အသက်
၁၂နှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားသည့် ကလေးတီဘီရောဂါမှာ
ကလေးချင်းကူးစက်မှုနှုန်း နည်းပြီး တီဘီရောဂါရှိသော လူကြီးထံမှတစ်ဆင့် အများဆုံး
ကူးစက်ခံရခြင်းဖြစ်ကြောင်း တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ကလေးတွင်
တီဘီရောဂါ ဖြစ်နေလျှင် ကလေးပိန်၍ မကြာခဏဖျားခြင်း အကျိတ်များထွက်ခြင်း စသည့်
လက္ခဏာများဖြစ်ပြီး သလိပ်မထွက် သည့်အတွက် ကလေးတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်သည့်
အလားအလာ နည်းပါးသည်။ ကလေးအများစုမှာ မိသားစု သို့မဟုတ် အနီးပတ်ဝန်းကျင်ရှိ
တီဘီရောဂါပိုးရှိသည့် လူကြီးများမှတစ်ဆင့် အများဆုံးကူးစက်ခံရပြီး နောက်ပိုင်းတွင်
ပြောင်းလဲလာနိုင်သည်။
ရောဂါ
ဖေါ်ထုတ်နိုင်မှု အခြေအနေ ကုထုံးများအရ ကလေးများကို ဖြစ်နိုင်ခြေရှိသည်ဟု သံသယ
ရှိပါက သလိပ်ကိုစစ်၍ ထိရောက်သော ကုသမှု ခံယူသင့်ကြောင်းနှင့် လောလောဆယ်တွင်
ကလေးတီဘီရောဂါ ကုသမှုများ အားနည်းနေသေးကြောင်း အထက်ပါ ဆရာဝန်မှ ဆက်လက်ရှင်းပြသည်။
“နောက်ပိုင်းမှာ
ပြောင်းလဲလာနိုင်တဲ့ ကလေးတီဘီနဲ့ ပတ်သက်ပြီး ကုသမှုတွေပါ ပြောင်းလဲလာမယ်၊ ဥပမာ
ကလေးကြီးတွေဆို သလိပ်ပါ စစ်နိုင်ဖို့ တိုက်တွန်းသင့်တယ်။ လောလောဆယ်တော့ ကလေးတီဘီက
ကူးစက်မှုနည်းတယ်။ ဘာကြောင့်လဲဆိုတော့ ချောင်းမဆိုး သလိပ်မထွက်ဘူး ရောဂါကို
ဓါတ်မှန်ရိုက်တယ် သွေးစစ်ကြည့်တယ် နောက်ပိုင်း WHO ရဲ့ လမ်းညွှန်ချက်အရ ကလေးဆေးပညာ
ဌာန ပေါ်ပေါက်လာပြီး ကလေးတီဘီကို ထိရောက်စွာ ကုသနိုင်မယ်” ဟုပြောကြားသည်။
ကမ္ဘာ့
လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ တီဘီရောဂါ ကူးစက်မှုခံနေရပြီး ၉၅ရာခိုင်နှုန်းမှာ
ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်။ ထို့ကြောင့် အရှေ့တောင်အာရှတွင်
ရာခိုင်နှုန်းအားဖြင့် ၄၀ရာခိုင်နှုန်း ခန့်နှင့် နှစ်စဉ်လူသုံးသန်းခန့် ကူးစက်မှု
ခံနေရပြီး နေ့စဉ် ၁၅၀၀ခန့် သေဆုံးလျက် ရှိသည်။
မြန်မာနိုင်ငံတွင်
ယခုအခါတွင် တီဘီရောဂါမှာ အမျိုးသား ကျန်းမာရေး တစ်ရပ်အနေဖြင့်
ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ရောဂါကူးစက်မှုနှုန်းမှာ ၂၀၀၅ခုနှစ် စာရင်းများအရ
လူတစ်သိန်းကျော်အထိရှိပြီး ၂၅ဦးကွယ်လွန်ခဲ့သည်။ ထိုအထဲမှ အဖြစ်များသော
အသက်အရွယ်မှာ ၂၅နှစ်မှ ၄၄နှစ်အရွယ်များတွင် အဖြစ်များကြောင်း သိရသည်။
ကမ္ဘာ့အဆင့်တွင် မြန်မာနိုင်ငံ၏ ရောဂါဖြစ်ပွားမှုမှာ အဆင့် ၂၂တွင် ရှိသည်ဟု သိရသည်။
7 Day
News (Vol-6-No-45)




