အင်္ဂလန်နိုင်ငံမှာ လူဦးရေ နှစ်သောင်းထက် မကတဲ့ လူအုပ်ကြီးက ဗာတီကန်မှ ပုဒ်ရဟန်း
မင်းကြီးကို ဆန့်ကျင် ဆန္ဒပြတဲ့ လမ်းလျှောက်ချီတက်ပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်
စနေနေ့က ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေ အများအပြားထဲမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ဘာသာမဲ့သူများ အခွင့်အရေး အတွက် လှုပ်ရှား သူတွေ၊ လိင်တူချစ်သူများ အခွင့်အရေး
အတွက် လှုပ်ရှားသူတွေ၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် လှုပ်ရှား သူတွေ၊ အမျိုးသမီး
အခွင့်အရေး အတွက် လှုပ်ရှားသူ တွေ အများအပြား ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုလိုမျိုး ဆန္ဒပြပွဲကို ကက်သလစ် ဘာသာဝင်တွေရဲ့ အထွတ်အထိပ် ခေါင်းဆောင် တယောက်
ဖြစ်တဲ့ ပုဒ်ရဟန်း မင်းကြီးရဲ့ အင်္ဂလန်နိုင်ငံသို့ ၄ရက်တာ လည်ပတ် ခရီးစဉ်အတွင်း ပြုလုပ်
ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေဟာ လန်ဒန်မြို့လည်ခေါင်မှာ လာရောက်စုဝေးကြပြီး သကာလ ပုဒ်ရဟန်း မင်းကြီးကို
ဆန့်ကျင်တဲ့ ဆောင်ပုဒ် တွေ အမြောက်အမြား ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ ဆောင်ပုဒ်တွေထဲမှာ ကက်သလစ် ဘာသာရေး ခေါင်းဆောင်တချို့ရဲ့ ကလေးသူငယ် များ အပေါ်
လိင်ပိုင်း ဆိုင်ရာ စော်ကားနှောက်ယှက် မှုများ အပေါ် ရှုတ်ချသည့် စာတမ်းများ၊ ပုဒ်ရဟန်းမင်းကြီးရဲ့
လိင်တူချစ်သူ များအပေါ် မုန်းတီးတဲ့ အဟောအပြောများ အပေါ် ဆန့်ကျင် ကန့်ကွတ်ထားတဲ့ ဆောင်းပုဒ်များ၊
ပြီးတော့ ပုဒ်ရဟန်း မင်းကြီး ဟောပြောခဲ့တဲ့ ကွန်ဒုံး သုံးတာဟာ HIV/AIDS ရောဂါကို ပိုမိုဖြစ်ပွားစေတယ် ဆိုတဲ့အပေါ် ရှုတ်ချထားတဲ့ ဆောင်ပုဒ်များ
စသည့်အချက်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
အဲဒီအပြင် ကွန်ဒုံးနဲ့ ပြုလုပ်ထားတဲ့ ပူပေါင်းတွေ ပေါ်မှာလည်း ပုဒ်ရဟန်းမင်းကြီးကို
ပုတ်ခတ် စော်ကားစေမယ့် စာသားတွေ ဖြစ်တဲ့ အမျိုးသမီးတွေရဲ့ မျိုးပွားခွင့်ဆိုင်ရာ အခွင့်အရေးတွေကို
လာမထိစေနဲ့၊ နှစ်ဖက်ချွန် လိင်တူ တွေကို မုန်းတီးတဲ့ ရောဂါ စွဲနေတဲ့သူ စသဖြင့် ရေးသားပြီး
ဖော်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။
သက်တံ့အယ်ဒီတာအဖွဲ့ (၂၁-၉-၂၀၁၀)
Source: http://fridae.com
Colors Rainbow: ကွန်ဒုံးသုံးရင် HIV/Aids ပိုမိုကူးစက် နိုင်တယ်ဆိုတဲ့ ပုဒ်ရဟန်းမင်းကြီး ဆန္ဒပြခြင်းခံရ




