မေး။ ။ ကျနော် အမျိုးသားတယောက်နဲ့ သုံးခါ တူတူနေဖူးပါတယ်။ ကွန်ဒုံး မသုံးဖြစ်ပါဘူး။ သူကတော့ ရောဂါကင်းတယ်လို့ပြောပါတယ်။ ဒါမယ့် ကျနော်ကြောက်နေတယ်။ ရောဂါဖြစ်နိုင် မဖြစ်နိုင် ရာခိုင်နှုန်က ဘယ်လောက်ရှိလဲ။ အခုထိတော့ ဘာလက္ခဏာမှ မခံစားရပါဘူး။ ကျနော် စိတ်ရောဂါဖြစ်နေသလားတော့ မသိပါဘူး။ စစဆက်ဆံချိန်တော့ စအိုက နည်းနည်းပွန်းတာလောက်ပဲ ရှိပါတယ် ။ ရောဂါမဖြစ်အောင် ကျနော် ဘယ်လိုဆောင်ရွက်ရမလဲ။ ဆေးခန်းတွေ သွားပြဖို့ဆိုတာလည်း ကျနော် ရှက်လို့ပါ။
ဖြေ။ ။ သုံးခါလုံး တစ်ခါမှ ကွန်ဒုံးမသုံးခဲ့ ဘူးဆိုရင်တော့ ရောဂါအတွက် သွေးစစ်စေချင်ပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်က သန့်တယ်ပြောပြော သူ့မှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ပိုးတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် သည်းရောင်အသားဝါ ဘီ၊ စီ၊ HIV နဲ့ အခြား ကာလသားရောဂါတွေ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် HIV ကတော့ လိင်ဆက်ဆံပြီး ၆ လကျော်မှ သွေးစစ်တာကောင်းပါတယ်။ အသည်းရောင်အသားဝါ ဘီ၊စီ တို့ကိုပါ တွဲပြီး စစ်နိုင်ရင် ပိုကောင်းပါတယ်။ နောင်တစ်ခါ အတူတူနေမယ်ဆို ကွန်ဒုံးသုံးဖို့ တိုက်တွန်းပါတယ်။ လိင်တူ/လိင်ကွဲ ဆက်ဆံတာ ရှက်စရာ မဟုတ်ပါဘူး။ ကာကွယ်ဖို့သာ အဓိကပါ။
လမင်းကို




