အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ဇန်န၀ါရီလ ၁၀
ရက်နေ့ကကျင်းပသည့် HIV/AIDS ရောဂါကာကွယ် တားဆီးရေး အသိပညာပေးအခမ်းအနား၌
တိုက်တွန်းလိုက်သည်။ အဆိုပါအခမ်းအနားသို့ လိင်လုပ်သားပေါင်း ၁၀၀၀၀ ကျော်
တက်ရောက်ခဲ့ကြပြီး ရစ်ချက်ဂီရာက HIV/AIDS ရောဂါကာကွယ် တားဆီးရေးအစီအစဉ်များမှာ
ပါဝင်လှုပ်ရှားခဲ့ ကြသည့် လိင်လုပ်သားများကိုဆုများ ချီးမြှင့်ခဲ့သည်။ ဘီလ်နှင့်
မီလင်ဒါဂိတ်ဖောင်ဒေးရှင်း၏ အိန္ဒိယနိုင်ငံဆိုင်ရာ HIV ကာကွယ်ရေးစီမံချက်
ဒါရိုက်တာဖြစ်သူ အဆော့စ်အလက်ဇန္ဒားက HIV/AIDS ရောဂါအသိပညာပေးရေး အစီအစဉ်များတွင်
လိင်လုပ်သားတို့၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက အဓိကသော့ချက်ဖြစ်ဟု ပြောကြားသည်။
ကုလသမဂ္ဂ၏ အဆိုအရ အိန္ဒိယနိုင်ငံတွင် HIV/AIDS ရောဂါရှိသူပေါင်း ၅ ဒသမ ၇
သန်းခန့်ရှိပြီး ကမ္ဘာပေါ်တွင် HIV/AIDS အဖြစ်အများဆုံးနိုင်ငံဖြစ်ကြောင်းနှင့်
ရောဂါရှိသူအများစုသည် လိင်လုပ်သားများဖြစ်သည်။ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့တွင်
လိင်လုပ်သားပေါင်း ၆ သိန်းခန့်ရှိသည်ဟု သိရပြီး အများစုသည် ကိုယ့်အစီအစဉ်နှင့်
ကိုယ် လှုပ်ရှားကြသည့်အတွက် HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်
အခက်အခဲ ဖြစ်စေသည်ဟု သိရသည်။
Ref: Reuters
http://www.weeklyeleven.com/modules.php?name=News&file=article&sid=9507




