11
Jan

ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ သုခရိပ်မြုံ



"ကလေးကို ကျွန်မမမွေးနိုင်ဘူး။ ဒီရောဂါရနေတဲ့ကလေးကို ကျွန်မဘယ်လိုမွေးရမလဲ"လို့
ပြောနေတဲ့ အမျိုးသမီး။ နောက်မှ ကလေးရဲ့အဒေါ်လို
သိရတယ်။ အိပ်ခ်ျအိုင်ဗီကူးစက်ခံ ထားရတဲ့ ကလေးလေးမို့
မမွေးချင်ဘူးတဲ့။ ဒေါက်တာထားထား(စုထား)က သူ့အတွေ
အကြုံကို ပြောပြနေတာပါ။

မွေးစကတည်းက ဘာမှမသိလိုက်ဘဲ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရတဲ့ကလေးတွေကို
သီးသန့် စောင့်ရှောက်ပေးတဲ့ နေရာ မြန်မာနိုင်ငံမှာ မရှိခဲ့ပါဘူး။ ဒီလိုအကြောင်းတွေဟာ
'သုခရိပ်မြုံ' သန္ဓေ တည်လာစေတဲ့ အချက်တွေပါပဲ။

'သုခရိပ်မြုံ'က အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရတဲ့ လူမမည်အရွယ် ကလေးတွေကို
မိသားစုနဲ့မခြား စောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုပါ။ ဒဂုံမြို့ နယ်အရှေ့ပိုင်း (၁၁) ရပ်ကွက်၊
အမှတ် ၉၇၉၊ ၉၈၂ မှာ ဗုဒ္ဓဘာသာ ၀င်တွေ ကြီးကြပ်ပြီး ဖွင့်လှစ်ထားပါတယ်။

"ဒီရောဂါနဲ့ ဆုံးပါးသွားတဲ့ကလေးတွေထဲက ရောဂါပိုးမရှိတဲ့ ကလေးတွေကို
ဆွေမျိုးတွေက သနားလို့ စောင့်ရှောက်ပေးကြတယ်။ ဆွေမျိုးမရှိရင်လည်း မိဘမဲ့ဂေဟာက လိုလိုချင်ချင်
လက်ခံပေးတယ်။ ဒါပေမယ့် ရောဂါပိုး ရှိနေတဲ့ကလေးတွေကြတော့ အခက်အခဲရှိတယ်။ မိဘနှစ်ပါးစလုံးမရှိတော့တဲ့
ကလေးတွေ၊ မိဘတစ်ဦးဆုံးသွားပြီး ကျန်တစ်ဦးကလည်း ရောဂါခံစားနေရလို့ ကလေးကို မစောင့်ရှောက်နိုင်တာတွေ၊
မလွဲမသွေ စောင့်ရှောက်ရမယ့် အခြေအနေမို့ စောင့်ရှောက်ထားရလို့ ကလေးအပေါ် မနှစ်မြို့ပြီးငြူစူမှုတွေအောက်မှာ
နေရတဲ့ကလေးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်မယ့်သူ မရှိတဲ့ကလေးတွေအတွက်
မိသားစုလိုမျိုး နွေးနွေးထွေးထွေးစောင့်ရှောက် ပေးနိုင်မယ့် ဂေဟာတစ်ခုလိုအပ်တယ်။ ရောဂါကင်းတဲ့
ကလေးတွေနဲ့အတူ ရောနှောပြီးထားရင်လည်း ဒီကလေးတွေမှာ မလိုလားအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရလာနိုင်တယ်လေ" လို့ ဒေါက်တာ ထားထားက ပြောပါတယ်။

'သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်'ကို ဒေါ်သန်းမြင့်အောင်က ဦးဆောင်ပြီး ၂၀၀၅ ခုနှစ်မှာ စတင် ဆောင်ရွက်ခဲ့ပါတယ်လို့
သိရတယ်။

ရောဂါသည် ကလေးကိုးယောက်ကို စတင်စောင့်ရှောက်မှုပေးခဲ့ပြီး လက်ရှိအချိန်မှာတော့
ကလေး ၄၅ ယောက်အထိ တိုးမြှင့်လက်ခံပြီး စောင့်ရှောက်မှု ပေးနေပါတယ်။ ဂေဟာမှာ အသက် တစ်နှစ်နှင့်ရှစ်လအရွယ်
ကလေးမှ အသက် ၁၅ နှစ်အရွယ်အထိရှိပြီး ယောက်ျားလေး ၂၂ ယောက်နဲ့ မိန်းကလေး ၂၃ ယောက် ရှိပါတယ်။

ကျောင်းနေအရွယ် ကလေးတွေအတွက် ကျောင်းသင်ခန်းစာသင်ပေးဖို့ ဆရာမသုံးယောက်
ခန့်ထားတယ်။ တောင်ဒဂုံ အ.ထ.က(၃) မှာ ကလေးတွေအတွက် မှတ်ပုံတင်ပေးထားတယ်။ ကျောင်းစာအပြင်
တခြားအသက်မွေး ၀မ်းကျောင်းပညာရပ်တွေကို စိတ်ဝင်စားတဲ့ ကလေးတွေအတွက်လည်း အချုပ်အလုပ်၊
အီလက်ထရွန်းနစ်စတဲ့ ပညာရပ်တွေကို သင်ကြားပေးပါတယ် လို့ ဂေဟာမှ တာဝန်ခံ ဒေါ်အေးအေးမြင့်ကပြောတယ်။

ကလေးတွေကိုတော့ အသက်နှစ်နှစ်ကနေ ၁၂ နှစ်ကြားအထိသာ လက်ခံပါတယ်။
အမိအဖ နှစ်ဦးစလုံး မရှိတော့တဲ့ အိပ်ခ်ျအိုင်ဗီပိုး ရှိတဲ့ကလေးတွေ၊ အမိအဖ တစ်ဦးရှိသော်လည်း
ဝေဒနာ ခံစားနေရတဲ့ကလေးကို ပြုစုစောင့် ရှောက်နိုင်တဲ့အခြေအနေမရှိတဲ့ ကလေးတွေ၊ မိဘရှိပေမယ့်
အခြေအနေအရပ်ရပ်ကို ထောက်ရှုပြီး ပြုစုပျိုးထောင်ဖို့ လိုအပ်တဲ့ ဝေဒနာရှင် ကလေးတွေကို
လက်ခံတယ်လို့ သိရပါတယ်။

ကလေးတွေရဲ့ ကျန်းမာရေးအတွက် နယ်စည်းမခြား ဆရာဝန်များအဖွဲက ဆေးထောက်ပံ့ပြီး ပုံမှန်ကျန်းမာရေး ဆေးစစ်ချက်တွေကိုတော့
မြောက်ဥက္ကလာ၊ ဝေဘာဂီနဲ
သဇင်ဆေးခန်းတို့က ဆောင်ရွက်ပေးပါတယ်။
ဂေဟာမှာတော့ သူနာပြုဆရာမ သုံးယောက်က ကြီးကြပ်ပြီး ဆေးတိုက်ပါတယ်။

"ကလေးတွေက သာမန်ကလေးထက် သုံးဆပိုပြီးဂရုစိုက်ရတယ်။ ကျန်းမာရေးအပြင်
စိတ်ပိုင်းဆိုင်ရာ ကိုလည်း ဂရုစိုက်ရတယ်။ အသက် ၁၃၊ ၁၄ လောက်မှာ နှစ်သိမ့်ဆွေးနွေးခန်းတွေ
ပေးဝင်တယ်။ ကလေးတွေက အိပ်ခ်ျအိုင်ဗီဆိုတာကို လူကြီးအသိနဲ
မသိကြပေမယ့် သူတို့ကိုယ်ထဲမှာ ပိုးတွေများနေလို့ ဆေးသောက်ရတာကိုတော့ သိကြတယ်။ ဗုဒ္ဓအဆုံးအမအတိုင်း ဘုရားရှိခိုးစာတွေ သင်ပေး၊ ဘုရားဟော
နိပါတ်တွေပြောပြပြီး ကလေးတွေကို စိတ်ဓာတ်မြှင့်တင်ပေးရတယ်။ ဘာသာမတူတဲ့ ကလေးတွေကိုလည်း
သူ့ဆွေမျိုးတွေက လာဆုတောင်း ပေးတတ်တာတွေ လည်းရှိတော့ ဒါကိုလည်း ခွင့်ပြုထားတယ်။ ဒါပေမယ့်
ဂေဟာမှာ ဗုဒ္ဓဘာသာကိုပဲ အဓိကထားကိုးကွယ်ဖို
သတ်မှတ် ထားတယ်"
လို
ဒေါ်အေးအေးမြင့်က ပြောပါတယ်။

ဂေဟာမှာ ယောက်ျားလေး၊ မိန်းကလေးနဲ့ ငါးနှစ်အောက်ကလေးဆိုပြီး
အဆောင်သုံး ဆောင်ခွဲထားတယ်။ တစ်ဆောင်မှာ သူနာပြု ဆရာမတစ်ဦးနဲ့ အကူနှစ်ဦး စောင့်ရှောက်တယ်။
ထမင်းချက်နဲ့ လုံခြုံရေးနှစ်ယောက်လည်း ရှိတယ်။ ၀န်ထမ်းအားလုံးက အိပ်ခ်ျအိုင်ဗီပိုး မရှိသူတွေပါ။

"ကလေးတွေကို ကိုယ့်သားသမီးတွေလို သဘောထားတယ်။ တစ်ခါတလေ သူတို့ကို
ဆေးတိုက်ဖို့ အချိန်မေ့နေရင်တောင်
'အမေစိုး ဆေးတိုက်ဦးလေ'လို့ ပြောကြတော့မှ သူတို့ဟာ ဝေဒနာခံစား နေရတဲ့ကလေးတွေဆိုတာ သတိရတယ်။
ကိုယ့်စိတ်ထဲမှာတော့ သူတို့နဲ့ကိုယ်နဲ့က တစ်သားတည်း လိုပဲ။ အပြင် ပတ်ဝန်းကျင်ကလည်း
ဒီဂေဟာမှာ အလုပ်လုပ်နေသူတွေအားလုံး ဒီရောဂါ ရှိတယ်ဆိုပြီး ပြောကြတာ ပြန်ကြားရတယ်။ ကျွန်မတို့ကတော့
ဂရုစိုက်မနေတော့ပါဘူး။ သူတို့တွေ မသိလို့ပြောကြ တာပဲလို့
သဘောထား ပါတယ်။ ဒီကလေးတွေကို ရောဂါသည်ဆိုပြီး
သဘောထားရင်ဘယ်သူ စောင့်ရှောက်မလဲ"လို့ သူနာပြုဆရာမ ဒေါ်စိုးစိုးအေးက ပြောပါတယ်။
သူက ဂေဟာမှာ အမှုထမ်း နေတာသုံးနှစ်ကျော်ပါပြီ။

"လက်ရှိဂေဟာရဲ့ အဆောက်အအုံ အတိုင်းဆို ကလေး ၅၀ အထိ လက်ခံနိုင်သေးတယ်။
ဒါပေမယ့် ဒီထက်ပိုပြီး လက်ခံဖို့ဆိုရင်တော့ စဉ်းစားရမယ်။ ဘာလို့လဲဆိုတော့ များလာရင်
စောင့်ရှောက်ဖို
မနိုင်မှာ
စိုးရတယ်"လို့ ဒေါ်အေးအေးမြင့်က ပြောပါတယ်။
ကလေးတွေက ရန်ကုန်၊ မြစ်ကြီးနား၊ ချောက်၊ ပုသိမ်၊ ကျိုက်ထို စတဲ့ဒေသတွေကဖြစ်ပြီး
အများစုက မိဘမဲ့တွေပါ။



မြန်မာတိုင်းမ် - ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့
သုခရိပ်မြုံ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top