2007-01-03
လွတ်လပ်သောအာရှအသံ
မြန်မာဌာန၊ သတင်းများ
3 D
Fund လို့ခေါ်တဲ့ ရောဂါ ၃ မျိုးရန်ပုံငွေအဖွဲ့က ရောဂါကာကွယ် တာဆီး၊ ကုသရေး လုပ်ငန်းလုပ်ဆောင်ဖို့ စိတ်ဝင်စားမှု လျှောက်လွှာခေါ်ယူပါသည်။
မြန်မာနိုင်ငံထဲက စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေဆီကို ရန်ပုံငွေပေး နိုင်ဖို့အတွက်
လျှောက်လွှာတင်ဖို့ ပထမဆုံးခေါ် လိုက်တာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာ တီဘီ အဆုတ်ရောဂါ၊ ငှက်ဖျားနဲ့ HIV/AIDS
ရောဂါသုံးမျိုး ကာကွယ်ကုသရေး ရန်ပုံငွေ အဖြစ် မနှစ်က စပြီးထူထောက်လိုက်တဲ့ 3D Fund က
ပထမအသုတ်အနေနဲ့ ရန်ပုံငွေထုတ်ပေးဖို့ မြန်မာနိုင်ငံထဲက ကျန်းမားရေးနဲ့
လူမှုဝန်ထမ်းအဖွဲ့တွေဆီက လျှောက်လွှာ တောင်းခံလိုက်တာဖြစ်ပါတယ်။
ဒီလျှောက်လွှာခေါ်ယူတာကို စိတ်ဝင်စားဖော်ပြချက်လို့ ပြည်တွင်း
သတင်းမီဒီယာတွေမှာ ဖော်ပြထားပြီး လျှောက်လွှာလိုအပ်ချက် အသေးစိတ်ကိုတော့
ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်း
ဆိုင်ရာ အဖွဲ့ရုံး (UNOPS) ကို အင်တာနက် အီးမေးလ်ကဆင့်
ဆက်သွယ်မေးမြန်းဖို့ ဖော်ပြထားပါတယ်။
3D
Fund က အခုလို စိတ်ဝင်စားမှုဖော်ပြချက် ခေါ်ယူရတဲ့ ရည်ရွယ်ချက်က 3 D Fund အဖွဲ့ကြီးနဲ့
ပူပေါင်းပြီး လုပ်ငန်းအကောင်ထည်အဖြစ် လုပ်ကိုင်လိုတဲ့ အဆင့်မီ အဖွဲ့အစည်းတွေကို
ဖော်ထုတ်ဖို့ ဖြစ်တယ်လို့ အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 3
D Fund ရဲ့ ဦးစားပေး လုပ်ငန်းတွေဖြစ်တဲ့ အဆုတ်နာ တီဘီရောဂါ၊
ငှက်ဖျားရောဂါနဲ့ HIV/
AIDS ရောဂါ ၃ မျိုးကာကွယ် ကုသစောင့်ရှေက်ရေးလုပ်ငန်းမှာ
လုပ်နိုင်စွမ်း၊ အရည်အချင်းနဲ့ အတွေ့အကြုံရှိရမှာဖြစ်ပြီး ၂၀၀၇ ခုနှစ် ဧပြီလ ၁
ရက်ကနေ ဇူလိုင်လ ၁ ရက်ကာလအတွင်း လုပ်ငန်းစတင်နိုင်မဲ့ အဖွဲ့တွေကို
ဖော်ထုတ်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
ဗန်ကောက်မြို့က 3 D Fund လုပ်ငန်းဆိုင်ရာ မန်နေဂျာ
မစ္စတာပါးဂေဘောကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ သူက
အခုလိုပြောပြပါတယ်။
မစ္စတာပါးဂေဘောရာ။ ။ စိတ်ဝင်စားမှုတောင်းခံလွှာကို အသေအချာဖတ်ရင် သိနိုင်ပါတယ်။ ဦးစားပေး အဖွဲ့အစည်းဆိုတာ မရှိပါဘူး။ 3 D Fund ရဲ့ စည်းမျဉ်းသတ်မှတ်ချက်အရ
နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ် နေတဲ့ အဖွဲ့တွေကလွဲရင် စိတ်ဝင်စားတဲ့
အဖွဲ့အစည်းအားလုံးလျှောက်လွှာတင်နိုင်ပါတယ်။
နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းလို့ ပြောတဲ့အတွက်
မြန်မာအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ လူမှုရေး အသင်းအဖြစ် ဖွဲ့ထားတဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းလို အဖွဲ့တွေကိုရော ရန်ပုံငွေထောက်ပံ့ဖို့
ရှိပါသလားလို့ မေးရာမှာတော့ မစ္စတာ ဂေဘောရာက အခုလိုပြောပြပါတယ်။
မစ္စတာ ပါးဂေဘောရာ။
။ ကျနော်အနေနဲ့ ဒီအဖွဲ့တွေကို ရန်ပုံငွေထောက်ပံ့ဖို့ မထင်ပါဘူး။
တောင်းခံလွှာကို ဂရုတစိုက်ဖတ်ရင် သိနိုင်ပါတယ်။ အခြေခံအားဖြင့် 3 D Fund က
ငွေကြေးကို မြန်မာဗဟိုအစိုးရနဲ့ အစိုးရ အဖွဲ့အစည်းတွေဆီ ဘယ်လိုမှ
ရောက်မသွားရပါဘူး။ ဒါပေမဲ့ မြို့နယ်အဆင့် အစိုးရအာဏာပိုင်တွေနဲ့ ပူးပေါင်း
ဆောင်ရွက်နိုင်တဲ့ ချွင်းချက်တခုတော့ ရှိပါတယ်။ ဒါပဲရှိပြီး မြန်မာအစိုးရလက်ကို
တိုက်ရိုက် ငွေရောက်သွားနိုင်မဲ့ ဖြစ်နိုင်ခြေတော့ မရှိပါဘူး။
စိတ်ဝင်စားမှုတောင်းခံလွှာတွေကို စိစစ်ရာမှာလည်း
အရည်းအချင်းပြည့်မီတဲ့ အသင်းအဖွဲ့တွေကို လုပ်ငန်းစဉ် ကုန်ကျမဲ့ ငွေကြေးပမာဏကို တင်ပြဖို့ အကြောင်းကြားတာပဲဖြစ်ဖြစ်၊ ငွေပမာဏ ညှိနှိုင်းတာပဲဖြစ်ဖြစ် လုပ်မယ်လို့ တောင်းခံလွှာမှာ ဖော်ပြထားပါတယ်။
တောင်းခံနိုင်တဲ့ ငွေအရေအတွက်က အနည်းဆုံး အမေရိကန်ဒေါ်လာ
၁သိန်းရှိရမှာဖြစ်ပြီးတော့ ၁ နှစ်ကနေ ၃ နှစ်အတွင်း လုပ်ငန်းလုပ်နိုင်တဲ့
အဖွဲ့အစည်းကြီးတွေကို ဒီထက်ပိုများတဲ့ ငွေကြေးကို တောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
လျှောက်လွှာပိတ်ရက်က အခု ဇန်န၀ါရီလ ၂၂ ရက် ထိုင်းနိုင်ငံ စံတော်ချိန် နေ့လည် ၁၂
နာရီဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လူလူချင်းကူးစက်နိုင်တဲ့ ရောဂါတွေ
လျှော့ချနိုင်ဖို့ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေ အကောင်ထည်ဖော်ဖို့
ရောဂါသုံးမျိုး ရန်ပုံငွေအဖွဲ့ 3 D Fund ကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ၾသစေၾတးလ်၊ EU
ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတို့က
အမေရိကန်ဒေါ်လာ သန်း ၁၀၀ မတည်ထားပါတယ်။ 3 D Fund အဖွဲ့ဟာ ရောဂါ ၃ မျိုးတိုက်ဖျက်ရေး
ကုလသမဂ္ဂရဲ့ Global
Fund အဖွဲ့ မြန်မာနိုင်ငံက ထွက်ခွာသွားအပြီး ပေါ်ပေါက်လာတဲ့
အဖွဲ့ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/3D_fund_invites_applications-070103.html?searchterm=None




