ရောဂါရှိသူ အမျိုးသား အိပ်ဖော်နဲ့ အတူ နေတဲ့အခါ ကွန်ဒုံး သုံးရင်လည်း စိတ်မချရဘူး၊ ရောဂါကူး နိုင်ခြေရှိတယ်လို့ ရန်ကုန်အခြေစိုက် NOW အပတ်စဉ်ထုတ် ဂျာနယ်ဆောင်းပါး တပုဒ်မှာ ဒီတပတ် သတိပေး ရေးသား ထားပါတယ်။
"ကွန်ဒုံးသုံး ပေမယ့် သင့်ရဲ့ အမျိုးသမီး အင်္ဂါဟာ ရောဂါရှိတဲ့ အမျိုးသားရဲ့ ကပ္ပာယ်အိတ် အရေပြားနဲ့ ပွတ်တိုက်ထိတွေ့ဖန်များတဲ့အခါ ကွန်ဒုံး သုံးလည်း ရောဂါကူး နိုင်တာကို သတိမူ သင့်ပါတယ်" လို့ ရေးထားပါတယ်။
အမျိုးသမီး တွေနဲ့ လိင်မှုရေးရာဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးမှာ အဲဒီလို သတိပေး ထားတာပါ။ ကွန်ဒုံး အသုံးပြုခြင်းက ကျန်းမာရေး လူမှုရေးဆိုင်ရာ ကောင်းကျိုးတွေ အများအပြား ရှိပေမယ့် အသုံးပြု သင့်သူတချို့က သုံးရမှာ ဝန်လေး နေကြပါ သေးတယ်။
ကွန်ဒုံး ကုမ္ပဏီတွေကလည်း အသုံးပြုသူ များကိုဆွဲဆောင်တဲ့ အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ပါးသည်ထက် ပါးအောင် ထုတ်နေကြတာပါ။ ပြီးခဲ့တဲ့ ကြာသပတေး နေ့မှာ ထွက်ပေါ်လာတဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ ထုတ်ပြန် ချက်အရ တရုတ် ကုမ္ပဏီတခုက ကမ္ဘာ့ အပါးလွှာဆုံး ကွန်ဒွန် ထုတ်လုပ်ထား တယ်လို့ ဆိုပါတယ်။
သူ့မတိုင်ခင် စံချိန်တင်ခဲ့ တာကတော့ ဂျပန်ကုမ္ပဏီတခုပါ။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ တနည်းတဖုံ ဆက်စပ်ပတ်သက်ပြီး သတိပေး၊ သတင်းပေး၊ ပညာပေးတာမျိုးက စာနယ်ဇင်းတွေမှာ တခါတရံ တွေ့ရမှာပါ။ ဒီဘလော့မှာလည်း ကွန်ဒွန် မဖြစ်မနေ သုံးရမယ့် အနေအထားကြောင့် အပြာကားရိုက်သူများ LA မှ ထွက်ရန် စဉ်းစား ဆိုပြီး မနှစ်က ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဥပဒေ ထုတ်လိုက်ခါ မှပဲ ၁၈ နှစ်အထက် ကြည့်ရတဲ့ဗီဒီယို ကားရိုက်သူတွေ အဲဒီဒေသကို စွန့်ကြပါတယ်လို့ အမေရိကန် အွန်လိုင်း စာမျက်နှာ ဆောင်းပါး တပုဒ်မှာ ရေးထား ပါတယ်။
Myawady News - ကွန်ဒုံး သုံးရင်လည်း သိပ်စိတ်မချရဘူး




