27
Jun

ကွန်ဒုံးသုံးရန် ငြင်းဆန်လျှင်





သင်က
အမျိုးသမီးတစ်ယောက် ဖြစ်လို့ သင့်အဖော်က ကွန်ဒုံးသုံးဖို့ ငြင်းဆန်ရင် အောက်ပါ အချက်တွေက
ကူညီမှာ ဖြစ်ပါတယ်။ ကွန်ဒုံးသုံးရတာ သက်သာမှု မရှိဘူး။ စိတ်အနှောက်အယှက် ဖြစ်စေတယ်
စသည်ဖြင့် သင့်အဖော်က ကွန်ဒုံးသုံးတာနှင့် ပါက်သက်ပြီး ငြင်းဆန်ကောင်း
ငြင်းဆန်နိုင်ပါတယ်။ ဒါပေမဲ့ ကွန်ဒုံးသုံးတာ သူ့ဆီက သာမက သင့်ဆီကပါ လိင်ကနေ
တစ်ဆင့် ရောဂါပိုးတွေ မကူးစက်နိုင်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်ဝန်မရအောင်ပါ
တားဆီးပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် ဆေးစစ်မှု မခံယူရသေးခင်နဲ့
ရောဂါပိုးရှိမှန်း သေချာ မသိသေးချိန်မှာ ကွန်ဒုံးသုံးဖို့ ပြောပါ။

ကွန်ဒုံးကို
အမြဲတမ်းလိုလို အသင့်ဆောင်ထားပါ။ တကယ်လို့ အမျိုးသားအနေနဲ့ ကွန်ဒုံးသုံးဖို့
ငြင်းဆန်နေရင် သုံးနိုင်ဖို့ အမျိုးသမီးသုံးကွန်ဒုံး (Female Condom) ဆောင်ထားပါ။
ကွန်ဒုံးကို နည်းလမ်းတကျ သုံးစွဲဖို့ ပြောပါ။ ကွန်ဒုံးသုံးတဲ့အခါ အစကနေအဆုံး အထိ
ပြည့်ပြည့်ဝဝ အသုံးပြုဖို့လည်း အရေးကြီးပါတယ်။ ကွန်ဒုံးသုံးတာဟာ ချစ်ခြင်းမေတ္တာ
ကင်းမဲ့တဲ့ လုပ်ရပ် မဟုတ်ပါဘူး။ တစ်ယောက်ကနေ တစ်ယောက်ကို မကောင်းတဲ့ရောဂါ ပိုးမွှား
မကူးစက်စေလိုတဲ့ အတွက် အနစ်နာခံတဲ့ မေတ္တာစစ်၊ မေတ္တာမှန် ဖြစ်ကြောင်း ရှင်းပြပါ။

Myanmar news zone - ကွန်ဒုံးသုံးရန် ငြင်းဆန်လျှင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top