မေးတာ မဖြေခင် ရေးပါရစေ။ ကျန်းမာရေး-ဆေးပညာ မေးတာ-ဖြေတာမှာ SMS လို အတိုကောက် ကျွန်တော် အတော် သဘောမကျပါ။ ဆရာဝန်တွေ အတိုရေးတာ သိပ်သုံးပါ တယ်။ ဥပမာ တနေ့ တကြိမ်ဆိုရင် OD လို့ ရေးတယ်။ ဆရာဝန်၊ ဆရာမ၊ ဆေးပေးသူ၊ ဆေးရောင်းသူ အားလုံးက နားလည်ကြပြီးသားဖြစ်တယ်။ SMS တွေ ရေးသူတွေက Upper case ရေးရမှာကို မရေးကြဘူး။ Full stop လဲ ပါချင်မှ ပါတယ်။ Space ခြားရမှာ မခြားဘူး။ ကွန်ပြူတာမှာ စာမှန်သမျှကို အမှားစစ်တာမို့ အနီရောင် မျဉ်းတွေ ပေါ်နေတယ်။ မှားနေတယ်လို့ ပြနေတာကို ဒီအတိုင်း ထားရတာ စိတ်အလို မကျပါ။ သူငယ်ချင်းချင်းတော့ ရေးကြပေါ့။ ဆရာဝန်အတွက် အဓိပ္ပါယ်ဖေါ်ယူနေရတာက အချိန်ပိုပေးရသေးတယ်။ လွဲသွားရင် ပြီးရော။
ဒီတဦးမှ မဟုတ်ပါ။ အဲလို ရေးလာသူတိုင်းကို အခုလို ပြန်ရေးနေကြဖြစ်ပါတယ်။ ဒါတွေကြောင့် "ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက" ထဲမှာ -
• စာရိုက်တာမှာလဲ ဂရုစိုက်ပေးစေချင်ပါတယ်။ စာလုံးပေါင်း၊ သတ်ပုံ လိုတာတော့ ကြိုးစား ပြင်ပါမယ်။ (ဒေါ့တ်) တွေနဲ့ ရိုက်တာက ဖတ်ရတာ၊ ပြင်ရတာ မလွယ်ပါ။ ပုဒ်မ-ပုဒ်ထီး ပြီးရင် (စပေ့စ်) မခြားတာ မမှန်ပါ။ ပုဒ်မ-ပုဒ်ထီး ရှေ့က (စပေ့စ်) ခြားတာလဲ မှားပါတယ်။
• မြန်မာစာရေးရင် မြန်မာလိုမှန်၊ အင်္ဂလိပ်ဆိုလဲ သူ့ဟာနဲ့သူ မမှားသင့်ပါ။ ကပြားလဲ ရပါတယ်။ ဒါပေမဲ့ အမှန်တွေ ရောတာမှ လူရာဝင်ပါတယ်။ အများဖတ်ဘို့ တင်တာဆိုတော့ ပုံနှိပ်ထုတ်ဝေသူတွေလို ဖတ်တဲ့သူတွေကို လေးစားရပါတယ်။
• ကိုယ်သိချင်တာ၊ ပျောက်ကင်း-သက်သာချင်တာအတွက် SMS တွေလို အတိုကောက်ရေးတာ ဒီနေရာမှာ မသင့်လျှော်ပါ။
• တချက်လွဲရင် တသက်လဲ ဖြစ်နိုင်လို့ နားလည်မှုနဲ့ ကူညီစေချင်ပါတယ် လို့ ရေးပြီး ထိပ်ဆုံးမှာ တင်ထားရတယ်။
Vimax ဆေးကို ၂ဝဝ၁ ကစပြီး ကနေဒါ၊ (မွန်ထရီရယ်) မှာရှိတဲ့ OA Internet Services Ltd. ကနေ ရောင်းချခဲ့တယ်။
Ingredients ဒီဆေးထဲမှာ ပါတယ်ဆိုတာတွေက -
- Dodder seed (Cuscuta) ဆိုတဲ့ ကပ်ပါးအမျိုးအစားအပင်မျိုးပါတယ်။ Androgen induced alopecia ဆံပင်ကျွတ်တာ၊ Osteoporosis အရိုးအားနည်းတာ၊
- Epimedium Sagittatum ဆိုတာလဲ ပါတယ်လို့ ဖတ်ရတယ်။ Aphrodisiac ဆိုတဲ့ လိင်စိတ်အားပေးသတိ၊ တရုတ် ရာဇဝင်မှာ ဆိတ်မွေးသူတွေကနေ သတိထားမိရာကနေ ဆေးသုံးဖြစ်လာတာလို့ သိရတယ်။ ဒီအရွက်စားတဲ့ဆိတ်တွေဟာ မိတ်လိုက်တာ များကြလို့တဲ့။
- Ginkgo Biloba Pwd Panax Ginseng တိုင်းရင်းဆေးမြစ်၊ Tribulus Terestris Powder ဆိုတဲ့ တိုင်းရင်း အားကောင်းဆေး
- Hawthorne Berry သလဲသီး၊
- Saw palmetto ဆိုတဲ့ အသီးတမျိုးက ထုတ်တဲ့ ဆီးလမ်းနဲ့ မျိုးပွါးလမ်းသုံး တိုင်းရင်းဆေး စတာတွေ ပါတယ်။
Vimax scam ဆိုပြီးရေးတာလဲ ဖတ်နိုင်တယ်။ ဒီဆေးအတုကို သတိထားပါဆိုတဲ့သဘောနဲ့ ကြော်ညာနည်းမျိုးပါဘဲ။
Vimax Review ဆိုပြီးရေးတာလဲ ရှိတယ်။ ရိုးသားစွာ လေ့လာမှုတဲ့။ သူကလဲ (အွန်လိုင်း) သုတေသန လုပ်တယ်။ သူ့အဆိုအရ လူတိုင်းအတွက်တော့ မကောင်းပါ။ အလုပ်ဖြစ်တာတော့ မှန်ပါတယ်။ ၂ လက္မ ပိုရှည်သူရှိတယ်။ ဘာမှမထူးသူလဲ ရှိတယ်။ (ကော်မရှင်) ပေးရတာများလို့ (ကွန်ပလိန့်) လုပ်တာလဲ အတော်များတယ်တဲ့။ သူကဘဲ ဆေးရဲ့ဘေးထွက်-ဆိုကျိုး နည်းနည်းပါးပါးရှိတာ ထည့်ရေးသေးတယ်။ ခေါင်းကိုက်မယ်၊ ဗိုက်အောင့်မယ်။ ဒါကလဲ မစားဘူးသေးတာစားရင် ရရတ်တာမျိုးလို့ အားပေးထားတယ်။ နေရာအနှံ့ကနေရတဲ့ တိုင်းရင်းဆေးတွေ ပါတယ်။ Polynesia (ပိုလီနီးရှား) ကလဲ ပါတယ်။ အဲဒီက Mangaian tribe ဒေသခံ ယောက်ျားသားတွေဟာ တညမှာ ၃ ခါ ပျော်ပါးတယ်လို့ ထည့်ရေးထားတော့ ဒါလဲ ကြော်ညာနည်းတမျိုးပါဘဲ။
Vimax ကျားလိင်အင်္ဂါဆေး http://www.yamunaclinic.org/index.php?option=com_content&view=article&id=3033:vimax-&catid=34:adult-readings&Itemid=49 ကိုလဲ ဖတ်ပါ။
ဒေါက်တာတင့်ဆွေ (၃၁-၁ဝ-၂ဝ၁၁)
ဒေါက်တာတင့်ဆွေ - ကျားလိင်အင်္ဂါ အတွက်စာဆေး




