရတာကို မဖြစ်စေပါ။

ဗဂျိုင်းနားရဲ့ ခန္ဓာဗေဒတည်ဆောက်ပုံ
အမျိုးသမီးတယောက် ပက်လက်အိပ်နေတာကို ဘေးတိုက်ကြည့်ရင် အပေါက်ဝကနေ အတွင်းထဲ ဆက်သွားတဲ့ ပြွန်လိုလမ်းကြောင်းဟာ အောက်ဖက်ဆီကို ဦးတည်နေတယ်။ ဗဂျိုင်းနာအဆုံးမှာ သားအိမ်ဝရှိတယ်။ သားအိမ်ဝနဲ့ တဆက်တည်းက သားအိမ်။ သားအိမ်ကိုယ်ထည်။ သားအိမ်လည်ပင်းပိုင်းနဲ့ ကိုယ်ထည်က တဖြောင့်တည်းမဟုတ်ဘဲ ဒေါင့်ချိုးရှိတာ ထူးခြားတယ်။ မေးတဲ့သူရဲ့ ပုံစံဟာ ဒီနေရာဒေါင့်ချိုးက RV အောက်ဖက်ဆီ ဆင်းသွားတယ်။ အမျိုးသမီးအရအတွက် ပိုများများမှာတော့ AV ဒေါင့်ချိုးဟာ အထက်ဖက်ဆီ သွားကြတယ်။

နှစ်မျိုးလုံးကို (နော်မယ်လ်) လို့သာ သတ်မှတ်ပါတယ်။ ကလေးရဘို့ခက်-မခက်ကို လေ့လာမှုတွေအရ RV နောက်ပြန်ဖြစ်နေသူတွေမှာ နည်းနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုဆိုတာဟာ ကလေး မရစေဘူးပြောတာ မဟုတ်ပါ။ ဆရာ့ဆေးခန်းလေး လာမွေးသူတွေ မနည်းရှိပါတယ်။ AV ရှေ့ပြန်သမားထဲကလဲ ကလေး မရနိုင်သေးသူတွေ တပုံတပင်ရှိတယ်။

(၁) Sperm သုက်ရည်ဟာ Vagina ဗဂျိုင်းနား၊ Cervix သားအိမ်ဝကနေဆက်ပြီး Uterus သားအိမ်ထဲကို ဝင်လာရမှာ ဖြစ်တယ်။ ဒိနောက် Uterine tube သားအိမ်ပြွန်လေးထဲ ဆက်ဝင်အုံးမယ်။
(၂) သားအိမ်အမျိုးအစား RV ဖြစ်ဖြစ် AV ဖြစ်ဖြစ် အမျိုးသမီးဟာ ပက်လက်အနေအထားနေချိန်မယ် သုက်ရည်ကို ဗဂျိုင်းနားအဝ နေရာမှာသာ စွန့်ထုတ်တယ်ဆိုရင်တောင်မှ အောက်ဖက်ဆီကို ဆင်းဝင်စေနိုင်တယ်။
(၃) RV နောက်ပြန်ဖြစ်နေသူ အမျိုးသမီး ပက်လက်အနေအထားမှာ သုက်ရည်ကို ဗဂျိုင်းနားအတွင်းနက်ဆုံးနေရာမှာ စွန့်ထုတ်တယ် ဆိုရင်လဲ Attraction ဖိုနဲ့မ ဆွဲအားသဘောအရ အလွယ်တကူ ဝင်လာစေမယ် လို့လဲ ယူဆတယ်။
(၄) AV ရှေ့ပြန်အမျိုးသမီး ပက်လက်အနေအထားမှာ သုက်ရည်ကို ဗဂျိုင်းနားအတွင်းနက်ဆုံးနေရာမှာ စွန့်ထုတ်တယ် ဆိုရင် Attraction ဖိုနဲ့မ ဆွဲအားသဘောအပြင် Gravity ကမ္ဘာ့ဆွဲအားသဘောနဲ့ Geometry (ဂဲသြမေထရီ) သဘောတရားတွေအရ ပိုလို့တောင် လွယ်စရာအကြောင်း ရှိမယ်လို့ ယူဆနိုင်တယ်။

မေးတဲ့သူကို ဆရာဝန်မတဦးက ပေးတဲ့အကြံကောင်းတခုဖြစ်တဲ့ ဆက်ဆံခြင်းမှာ ဒူးထောက်အနေအထား ဆိုရင် အထက်ကရေးခဲ့တဲ့ ယူဆချက်တွေနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ ထုတ်လွှတ်လိုက်တဲ့သုက်ရည်ဟာ ဗဂျိုင်းနား အဝဆီကို သေခြာပေါက် ပြန်ထွက်လာမယ်။ နောက်တချက် အတူနေခြင်း အဆုံးသတ်ပြီးရင် အမျိုးသမီးဟာ ကိုယ်အနေအထားကို ပြုပြင်ရလိမ့်မယ်။ သက်လက်အိပ်ပြီးနားမှာလား၊ ထိုင်နားမှာလား။ ပြုပြင် မှုလုပ်နေချိန်မှာလဲ သုက်ရည်က ထွက်ကျလာ စေနိုင်သေးတယ်။ မှောက်လျှက်အိပ်နေရင်လဲ ဒီသဘောတရားအရ သုက်ရည်က ဗဂျိုင်းနားအဝဆီ ပိုပြီး စီးထွက် လာစေနိုင်တယ်။ ကိုယ်ဝန်မရစေနည်းတခု အဖြစ် မှောက်အိပ်တာလဲ စမ်းကြတယ်။ မတ်တပ်ရပ် မျက်နှာချင်းဆိုင် အနေအထားမှာ သုက်လွှတ်ရင်တော့ သုက်ရည်အထဲဝင်ဘို့ ဖြစ်နိုင်ခြေ အနည်းဆုံးဖြစ်တယ်။

ဒါကြောင့် အကြံပေးချင်တာက သုက်လွှတ်ချိန်မှာ RV နောက်ပြန်ဖြစ်နေသူ အမျိုးသမီးရဲ့ တင်ပါးအောက်မှာ ခပ်နိမ့်နိမ့် အခုအခံလေးထားပါ။ ခါးက တင်ပါးရဲ့ အောက်မှာရောက်နေပါစေ။ အတူနေခြင်း အဆုံး သတ်ပြီးချိန်မှာ ပက်လက် ဆက်နေပါ။ ဆေးကြောတာကို ချက်ချင်းမလုပ်ပါနဲ့။ စိတ်ထဲမှာ သန်စွမ်းလှတဲ့ သုက်ပိုးတွေဟာ ကူးခတ်ပြီး အတွင်းထဲကို ဝင်နေကြတယ်လို့ Autosuggestion ခိုင်မာတဲ့ စိတ်ကူးထားပေးပါ။

ကိုယ်ဝန်ဆိုတာ မရချင်သူတွေအတွက် ဒုက္စတမျိုး၊ ရချင်သူတွေအတွက်ကလဲ ဒုက္စတမျိုး။ ကျွန်တော်က ဆရာဝန်မှန်ပေမဲ့ ကံတရားကိုလဲ နှစ်နှစ်ကာကာ ယုံကြည်တယ်။ ကံဆိုတာ ထမ်းလာတာ မမြင်ရဆိုတာလဲ အမှန်ဘဲ။ ကလေးရချင်နေသူ ငါ ရတော့မှာ မဟုတ်ဘူး ထင်မထားစေချင်ပါ။ မရလဲ လှအောင်ပဲ နေလိုက်ပါတော့မယ်ဆိုတာ ကောင်းတယ်။ စိတ်လွတ်လပ် ပေါ့ပါးသွားတော့ ရလမ်းကို အထောက်အကူပြုပါလိမ့်မယ်။

တခုရှိသေးပြန်တာက မေးတဲ့သူမှာ မျိုးဥအိမ်အကျိတ်ရှိတာနဲ့ ရာသီလာရင်နာတာ။ ဒါကိုလဲ ကုသမှုခံယူရပါလိမ့်မယ်။ Ovarian cysts မျိုးဥအိမ်အကျိတ် နဲ့ Endometriosis သားအိမ်ရောဂါ မဟုတ်ပါစေနဲ့။ ဆက်ဆံ ချိန်မှာ မနာသင့်ဘဲနာတာ မရှိတာ ကောင်းတယ်။ မျိုးဥအိမ်အကျိတ်က တလုံးတည်းဖြစ်တာလဲ စိုးရိမ်စရာမရှိပါ။

မေးတဲ့သူမှာ သုက်ရည်ပြန်ထွက်လာတာကိုတော့ ပြုပြင်ရမယ်။ လူနာကအနားမှာဆိုရင် စာထဲမှာရေးထားတဲ့ နည်းကို ၂ ခါ ၃ ခါလောက် စမ်းပေးမိမယ်။ ဒီနည်းက စာအုပ်ထဲမှာ မပါဘူး။ အမျိုးသမီးက မျိုးဥ ထွက်တာ သေခြာရမယ်။ အမျိုးသားရဲ့ သုက်ရည်က အရေအတွက်ရော အရည်အသွေးပါကောင်းတယ်ဆိုရင် ဆရာ့ရမ်းကုနည်းမှာ အောင်မြင်ဘို့ အခွင့်သာမယ် ထင်တယ်။

ဒေါက်တာတင့်ဆွေ (၁ဝ-၉-၂ဝ၁၂)

ဒေါက်တာတင့်ဆွေ - ကလေးမရနိုင်သေးခြင်း (၃)  

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top