30
May

ကျန်းမာရေးဝန်ထမ်းများပါ အေ့ဒ်စ်ဝေဒနာသည်အား ခွဲခြားဆက်ဆံဆဲ

HIV ဝေဒနာရှင်များအား ခွဲခြားဆက်ဆံမှု ပြုလုပ်သူများတွင် သာမန်ပြည်သူများသာမက ကျန်းမာရေးဝန်ထမ်းများပါ ပါဝင်လျက်ရှိကြောင်း ကရုဏာလရိပ်ဖောင်ဒေး ရှင်းမှ ဒေါက်တာပြုံးမိုအိက ပြောသည်။

လက်ရှိ၌ HIV ရောဂါဝေဒနာရှင်များအား ဆေးဝါးကုသ ပေးလျက်ရှိသောဆေးရုံဟူ၍ မင်္ဂလာဆေးရုံနှင့် သာကေတဆေးရုံတို့သာရှိပြီး ပြင်ပအစိုးရ ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများတွင် ဆေးဝါးကုသခံယူမှု အလွန် နည်းပါးလျက်ရှိကြောင်း၊ ထိုသို့ ပြင်ပဆေးရုံများ၌ ဆေးဝါးကုသမှု နည်းပါးရသည့် အကြောင်းရင်းမှာ ကုသမှုစရိတ် ကို သာမန်လူနာများထက် နှစ်ဆပိုမိုတောင်းခံလျက် ရှိသည့်အပြင် တာဝန်ခံ၍ ကုသပေးလိုသော ကျန်းမာရေးဝန်ထမ်း နည်းပါးလျက်ရှိခြင်းကြောင့် ဖြစ်ကြောင်း ၄င်းကဆိုသည်။

”ပြည်သူ့ဆေးရုံတွေမှာ HIV ရောဂါသည်တွေ ဆေးဝါးကုသမှု လာရောက်ခံယူလို့ရှိရင် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း အချို့ ကိုယ်တိုင်က ရောဂါကူးမှာ ကြောက်ပြီး ခွဲခြားဆက်ဆံမှုတွေက ရှိနေတုန်းပဲ။ ခွဲစိတ်ကုသရမယ့် HIV ရောဂါသည်တွေကို ဆိုရင်လည်း အမြဲတမ်းနောက်ဆုံးမှာ ထားပြီး ခွဲစိတ်ကုသပေးကြတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၌ အခြားနိုင်ငံများကဲ့သို့ ခွဲစိတ်ပစ္စည်း အသစ်များကို ထပ်ခါတလဲလဲ ဝယ်မသုံးနိုင်သေးခြင်းကြောင့် HIV ရောဂါသည်များကို ခွဲစိတ်ထားသည့် ကိရိယာများ အား အခြားလူနာကို ခွဲစိတ်ရာတွင်  ရောဂါကူးမှာစိုး၍ မသုံးကြောင်း၊ ထို့ကြောင့် ကုသစရိတ်ကိုလည်း နှစ်ဆကျော် တောင်းခံခြင်းဖြစ်ကြောင်း ခွဲစိတ်အထူးကု ဆရာဝန် ကြီးတစ်ဦးက ပြောသည်။

HIV ရောဂါသည်များအား သာမန်ဆေးဝါးကုသမှု ပေးရာတွင်မူ ဆေးဝါး ကုသစရိတ် နှစ်ဆကျော် တောင်းခံနေခြင်းမှာမူ မပြုလုပ်သင့်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

HIV ရောဂါသည်များအပေါ် ခွဲခြားဆက်ဆံမှု လျော့နည်းစေရေးအတွက် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ အကြား၌လည်း မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ အကူအညီဖြင့် ပညာပေးမှုများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း ၄င်းက ထပ်မံပြော သည်။

ရန်ကုန်၊ မေ ၂၆, PN-020

Popular - ကျန်းမာရေးဝန်ထမ်းများပါ အေ့ဒ်စ်ဝေဒနာသည်အား ခွဲခြားဆက်ဆံဆဲ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top