3
Mar

ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

ကျန်းမာရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ လူမှုရေး အသင်းအဖွဲ့များနှင့် လက်တွဲ၍ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ အသင်းအဖွဲ့များအနက် MSF Holland (Medicins Sans Frontieres – Holland (AZG) အဖွဲ့၏ လုပ်ငန်းအားလုံးကို လုံးဝရပ် ဆိုင်းစေပြီး လူနာများအား ဆေးဝါးများ ထောက်ပံ့နေမှုများ ရပ်ဆိုင်းတော့ မည်ဟု သတင်းများထွက်ပေါ်လျက်ရှိရာ ပြည်သူများ အဖြစ်မှန်သိရှိစေရန် အောက်ပါအတိုင်း အသိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် MSF Holland (AZG) အဖွဲ့၏ တာဝန်ရှိ သူများ ၂၈.၂.၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။ ထိုဆွေးနွေးပွဲ၏ သဘောတူညီချက် အရ MSF Holland (AZG) အဖွဲ့၏ ရခိုင်ပြည်န်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ ကို ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များးတွင် ဆောင်ရွက်လျက်ရှိသော MSF Holland (AZG) လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူလူထု၏ လက်ခံမှု၊ တိုင်းရင်းသား အဖွဲ့အစည်းများ၏ အားပေး ထောက်ခံမှု တို့ကြောင့် ပြည်သူ လူထုအကျိုးအတွက် ဆက်လက်ဆောင်ရွက် ခွင့်ပြု သွားမည် ဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက် နားလည်မှု စာချွန်လွှာ (MoU) ကိုလည်း နှစ်အပိုင်းအခြားလိုက် ဆက်လက်ညှိနှိုင်းရေးထိုးမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း အေးချမ်းတည်ငြိမ်မှု ရရှိလာသည့်အခါ MSF Holland (AZG) အဖွဲ့၏ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း စွမ်းဆောင် ချက်များကို ပြန်လည်သုံးသပ်ပြီး အချိန်ကာလအပိုင်း အခြား တစ်ခုအတွင်း ရခိုင်ပြည် နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည် ဆောင်ရွက် နိုင်ရေး စဉ်းစားဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top