သတင်း - ဖတ်ပါ့ ( ၀၈၊၀၄၊၂၀၀၈ )
ကမ္ဘာပေါ်တွင် ခုခံအားကျဆင်းမှု အိတ်ခ်ျအိုင်ဗွီ ၊ အေအိုင်ဒီအက်စ်
ရောဂါဆိုးကြီးအတွက် ဆေးပညာကျွမ်းကျင်သူ ပညာရှင်များမှ ကုသပျောက်ကင်းနိုင်ရန်နှင့် ကာကွယ်နိုင်ရန်အခါမလပ်
ကြိုးစားရှာဖွေဖေါ်ထုတ်ခဲ့သည်မှာ အချိန်ကာလကြာမြင့်ပြီ ဖြစ်သော်လည်း ယခုအချိန်ထိ အောင်မြင်မှုမရသေးကြောင်းသိရသည်။ကြိုတင်ကာကွယ်ခြင်းသည်
ကုသခြင်းထက် ပိုမိုထိရောက်သည် ဆိုသည့်အတိုင်း ကြိုတင်ကာကွယ်ခြင်းဖြင့် ကြုံတွေ့ ရမည့်အန္တရာယ်ဆိုးများလွတ်ကင်းနိုင်မည်ဖြစ်ပြီး
ကျန်းမာရေးအထောက်အကူ ပစ္စည်းတစ်ခုဖြစ်သော ကွန်ဒုံးကိုအများအနေဖြင့် အသုံးပြုဖို့ မ၀ံ့မရဲဖြစ်နေပြီး
လက်ခံသုံးစွဲကြခြင်းဖြင့် ကျန်းမာရေးအရ မမြင်တွေ့ ရသောရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။
အချို့ ကဒီပစ္စည်းကိုမြင်တာနဲ့ ရှုံ့ သွားတယ်၊ရှက်နေကြတယ်
တကယ်ဆိုဒီပစ္စည်းဟာ ကျန်းမာရေးကိုအများကြီး အထောက်အကူပြုတယ် အေအိုင်ဒီအက်စ် ရောဂါတစ်ခုတည်းမဟုတ်ဘူး
သားဆက်ခြားဖို့ နဲ့ ကာလသားရောဂါကို ကာကွယ်ဖို့ ပါသုံး နိုင်ပြီး အမျိုးသမီးရောဂါကို
ကာကွယ်ဖို့ ပါ အမျိုးသမီးသုံးတွေဆို သားအိမ်ခေါင်းကင်ဆာကိုပါ ကာကွယ်နိုင်ကြောင်း ဆရာဝန်တဦးက
အသိပညာပေးပြောပြသည်။
အရှက်အကြောက်ကြီးသော မြန်မာလူမျိုးတို့ အတွက် ဒီပစ္စတွေကို
လက်ဝယ်တွေ့ ရှိလိုက်တာနဲ့ ပဲအထင်အမြင်သေးတတ်ကြပြီး ၀ယ်ယူသုံးစွဲဖို့ ဝန်လေးနေတတ်ကြကြောင်း
သိရသည်။“အခုဆိုအခြားသောနိုင်ငံတွေမှာ ဒီကွန်ဒုံးတွေကို ရဲရဲဝံ့သုံကြဖို့ အနုပညာရှင်
အတတ်ပညာရှင် တွေကပါ ပညာပေးလုပ်ကိုင်နေကြပြီ “ ဟု ကျန်းမာရေးဝန်ထမ်း တဦးကဆိုသည်။ ကွန်ဒုံးဆိုတာဘာလဲသိပေမဲ့
စနစ်တကျအသုံးမပြုတတ်ရင် ဆိုးကျိုးအများကြီးရှိနိုင်ပြီး အသုံးပြုပုံအဆင့်ဆင့်ကို နားလည်ပြီဆိုရင်တောင်
ရွေးချယ်သော ကွန်ဒုံးအမျိုးအစားစိတ်ချရနိုင်ဖို့  (ဥပမာ - ရက်လွန်နေသလား)စဉ်းစားသင့်သည်ဟုသိရပါသည်။
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျှက်ရှိသော ကွန်ဒုံးများမှာ
ဂျပန်၊တရုတ်၊အိန္ဒယ၊ထိုင်း၊အမေရိကန်၊ကိုရီးယားမှ ၀င်ရောက်လာ ပြီး အမျိုးအစားပေါင်း တစ်ရာ့နှစ်ဆယ်
မှ တစ်ရာ့ငါးဆယ် ကြားရှိကြောင်းသိရသည်။ ကွန်ဒုံးတစ်ခုဝယ်တော့မယ်ဆို အိတ်ကိုအရင် စမ်းကြည့်ပြီး
အထဲကပစ္စည်းချောချောမွေ့ မွေ့ ရွေ့ လျားနေမယ်ဆိုရင် ဒီပစ္စည်းကောင်းနေပါသေးတယ်။ကွန်ဒုံးမှာ
အဆီခန်းခြောက်မှု တွေရှိနေပြီးဆို ရွေ့ လျားမှုမရှိတော့သောကြောင့် မသုံးသင့်တော့ကြောင်း
ယင်းမှဆက်လက်ပြောပြသည်။ ကွန်ဒုံးထဲမှာ အဆီများ သတ်မှတ်ထားတဲ့ ရက်မတိုင်မှီ ခန်းခြောက်ရခြင်းမှာ
ကွန်ဒုံးကို နေပူထဲတွင်ရောင်း၍ အပူလွန်ကဲသော နေရာများတွင်ထား သောကြောင့် အတွင်းမှ အဆီများ မြန်မြန်ခန်းခြောက် သွားကြောင်းသိရသည်။
ကွန်ဒုံးအသုံးပြုရာတွင် အရေးကြီးဆုံးအချက်တစ်ခုဖြစ်သည့်
အမျိုးသားရော အမျိုးသမီးပါ ပြိုင်တူမသုံးသင့်ကြောင်းနှင့် သုံးမိပါက တစ်ခုနှင့်တစ်ခုပွတ်တိုက်မိပြီး
ပေါက်ပြဲရာမှရောဂါပိုးများ ၀င်နိုင်ကြောင်းသိရသည်။ ကွန်ဒုံးကို အသုံးပြုရုံနှင့် ရောဂါပိုးကာကွယ်နိုင်မှာ
မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပြီး နားလည်တတ်ကျွမ်းသော ဆရာဝန်များ၊ကျန်းမာရေးဝန်ထမ်းများ၏
ည္မန်ကြားမှုအတိုင်း နည်းစနစ်တကျ သုံးတတ်မှသာ ရောဂါအန္တရာယ်များမှကင်းဝေးနိုင်မည်ဟုသိရသည်။
သတင်း - ဖတ်ပါ့ ( ၀၈၊၀၄၊၂၀၀၈ ) ကွန်ဒုံးဆိုတာရှက်စရာမလို




