9
Aug

ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများတွင် ART Center များ၏ အခန်းကဏ္ဍ

ကျန်းမာရေးဦးစီးဌာန ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်ကို ၂ဝဝ၅ခုနှစ်မှစတင်ပြီး ရန်ကုန် မြို့၊ ဝေဘာဂီအထူးကုဆေးရုံ ကြီး၊ မန္တလေးမြို့ရှိ အထွေထွေ ရောဂါကုဆေးရုံကြီးနှင့်ထိုင်း-မြန်မာနယ် စပ်ဒေသရှိ ဆေးရုံတွင် ART ဆေးဝါး ကုသ ရေးဌာန  (ART Center) များ စတင်ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့သည်။ ယခုချိန်တွင် နိုင်ငံ တော်အစိုးရမှဆေးရုံကြီး ၄၈ ရုံအထိ တိုးချဲ့ဆောင်ရွက်ခဲ့ သည်။

ART Center  များတွင် ART ဆေးဝါး ကုသမှုလုပ် ငန်းနှင့် ပတ်သက်၍ မိမိဆန္ဒ အလျောက် နှစ်သိမ့်ဆွေးနွေး ပညာပေးခံယူပြီး HIV ပိုးရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ (HCT/VCCT) လုပ်ငန်း HIV ရောဂါ ပိုးစစ်ဆေးတွေ့ရှိသော လူနာများအား (Pre-ART Register) တွင် စာရင်းသွင်းပြီး CD 4  အရေအတွက် စစ်ဆေးပေး ခြင်း၊ အခွင့် အရေးယူဝင် ရောက်တတ်သော ရောဂါများ (Opportunistic Infections ) များအား ကုသမှုပေးခြင်း၊ Cotrimoxazol ကာကွယ်ဆေး များထောက်ပံ့ပေးခြင်း၊ ART ဆေးစွဲမြဲစွာ ကုသမှု ခံယူရန် အတွက် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ (ART Adherence Counselling) နှင့်  HIV ရောဂါပိုးရှိ ကိုယ်ဝန် ဆောင် မိခင်များ အပါအဝင် ဆေးကုသမှုခံယူရန် လိုအပ် သောလူနာများအား (National  Guideline for HIV Clinical management) နှင့်အညီ ART ဆေးဝါးများ ထောက် ပံ့ ပေးခြင်း တို့ကိုဆောင် ရွက်ပေး လျက်ရှိသည်။

နိုင်ငံတော်အစိုးရ၏ ကျန်းမာရေးဆိုင်ရာ အသုံး စရိတ်များ ပိုမို ထာက်ပံ့ပေးနိုင် မှုနှင့်ပြောင်းလဲလာသော နိုင်ငံ ရေးမူဝါဒများအရ   နိုင်ငံတကာ မှပူးပေါင်းဆောင်ရွက်မှုများ လည်း တိုးတက်လာခဲ့သည်။ လက်ရှိအချိန်၌ ခုခံအားကျ ဆင်းမှု ကူးဆက်ရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာစီမံကိန်း ၂ဝ၁၁-၂ဝ၁၅ ကို ရေးဆွဲပြီး အကောင် အ ထည် ဖော်ဆောင် ရွက်လျက်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ လည်း ကျန်းမာရေးအသုံးစရိတ် ကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေး နှစ်မှစ၍ လေးဆခန့် တိုးမြှင့် သုံးစွဲခဲ့ရာ တွင် HIV / AIDS ရောဂါတားဆီးကာကွယ်ရေး နှင့် တိုက်ဖျက်ရေးလုပ်ငန်းများအတွက်လည်း ခွင့်ပြုငွေ ပိုမိုရရှိ လာမည်ဖြစ်သည်။ ကုလသမဂ္ဂ ၏ ထောင်စုနှစ် ရည်မှန်း ချက် တစ်ခုဖြစ်သည်။ ART ဆေးဝါးကုသမှုကို HIV ပိုးရှိ သူတိုင်း လက်လှမ်းမီရရှိနိုင် စေရေး (Universal Access to ART) ကို မြန်မာနိုင် ငံမှ ပြည့် မီေ အာင် ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံအတွက် HIV  ရောဂါကာကွယ်ရေးနှင့် တိုက် ဖျက်ရေးလုပ်ငန်းများအတွက် လိုအပ်သော ရန်ပုံငွေကို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (Global Fund ) က အဓိကပံ့ပိုးပေးလျက်ရှိပါသည်။  ၂ဝ၁၃-၁ဝ၁၆ ခုနှစ်တွင် Global Fund New Funding Model  ဖြင့် HIV / AIDS ရောဂါတားဆီး ကာကွယ်ရေး နှင့် တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၁၆ဝ ခန့် ထိ တိုးမြှင့်ထောက်ပံ့ပေးရန် Global Fund   မှ သဘောတူ ခွင့်ပြုပြီးဖြစ် သည်။ပြည်သူလူထု အတွင်း HIV ကူး စက်မှုကို ကာကွယ် ဟန့်တားနိုင်မည့်အခြေအနေများ ဖန်တီးပေးရေး၊ HIV  ပိုးကူး စက်ခံရသူများက ဆေးယဉ်ပါးမှု မရှိစေရန် အသိပညာပေးရေး နှင့် မိမိတို့အသိပညာဗဟုသုတ များအား ဆေးရုံမှ ဆင်းသွားပြီး နောက်တွင် လက်တွေ့အသုံးချ ရန်နှင့် ထပ်ဆင့် ဖြန့်ဝေအသိ ပေးရန် အထူးကု ဆေးရုံ များမှ ဆောင်ရွက်ပေး လျက်ရှိသည်။

ထွဋ်မြတ် (ညွှန်-ကျန်းမာရေးဝန်ကြီးဌာန)

Popular - ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများတွင် ART Center များ၏ အခန်းကဏ္ဍ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top