တောင်အာရှမှ ကလေးသူငယ်များသည် မကြာခဏဆိုသလို
ဗိုက်ဟောင်းလောင်းဖြင့် ယင်းတို့၏ နေ့စဉ်ဘဝကို ဖြတ်သန်း နေကြရသည်။ ကမ္ဘာကြီးသည်
၂၀၀၅ ခုနှစ်တွင် ကလေးများ ကျန်းမာလာစေရေးအတွက် အလျင်အမြန်လုပ်ရမည့်
လုပ်ငန်းများရှိနေသေးသည်ဟု ယူနီဆက်မှ ပြောကြားခဲ့သည်။
ယူနီဆက်၏ အစီရင်ခံစာထဲတွင် ပညာရေး ကျန်းမာရေး
ကိစ္စများတွင် တိုးတက်မှုရှိသည်ကိုလဲ အသိအမှတ်ပြု ပြောကြားခဲ့သည်။ စာရင်းများတွင်
တိုးတက်မှု တချို့ကို တွေ့မြင်နေကြရသော်လည်း ထောင်စုနှစ်ရှည် စီမံချက်များကို
ပြည့်မှီရန်အတွက် လုပ်စရာတွေ အများကြီး ကျန်နေသေးကြောင်း ယူနီဆက်မှ ထုတ်ပြန်သော
ကလေးတိုးတက်မှု အစီရင်ခံစာထဲတွင် ဖေါ်ပြထားသည်။
ငါးနှစ်အောက်ကလေးများ သေဆုံးမှုနှုန်းမှာ ၁၉၆၀ပြည့်နှစ်နှင့်
နှုန်းယှဉ်ပါက ၆၀ရာခိုင်နှုန်း လျော့ကျသွားသောကြောင့် အောင်မြင်ဆုံး ဖြစ်ခဲ့ရသည်။
သို့သော် ရရှိထားသော စာရင်းဇယားများအရ ဆာဟာရ နိုင်ငံဒေသများမှ ကလေးများ၏
အခြေအနေသည် ဆိုးဝါးမြဲ ဆိုးဝါးလျက်ရှိသည်။
၁၉၉၆ ခုနှစ်နှင့် ၂၀၀၄ ကြားတွင် ကလေးသူငယ်များအား
မိခင်နို့တိုက်ကျွေးနှုန်းသည် မြင့်တက်လာခဲ့သောကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်
ငါးနှစ်အောက် ကလေး သေဆုံးမှုကို ၁၃ရာခိုင်နှုန်း လျော့ချနိုင်ခဲ့သည်။
သို့သော်မိခင်မှ ကလေးသို့ ကူးစက်သော အေစ့် ရောဂါကူးစက်မှု နှုန်းမှာမူ သိသိသာသာ
တိုးလာနေသည်။ အဆိုပါ တိုးတက်နှုန်းကို သေးသိမ်စေသည့် တခြားဆန့်ကျင်ဘက်
အချက်အလက်များကိုလဲ ယူနီဆက် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
ထူးခြားချက်မှာ ငါးနှစ်အောက် ကလေးများအတွင်း
အာဟာချို့တဲ့သည့် ရောဂါ ခံစားရသည့် ကလေးများ၏ ထက်ဝက်မှာ တောင်အာရှမှ ဖြစ်သည်။
နှစ်စဉ် အမျိုးသမီး ငါးသိန်းခန့်မှာ ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားချိန်
သေဆုံးကြရသည်။ ထိုသေဆုံးမှုများ၏ ထက်ဝက်ခန့်မှာ ဆာဟာရ ဒေသမှ ဖြစ်ကြသည်။ ရေနှင့်
မိလ္လာစနစ် သန့်ရှင်းရေး အေ့ခ်ျ ရောဂါကာကွယ်ရေးများ ယခုထက်ပိုမို ကောင်းမွန်အောင်
ဆောင်ရွက်ရမည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။
7days News (20-12-2007)




