အိတ်ခ်ျအိုင်ဗွီပိုး
ကူးစက်မှုသည် မူးယစ်ဆေးထိုးခြင်းဖြင့် လည်းကောင်း၊ သွေးမှတစ်ဆင့် လည်းကောင်း၊ မိခင်မှ
သန္ဓေသားသားသို့ ကူးစက်ခြင်းဖြင့်လည်းကောင်း၊ လိင်ဆက်ဆံခြင်းဖြင့် လည်းကောင်း ကူးစက်မှုများရှိရာ
ယင်းတို့အနက်မှ လိင်ဆက်ဆံခြင်းကြောင့် HIVပိုး ကူးစက်မှုသည် ပိုမို များပြားလာကြောင်း
သိရပါသည်။
အသက်
၂၄နှစ်မှ ၃၅နှစ်ကြာ်း လူငယ်တွေမှာ ကာလသား ရောဂါနဲ့ အိတ်ခ်ျအိုင်ဗွီ ဖြစ်လွယ်တယ်။ အဓိက
ရောဂါ ဖြစ်တာက ကာကွယ်ရေးပိုင်မှာ အသိပညာဗဟုသုတ နည်းပါးတဲ့ အတွက်ကြောင့် ကူးစက်တာဖြစ်တယ်။
အရင်က ဆိုရင်တော့ မူးယစ်ဆေးနဲ့ အခြားသော နည်းလမ်းတွေကနေ ကူးစက်တာရှိတယ်။ ခုဆိုရင်တော့
လိင်ကနေတစ်ဆင့် ကူးစက်တာ များလာတယ်။ လိင်ဆက်ဆံရာမှာ အကာအကွယ် ပစ္စည်းဖြစ်တဲ့ ကွန်ဒုံးကိုတော့
အသုံးပြုကြတယ်။ ဒါပေမဲ့ အသုံးပြုမှု လွဲမှားနေတာကြောင့် ရောဂါ ကူးစက်မှုတွေ ရှိနေတယ်။
ဒါကြောင့် ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုတတ်ဖို့တော့ အရေးကြီးပါတယ်။ ရောဂါ ကူးစက်မှုကို
ထိန်းချုပ်ဖို့အတွက်တော့ ကာကွယ်ရေး အပိုင်းမှာ အသိပညာ နည်းလမ်းတွေကို သိထားမှ ဖြစ်မှာပါဟု
အထူးကု ဆရာဝန်ကြီး (အရေပြား၊ ကာလသား၊ HIV) ဒေါက်တာ မျိုးသန့်က ပြောကြားခဲ့သည်။
လိင်ဆက်ဆံသည့်
အခါတွင် ကွန်ဒုံး သုံးစွဲမှု ရှိသော်လည်း စနစ်ကျစွာ မသုံးစွဲ တတ်ခြင်းကြောင့် ရောဂါ
ကူးစက်ခံရမှုများ ရှိနေကြောင်း ထို့ကြောင့် ပညာပေးသည့်အခါမျိုးတွင် ကွန်ဒုံးကို စနစ်ကျစွာ
သုံးစွဲတတ်စေရေး အလေးထား ပညာပေး ဖြေကြားလာရကြောင်း မြန်မာနိုင်ငံ ကြာက်ခြေနီအသင်း လူငယ်မှ
လူငယ်သို့ မျိုးဆက်ပွား ကျန်းမာရေး ပညာပေး စီမံချက်မှ တာဝန်ရှိသူ တဦးက ပြောကြားခဲ့သည်။
အထူးသဖြင့် လက်တည့် စမ်းချင်တဲ့အရွယ် ၁၅နှစ်နဲ့ ၂၄နှစ်အကြား လူငယ်တွေ ရှိတတ်တဲ့ တီဗီဂိမ်းဆိုင်တို့
လက်ဖက်ရည်ဆိုင်တို့ ဘီလိယက် ထိုးတဲ့ နေရာတွေ သွားရောက်ပြီး ကွန်ဒုံးနဲ့ ပတ်သက်တဲ့ အသိပညာတွေကို
ဖြန့်ဝေပေးတယ်။
ကွန်ဒုံးကို
သုံးစွဲတော့မယ်ဆိုရင် သက်တမ်း ကုန်မယ့်ရက်ကို အရင်ဆုံး ကြည့်ရတယ်။ ပြီးရင် ကွန်ဒုံး
ထည့်ထားတဲ့ ပလတ်စတစ်အိတ် ပေါက်မပေါက် ကြည့်ရမယ်။အိတ်ထဲမှာ အဆီရှိမယ်ဆိုရင် ကွန်ဒုံးက
ရွေ့လျားနေရမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် မသုံးသင့်ဘူး။ ဘာလို့လည်းဆိုရင် အဆီခန်းခြောက်
သွားလို့ပါ။ နောက်ပြီး အိတ်ဖေါက်တဲ့အခါမှာ ချွန်ထက်တဲ့ အရာတွေနဲ့ မဖေါက်သင့်ဘူး။ ကွန်ဒုံး
ပေါက်ပြဲသွားစေ နိုင်ပါတယ်။ ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။ ကွန်ဒုံး ဝယ်ယူ သုံးစွဲရာတွင်လည်း
အနာအဆာများ ရှိနေနိုင်ခြင်းကြောင့် ဂရုတစိုက် စစ်ဆေး မေးမြန်း ဝယ်ယူသင့်ကြောင်း ဆရာဝန်
တစ်ဦးက အကြံပေး ပြောကြားခဲ့ပါသည်။




