“…one year of well-timed and unprotected coitus without conception...”
Rein MS, Barbieri RL 1999
ကွန်ဒုံးစသည်ဖြင့် အကာအကွယ်မယူ၊ တစ်နှစ်ခန့်ကြာသည်အထိ လိင်ဆက်ဆံသော်လည်း သန္ဓေမတည်နိုင်ခြင်းကိုမြုံတယ်လို့ သူက သက်မှတ်လိုက်ပါတယ်။
သည် အဓိပ္ပါယ် သတ်မှတ်ချက်ဟာ တကယ်တော့ သိပ်ပြီး ရှင်းလင်းပြီး ပြီးပြည့်စုံ လွန်းတယ်လို့တော့ မဆိုလိုပါဘူး။
သို့သော်လည်း မြုံခြင်း (Infertility) ကနေ သန္ဓေတည်ခြင်း (Fertility) ပြန်ဖြစ်နိုင်ပါတယ်။
သန္ဓေမတည်နိုင်တဲ့ စုံတွဲတစ်တွဲ ကို လေ့လာကြည့်မယ်ဆိုရင်--
အမျိုးသားဘက်က ချို့ ယွင်းချက် ၄၀% နှင့် အမျိုးသမီးဘက်က ၄၀% ဖြင့် ဆတူဖြစ်ကြောင်း လေ့လာချက် တစ်ရပ်က ဆိုပါတယ်။ ကျန်တဲ့ အကြောင်းအရင်း မသိဘဲ မြုံနေခြင်းကတော့ ၂၀% ရှိကြောင်း တွေ့ရှိရပါတယ်။
ကလေးမရကြတဲ့ စုံတွဲတွေဟာ ကမ္ဘာပေါ်မှာ တနေ့တခြား ပိုများလာပါတယ်။
မှတ်တမ်းတွေအရ ၁၉၈၈ ခုနှစ်မှာ ၅.၅ သန်း၊ ၁၉၉၅ ခုနှစ်မှာ ၆.၇ သန်း နဲ့ ၂၀၀၂ ခုနှစ်မှာ ၇.၂ သန်းအထိ တိုးလာကြောင်း တွေ့ရပါတယ်။ သည်လိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့
(၁) အသက်အရွယ်ကြီးတဲ့ အမျိုးသမီးအရေအတွက် ပိုများလာခြင်းနှင့်
(၂) ကလေးရယူရန် အချိန်ဆွဲခြင်းတို့ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ကိုယ်ဝန်ဆောင်နိုင်သည့် စံနှုန်း
စုံတွဲများအတွက် ကိုယ်ဝန်ဆောင်ကြသည့် စံနုန်းမှာ
(က) စုံတွဲ ၂၅% သည် ပထမ လတွင်လည်းကောင်း၊
(ခ) စုံတွဲ ၆၀% သည် ၆ လအတွင်းတွင်လည်းကောင်း၊
(ဂ) စုံတွဲ ၇၅% သည် ၉ လအတွင်းတွင်လည်ေးကာင်း၊
(ဃ) စုံတွဲ ၉၀% သည် တစ်နှစ်ခွဲအတွင်းတွင်လည်းကောင်း ကိုယ်ဝန်ဆောင်နိုင်ကြကြောင်း တွေ့ရှိရပါတယ်။
မြုံ ခြင်းကို ယေဘုယျအားဖြင့်
(၁) Primary Infertility နှင့် (၂) Secondary Infertility ဟူ၍ နှစ်မျိုး ခွဲပြထားပါတယ်။
(၁) Primary Infertility
အကာကွယ်မဲ့ ဆက်ဆံသော်လဲ ယခုအချိန်အထိ ကိုယ်ဝန် တစ်ခါမှ မဆောင်နိုင်ဘူးတဲ့ အမျိုးသမီး ၊ ကိုယ်ဝန်ရရှိစေရန် ဆက်ဆံသော်လည်း ယခုထိ မရနိုင်သေးတဲ့ အမျိုးသား ကို (Primary Infertility) လို့ သတ်မှတ်ပါတယ်။
သည်လိုအခြေအနေက ၇၀ % ရှိတယ်လို့ ပြောပါတယ်။
(၂) Secondary Infertility ဆိုတာက
ယခင်က ရခဲ့ဖူးတယ် ၊ သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်က စ၍ ကြိုးစားသော်လည်း ယခုအထိမရရှိသေးသည့်
အခြေအနေကို ဆိုလိုပါတယ်။ သည်လိုမျိုး က 30% ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်နိုင်စေရန် သိထားရမည့် အချက်များ
၁။ ကိုယ်ဝန်ဆောင်နိုင်သည့် ဥပဒေသ
၎င်းတွင် (၁) ရာသီစက်ဝန်း၊ (၂) မျိုးဥကြွေခြင်း (၃) ဆက်ဆံချိန်နှင့် ကြိမ်နှုန်း (၄) ဖို/မ မျိုးပွားအဂါင်္အဖွဲ့အစည်းစနစ်
စသည်ဖြင့် ပါဝင်ပါတယ်။

၂။ အမျိုးသားအတွက် အဓိကလိုအပ်ချက်
(၁) ပုံမှန် သုတ်ပိုးထုတ်လုပ်နိုင်မှုနှင့် သုတ်ပို့ပြွန်စနစ်
(၂) မမွေးလမ်းကြောင်းထဲသို့ သုတ်ပိုးထိုးသွင်းရောက်ရှိနိုင်မှု
(၃) သင့်တင့်လျောက်ပတ်သော ကိုယ်စိတ်ဆန္ဒအားရှိမှု
(၄) လုံလောက်သော လိင်အင်္ဂါထောင်မတ်နိုင်ခြင်း
(၅) သုတ်ရည်ပုံမှန် ပမ်းထုတ်နိုင်စွမ်း
(၆) သုတ်ရည်အား မိန်းမကိုယ်အတွင်း ထိုးသွင်းပမ်းထည့်ရခြင်း တို့ ဖြစ်ပါတယ်။
၃ ။ အမျိုးသမီးအတွက် အဓိကလိုအပ်ချက်
(၁) သင့်တင့်လျောက်ပတ်သော ကိုယ်စိတ်ဆန္ဒအားရှိမှု
(၂) မျိုးပွားအဂါင်္များပုံမှန်အနေအထား ရှိခြင်းနှင့် လုပ်ဆောင်မှု မှန်ကန်ခြင်း
(၃) သန္ဓေသားအသက်ရှင်ရန်အတွက် သင့်လျော်သော မမျိုးပွားအဂါင်္နှင့် စနစ်
(၄) သန္ဓေသားနှင့်အချင်းအတွက် လိုအပ်သော အောက်ဆီဂျင် ၊ အဟာရဓါတ်များထိန်းသိမ်းရန်အတွက်လုံလောက်သော
ကျန်းမာရေးကောင်းမွန်မှု၊ အဟာရပြည့်ဝခြင်း တို့ ဖြစ်ပါတယ်။
၎။ ကိုယ်ဝန်မရခြင်း ၊မြုံခြင်း နှင့် ဆက်နွယ်နေသော အချက်များ-မှာ
(၁) မျိုးပွားစနစ်အကြောင်း အသိပညာနည်းခြင်း
(၂) ဆက်ဆံရမည့် အချိန် နှင့် ကြိမ်နှုန်းအား မသိခြင်း
(၃) အသက်အရွယ်ကြီးလာခြင်း
(၄) လိင်မှတဆင့်ကူစက်တတ်သော ရောဂါများရှိနေခြင်း
(၅) အဟာရ
(၆) သုံးစွဲနေသော ဓါတုဆေးဝါးများ
(၇) ဓါတ်ရောင်ခြည်သင့်မှု
(ဂ) မျိုးပွားစနစ်အား ခွဲစိတ်ခံထားရမှု
(၉) သန္ဓေသားတွင် အလုံးတည်ခြင်း
စသည့်အချက်များဖြစ်သည်။
လိမ်းဆေးများ ၊ချောဆီများ
အချို့သော လိမ်းဆေးများ၊ချောဆီများသည် သုတ်ပိုးများကို သေစေတတ်သော အာနိသင်ရှိခြင်း ၊ သုတ်ပိုး၏ ရှင်သန်လှုတ်ရှားမှုအားနှေးကွေးစေတတ်ခြင်းကို ဖြစ်စေသည်။
အမျိုးသမီးအသက်အရွယ်နှင့် သန္ဓေတည် နှုန်း
အသက် ၄၀ ကျော်ပါက အမျိုးသမီးသည် သန္ဓေတည်နှုန်းမှာ သိသိ သာသာ လျော့နည်းလာသည်။
သိုသော်လည်း ၄၀ ကျော်သော အမျိုးသမီးများ သည်လည်း ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးနိုင်သေးသည်။
အမျိုးသားအသက်အရွယ်နှင့် သန္ဓေတည် နှုန်း
အသက်ကြီးလာသော အမျိုးသားများသည် ဆက်ဆံသည့်ကြိမ်နှုန်းလျော့နည်းလာတတ်ပြီး လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ ကျဆင်းလာတတ်သည်။
လိင်မှတဆင့်ကူးစက်တတ်သောရောဂါများနှင့် ကိုယ်ဝန်ဆောင်နိုင်မှုနှုန်း
ကိုယ်ဝန်မရရှိခြင်း၏ အကြောင်းအရင်း ၁၅ % မှ ၃၀% အထိ မှာ လိင်မှ တဆင့် ကူးစက် တတ်သောရောဂါများ ရှိနေခြင်းကြောင့် ဖြစ်သည်။
ယခင်ကိုယ်ဝန်စဉ်က ဖြစ်ခဲ့သော ကျန်းမာရေးဆိုင်ရာ ပြဿနာများ
သားမွေးစဉ်အတွင်း မွေးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ရရှိခဲ့ခြင်း၊ စုတ်ပြဲခဲ့ခြင်း၊ နှင့် သားအိမ်ထိခိုက်ခဲ့ခြင်း၊ သားအိမ်ဖြတ်ထားခဲ့ ဖူးခြင်း၊ ၀မ်းဗိုက်ခွဲစိတ်ထားခံရဖူးခြင်း တို့မှာ နောက်ထပ် တစ်ကြိမ်ကိုယ်ဝန်ဆောင်ခြင်းကို များစွာ အဟန့်အတားဖြစ်စေသည်။
အမျိုးသမီး၏ ကိုယ်အလေးချိန်နှင့် ကိုယ်ဝန်ရရှိနိုင်မှု
BMI( Body Mass Index) 17 kg/m2 အောက် နှင့် 30 kg/m2 အထက် (ပိန်လွန်း၊ ၀လွန်း) အမျိုးသမီးများသည် ကလေးရရှိနိုင်မှုနှုန်း နည်းပါးလာတတ်သည်။
အဆိပ်ဆင့်စေတတ်သော ပစ္စည်းများ
ခဲ ဆပ်သင့်ခြင်းသည် အမျိုးသမီးများတွင် ကိုယ်ဝန်ရှရိမှုနှုန်းကို လျော့နည်းစေပြီး၊
အမျိုးသားများတွင် သုတ်ကောင် အရေအတွက်ကို လျော့နည်းစေတတ်သည်။
အရက်သောက်သုံးခြင်း
အရက်သောက်ခြင်းကြောင့် အမျိုးသမီးများတွင်
(၁) သန္ဓေတည်မှု လျော့နည်းလာခြင်း
(၂) သားပျက်သားလျောဖြစ်တတ်ခြင်း
(၃) နေရာလွဲမှား သန္ဓေသာဖြစ်တတ်ခြင်း
(၄) အချင်းအနေအထားမမှန်ခြင်းများ နှင့်
(၅) သန္ဓေသားအတွက် မလိုလားအပ်သော ဆိုးကျိုးများကို ဖြစ်ပေါ်စေတတ်သည်။
အမျိုးသားများတွင်
(၁) သုတ်ရေထုတ်လုပ်ခြင်း
(၂) သုတ်ကောင်၏ လှုတ်ရှားနိုင်မှုစွမ်းအားများ
(၃) သုတ်ကောင်ပုံသဏ္ဍာန်ပျက်ယွန်းခြင်းများ
(၄) သန္ဓေတည်နိုင်မှု စွမ်းအင်ပျက်စီးခြင်းများ ဖြစ်တတ်သည်။
လိင်ဆက်ဆံရမည့် နေ့များ

မ မျိုးဥ စေ ကြွသောနေ့ နှင့် မကြွေမီ ငါးရက် အချိန်သည် ကိုယ်ဝန်ရရှိရန် အကောင်းဆုံးအချိန်ဖြစ်သည်။
ရှင်းလင်းချက်။ ။ သုတ်ပိုးသည် မမျိုးပွားအဖွဲ့အစည်းအတွင်း တွင် ၅ ရက်အထိသာ အသက်ရှင်နိုင်သည်။ အကယ်၍ သန္ဓေမအောင်ဖြစ်ပါက မမျိုးဥသည်လည်း မျိုးဥကြွေပြီးနာရီအနည်းငယ်မှ အလွန်ဆုံးတစ်ရက်ခန့်သာ အသက်ရှင်နိုင်သည်။
ထို့ကြောင့် မမျိုးဥမကြွေမီ ၅ ရက် မှစ၍ လိင်ဆက်ဆံခြင်းသည်သာလျှင် အကောင်းဆုံးသော အချိန်ဖြစ်သည်။
ဆက်ဆံရမည့်အကြိမ်အရေအတွက်

ပထမ (၅) ရက်အား သုတ်ရည်စွန့်ထုတ်ခြင်းမပြုရန် နှင့် ၄င်းမှ နောက်ဆက်တွဲဖြစ်သော မမျိုးဥ မကြွေမီ ငါးရက်တွင် တစ်နေ့ တစ်ကြိမ် ဆက်ဆံခြင်းသည် ကိုယ်ဝန် ရှရှိစေနိုင်ရန် အခွင့်အရေး ပိုများစေပါသည်။
စစ်တမ်းတစ်ရပ်အရ လိင်ဆက်ဆံသည့် ကြိမ်နုန်းသည် ကိုယ်ဝန်ရရှိမှု နှင့်အောက်ပါအတိုင်း ဆက်နွယ်မှု ရှိကြောင်း တွေ့ရပါသည်။
လိင်ဆက်ဆံသည့် ကြိမ်နုန်း နှင့် ကိုယ်ဝန်ရရှိမှု
တစ်ပတ်လျှင်တစ်ကြိမ်ထက်ပိုနည်းပါက ၆ လအတွင်း ကိုယ်ဝန်ရနိုင်သည့် နုန်း ၁၇ %
တစ်ပတ်လျှင်တစ်ကြိမ် ၃၂ %
တစ်ပတ်လျှင် နှစ်ကြိမ် ၄၆%
တစ်ပတ်လျှင် သုံးကြိမ် ၅၂% ရှိကြောင်း တွေ့ရသည်။
ဒေါက်တာခင်နိုင်ဦး
- ဆက်လက်ဖတ်ရှုရန် ( သန္ဓေတည်ရန် အကောင်းဆုံး အခါတော်ပေး (သို့မဟုတ်)
American Pregnancy Association (APA) ၏ Ovulation Calculator
(ကိုယ်ဝန်ရစေခြင်း၏ အဓိက သော့ချက်)
http://www.facebook.com/photo.php?fbid=559652390721913&set=a.554962924524193.1073741828.554509527902866&type=1&relevant_count=1
Reproductive Health For All - ကလေး ရစေနိုင်မည့် နည်းလမ်းများ




