ကျွန်တော်ကတော့ အသက်၂၈ နှစ်ရှိတဲ့ ယောက်ျားလေးတစ်ယောက်ပါ။ ကျွန်တော့ ကျားအင်္ဂါရဲ့ ခေါင်းပတ်လည်မှာ ဆားဝက်ခြံလို အဖြူရောင် အဖုသေးများ တန်းစီပေါက် နေပါတယ်။ ယားခြင်း၊ နာခြင်းလည်း မရှိပါ။ ပူးတွဲပို့လိုက်တဲ့ပုံကတော့ အင်တာနက်ထဲက တွေ့တဲ့ ကျွန်တော့် ရောဂါနဲ့ တူတဲ့ပုံပါ။
ဒါပေမယ့် အဲဒီလောက်တော့အဖုက မကြီးပါဘူး။ စပြီး သတိထားမိတာကတော့ ၉ နှစ်လောက် ရှိပါပြီ။ များလာခြင်းလည်း မရှိဘူးထင်ပါတယ်။ ဒီရောဂါအတွက် ဘာဆေးမှလည်း မသုံးဘူးသေးပါဘူး။ ကျွန်တော့် ကောင်မလေးနဲ့ အတူနေလို့ ဒီဟာကိုမြင်သွားမှာ စိုးရိမ်ပါတယ်။ ဘယ်နည်း-ဘယ်ဆေးနှင့် သင့်တော်မလဲ လမ်းညွန်ပေးစေလိုပါတယ်။
ကျား-အင်္ဂါထိပ် Penis head (ကွမ်းသီးခေါင်း) အနားသတ်မှာ အဖုသေးသေးလေးတွေ တန်းစီပြီး ပတ်ပတ်လည် ပုလဲကုံးလေးလို ဖြစ်နေတာဟာ Cancer ကင်ဆာ မဟုတ်ပါ။ Sexually transmitted disease (STD) လိင်ကတဆင့် ကူးစက်ရောဂါလဲ မဟုတ်ပါ။ Genital warts လိင်အင်္ဂါ-ကြွက်နို့လဲ မဟုတ်ပါ။ personal hygiene တကိုယ်ရေသန့်ရှင်းရေး နည်းလို့လဲ မဟုတ်ပါ။
အသားရောင်အတိုင်း ဖြစ်နေမယ်။ ဒါမှမဟုတ် နဲနဲ အရောင်ပိုပြော့မယ်။ ခပ်ချောချော နေမယ်။ String of pearls ပုလဲလည်ဆွဲလို နေမယ်။ ကာယကံရှင်ရော၊ သူနဲ့ လိင်ဆက်ဆံ အတွက်ပါ ဘာမှ မဖြစ်စေပါ။ တချို့မှာ အနေရခက်တာလေးတော့ရှိနိုင်တယ်။ အသက် ၂ဝ-၃ဝ ကြား အဖြစ်များပါတယ်။ တချို့ကြ နောက်ဆိုရင် ပျောက်သွားတယ်။ သူများမမြင် စေချင်လို့ တခုခုနဲ့ လှီးဖြတ်တာ၊ ဆေးလိမ်းတာ မလုပ်သင့်ပါ။
Toothpaste သွားတိုက်ဆေး၊ Castor oil ကြက်ဆူဆီ၊ Tree oil အပင်ဆီ၊ Wart removal products ကြွက်နို့သတ်ဆေး၊ Freezing အေးခဲနည်း၊ Chlorine ကလိုရင်း၊ Iodine အိုင်အိုဒင်း၊ Herbs ဟာဗယ်။ Vitamins ဗီတာမင် စတာတွေသုံးကြတာရှိတယ်။ ဘာတခုကမှ မပျောက်စေပါ။ http://pearlypenilepapules.com/ ဝက်ဘ်ဆိုက် မှာလဲ ရုပ်သေ၊ ဗီဒီယိုတွေ နဲ့ နည်းသစ်ဆိုပြီး ရှိသေးတယ်။ ဆရာဝန်တွေက ညွှန်တာတော့ မဟုတ်ပါ။
စိတ်မသက်သာ ဖြစ်သူတွေကိုတော့ Carbon dioxide laser ablation လေဆာနည်းနဲ့ကုနိုင်ပါတယ်။ လူတိုင်းတော့ စိတ်တိုင်း ကျချင်မှ ကျလိမ့်မယ်။
ဒေါက်တာတင့်ဆွေ (၁၆-၁၂-၂ဝ၁၁)
ဒေါက်တာတင်ဆွေ - ကျား-အင်္ဂါမှာ ပုလဲကုံးလေးလိုဖြစ်နေတာ




