22
Feb

ကွန်ဒုံး အသုံးပြုမှု သတိပြု

အမျိုးသား၊ အမျိုးသမီးတွေဟာ သားဆက်ခြားရေးအတွက် သန္ဓေတားဆေးလုံးများနည်းတူ ကွန်ဒုံးများကို ပိုမိုတွင်ကျယ်စွာ အသုံးပြုနေကြပါသည်။ ဒါပေမဲ့ ဖြစ်သလို လုပ်ထားတဲ့ ကွန်ဒုံးတွေဟာ ရောဂါကူးစက်မှုကို ဖြစ်စေပြီး မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်တဲ့ အန္တရာယ် များရှိကြောင်း သုတေသန ပညာရှင်များက လေ့လာတွေ့ရှိရပါတယ်။

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" /> 

ဖြစ်သလို လုပ်ထားတဲ့ ကွန်ဒုံးများကြောင့် အမျိုးသားများဟာ လိင်ဆက်ဆံနေစဉ်အတွင်း ကွန်ဒုံးကျွတ်ကျမှု အခြေအနေ နှစ်ဆပိုရှိကြောင်း လိင်မှုဆိုင်ရာ ရောဂါပိုး ကူးစက်မှု ဖြစ်ခဲ့တဲ့ လူ ၄၃၆ ဦးတို့ကို တွေ့ဆုံမေးမြန်းပြီး ဂျာနယ်တစ်စောင်က ဖော်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ်မှ သုတေသန အဖွဲ့တစ်ဖွဲ့က ဖြစ်သလို ပြုလုပ်ထားတဲ့ ကွန်ဒုံးများဟာ ပေါက်ပြဲဖို့ သို့မဟုတ် ကျွတ်ထွက်ဖို့ အလားအလာ နှစ်ဆရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

 

ဗြိတိန်ကျွမ်းကျင်သူ ပညာရှင်များက အမျိုးသားများဟာ ကွန်ဒုံးပုံစံ အမျိုးမျိုးနဲ့ အရွယ်အစား အမျိုးမျိုး ရှိကြောင်း သိထားသင့်တယ်။ စံချိန်မီ နောက်ဆုံးပေါ် ကွန်ဒုံးများဟာ လူများစုနဲ့ သင့်လျော်တယ်။ ဒါပေမဲ့ အရွယ်စုံ၊ ပုံစံစုံ ကွန်ဒုံးများရှိနေတဲ့ အတွက် သင့်လျော်တဲ့ ကွန်ဒုံးဖြစ်စေဖို့ အရေးကြီးတယ်။ တွေ့ရာ ကြုံရာ ကွန်ဒုံးတစ်ခုကို ကောက်ယူ အသုံးမပြုဖို့ သတိထားသင့်တယ်လို့ ပြောကြားခဲ့ကြပါတယ်။ လိင်မှုဆိုင်ရာ ပညာပေးအဖွဲ့ အစည်း တစ်ခုဖြစ်တဲ့ “နာတီကာဟာလီ” က အမျိုးသားတွေရော အမျိုးသမီးတွေပါ ကွန်ဒုံးကို မှန်မှန်ကန်ကန် ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့ လေ့လာသင်ယူရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

HIV/AIDS မဟာမိတ်အဖွဲ့မှ ဂျီဂေါ်ဒွန် က အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရတဲ့ လူနာသစ်များ လျော့ကျစေရန် ကွန်ဒုံးများကို ထိရောက်စွာ အသုံးပြုတတ်ဖို့ လိုအပ်တယ်လို့ ပြောပြပါတယ်။

 

NNW (Ref: BBC News)

(စောင့်ကြည့် သတင်းဂျာနယ် အတွဲ(၅) အမှတ်(၃၀) ၂၄-၂-၂၀၁၀)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top