7
Mar

ကလေးများအတွက် အေ့ခ်ျ ဆေးဝါးတစ်မျိုး အတည်ပြု





ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်သော သုံးမျိုးစပ်
(Three in One ) အေ့ခ်ျ ဆေးဝါးတစ်မျိုးကို အေ့ခ်ျ ရောဂါတိုက်ဖျက်ရေး စီမံကိန်း
များတွင် အသုံးပြုခွင့် ပေးလိုက်ကြောင်း သိရသည်။

 

အိန္ဒိယရှိ Cipal လီမိတက်က ထုတ်လုပ်သော ယင်းဆေးဝါးမှာ
အမေရိကန် အေ့ခ်ျ တိုက်ဖျက်ရေး အစီအစဉ်တွင် ပါဝင်သည့် ပထမဆုံး အသက် ၁၂ နှစ်အောက်
ကလေးများကို တိုက်ကျွေးနိုင်သည့် ဆေးဖြစ်သည်။

 

FDA က ယခုဆေးသည် မျိုချ၍ ရသလို ဖျော်တိုက်၍လည်း
ရသောကြောင့် ကလေးများအတွက် သင့်တော်သည်ဟု အတည်ပြုပေးခဲ့သည်။ ယင်းဆေးများကို
အမေရိကန်တွင်မူ ရောင်းချနိုင်မည် မဟုတ်ဘဲ အမေရိကန်၏ ပြည်ပ အေ့ခ်ျ တိုက်ဖျက်ရေး
လုပ်ငန်းများတွင် သုံးနိုင်မည် ဟုသိရသည်။

 

အမေရိကန် သမ္မတ ဘုရှ် သည် ၂၀၀၃ ခုနှစ် ကတည်းက ဒေါ်လာ
၁၅ ဘီလျံ တန်ဘိုးရှိ အေ့ခ်ျ ရောဂါ တိုက်ဖျက်ရေး စီမံကိန်း တစ်ခုကို စတင်ပေးခဲ့သည်။
ယင်းမှာ နိုင်ငံအတွင်းရှိ အေ့ခ်ျ ဝေဒနာရှင် ၂ သန်းနှင့် အခြား ၁၅ နိုင်ငံမှ
ဝေဒနာရှင် ၁၀ သန်းကျော်ကို ဆေးဝါးနှင့် ကုသမှုများ 
ထောက်ပံ့ပေးရန် ပြုလုပ်ထားသော စီမံကိန်းဖြစ်သည် ဟု ၂၂၊၈၊၂၀၀၇ နေ့ ထုတ်
Weekly Eleven Journal တွင်ဖေါ်ပြထားသည်။



No-45,Vol-1.2

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top