8
Oct

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည် စတင်မည့် MSF

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF အနေဖြင့် ပြည်သူများ၏ သဘောဆန္ဒအရ စစ်တွေမြို့ မိဇံရပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါး ကုသမှုလုပ်ငန်းများ ပြည်လည် စတင်တော့မည် ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုများဖြစ်ခဲ့သည့် ကာလအတွင်း ရပ်ဆိုင်းခဲ့ရသည့် နယ်စည်းမထား ဆရာဝန်များ အသင်း MSF မှာ လက်ရှိအချိန်တွင် စစ်တွေ၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် ပြည်လည် စတင်ခြင်း ဖြစ်သည်။

“MSF အနေနဲ့ ယာယီရပ်ဆိုင်းခဲ့ရတဲ့ ဆေးပေးခန်းနဲ့ ဆေးဝါး ကုသမှုလုပ်ငန်းတွေကို စစ်တွေ မိဇံရပ်မှာ ပြန်လည် ဖွင့်လှစ်သွားမှာပါ” ဟု MSF နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ထိုကဲ့သို့ ဆေးဝါး ကုသမှုနှင့်ဆေးခန်း ဖွင့်လှစ်မှုအတွက် ပြည်သူ့များထံမှ ဆန္ဒသဘောထားများ ကောက်ခံထားကြောင်းကိုလည်း ၄င်းကဆိုသည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF အနေဖြင့် ယခင်  စစ်တွေမြို့ ဓညဝတီ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ဆေးခန်းအား အသုံးမပြုတော့ပဲ မိဇံရပ်ကွက်တွင် ပြောင်းလဲ ဖွင့်လှစ်ခြင်းဖြစ်သည်။

MSF သည် ရခိုင်ပြည်နယ်တွင် မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး၊ AIDS၊ တီဘီရောဂါစသည့် ရောဂါများ အားကာကွယ်ကုသပေးရန်အတွက် နှစ်ပေါင်း (၂၀) ၀န်းကျင် ဆေးဝါး ကုသမှုပေးနေသည့် အဖွဲ့ဖြစ်သည်။

ဇွန်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် MSFလုပ်ငန်းများ ယာယီအားဖြင့် ရပ်ဆိုင်းခဲ့သည့်အပြင်  HIV/AIDS  လူနာများအတွက် ဆေးဝါးကုသမှုအနေအထားမှာ လုံလောက်သော အခြေအနေ၌ မရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် နယ်စည်းမထား ဆရာဝန်များအသင်း MSF မှ ART ဆေးဝါး ကုသမှုဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် ဝေဒနာရှင်ပေါင်း (၆၀၀) ကျော်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်တွင် နယ်စည်း မခြားဆရာဝန်များအသင်းမှ ART ဆေးဝါး သုံးစွဲနေရသူစုစုပေါင်း (၃၃၃) ဦး၊ ဆေးပုံ မှန်မရသူ (၂၈၀) ဦးရှိကြောင်း MSF မှ ထုတ်ပြန်သည့် စာရင်းများအရ သိရှိရသည်။

မြစ်မခ - ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည် စတင်မည့် MSF 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top